7z Cracker, useful tool

ZIP application တွေထဲမှာ 7 zip ကို အတော်လေးသဘောကျပါတယ်။ Handy ဖြစ်တာရယ်၊ Zip file format တော်တော်များများကို Support လုပ်တာရယ်ကြောင့်ပါ။

တခါတလေ ကိုယ့်အတွက် အရေးကြီးတာမျိုးကို Password Protected Zip file အနေနဲ့ သိမ်းထားတတ်ကြမှာပါ။

တခြား ZIP application တွေတော့ ဘယ်လိုရှိတယ်မသိ 7 zip နဲ့ လုပ်ထားတဲ့ Password Protected Zip file ကို Password မေ့သွားလို့ ပြန်ဖြေချင်တဲ့အခါ 7z Cracker ဆိုတာလေးက အတော်လေး အဆင်ပြေပါတယ်။

သုံးရလဲ လွယ်ကူပါတယ်။

သူ့ကို အောက်ပါ လင့်ကနေ Download ရယူပါ။

http://sourceforge.net/projects/sevenzcracker/

သူနဲ့ တွဲသုံးဖို့ 7zip Application လေးကို လဲ အောက်ကနေ Download ရယူပါ။ သင့်စက်ထဲမှာ ရှိနေပြီးသား 7zip နဲ့ အသုံးပြုလို့ မရပါဘူး။

http://sourceforge.net/projects/sevenzip/?source=typ_redirect

ပြီးရင် တော့ မိမိ password မေ့သွားတဲ့ 7z ZIP file လေးကို 7z Cracker Application ရဲ့ Directory အောက်မှာထားပါ။

7zcracker.exe ကို Run ပါ။ ပေါ်လာတဲ့ command box လေးကနေ မိမိ ရဲ့ file name ကို file extension အပြည့်အစုံနဲ့ ရိုက်ထည့်လိုက်ပါ။

Password ဖြေပြီးသား သင့် ZIP File ကို est folder အောက်မှာ တွေ့ပါလိမ့်မယ်။


ဒီပို့စ်ကို ကိုယ့်ဖိုင် Password မေ့သွားလို့ ပြန်ဖြေချင်သူတွေအတွက်နှင့် Educational ရည်ရွယ်ချက်နဲ့ Application သုံးပုံကို ဝေမျှတာပါ။

တလွဲအသုံးချမယ်ဆိုရင်တော့ At your own risk ပေါ့ဗျာ။


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment