Outlook Web Access သုံးတဲ့ အခါ Web Access ကို Secure ဖြစ်ဖို့အတွက် SSL Certificate တွေဝယ်သုံးရပါတယ်။
အဲလို Certificate ဝယ်တဲ့ အချိန်မှာ မိမိ ထည့်သုံးတဲ့ Domain URL က External URL ပဲ ဖြစ်ပါတယ်။
Internal URL နဲ့ External URL မတူအောင် ပေးထားတဲ့ Server Administrator တွေ အနေနဲ့ SSL Certificate install လုပ်ပြီးတဲ့ အခါမှာ User တွေရဲ့ Outlook Client မှာ အောက်က Error မျိုး တက်လာပြီး ခေါင်းကိုက်စေပါတော့တယ်။
ဒီအတွက် Internal URL ကို External URL အတိုင်း Autodiscover ရအောင် Exchange Server ပေါ်မှာ ပြင်ဆင်ဖို့လိုပါတယ်။
ကဲ ... စလိုက်ရအောင်။
ပထမဆုံး Exchange Management Powershell ကို "Run as Administrator" နဲ့ Run ပါ။
"Get-ClientAccessServer | FL" ဆိုတဲ့ command ကို သုံးပြီး ရှိနေပြီးသား URL နဲ့ တခြား configuration တွေကို မှတ်ထားပါ။ ဒါမှ တခုခု မှားယွင်းခဲ့ရင် အရင်အတိုင်း ပြန်ထားလို့ရမှာပါ။
ပြီးတာနဲ့ "Set-ClientAccessServer -Identity CAS_Server_Name -AutodiscoverServiceInternalUrl https://mail.ictformyanmar.com/autodiscover/autodiscover.xml" ဆိုတဲ့ Command ကို သုံးပြီး URL ကို SSL Certificate ရဲ့ URL နဲ့ တူအောင် ပေးပါ။
အနီရောင် နဲ့ ရေးထားတဲ့ နေရာတွေမှာ မိမိ Server နဲ့ URL များ အစားထိုးထည့်သွားဖို့လိုပါတယ်။
နောက်တဆင့်ကတော့ Exchange ရဲ့ IIS Manager ကိုသွားပြီး Application Pools ကိုရွေးပါ။ ပြီးရင် ညာဖက်အခြမ်းမှာ ပေါ်လာတဲ့ MSExchangeAutodiscoverAppPool ကို Right Click>Recycle ဆိုပြီး လုပ်ပေးပါ။
ဒါဆိုရင် URL ပြောင်းတဲ့ လုပ်ငန်းစဉ်ပြီးပါပြီ။
Get-ClietAccessServer | FL command နဲ့ URL ပြောင်းသွားလားဆိုတာကို ပြန်စစ်နိုင်ပါတယ်။
အားလုံး အိုကေပြီဆိုရင် User ရဲ့ စက်က Outlook client ကို ပိတ်ပြီး ပြန်ဖွင့်ကြည့်လိုက်ပါ။ Certificate နဲ့ ပတ်သက်ပြီး Security Alert ပေါ်မလာတော့တာကို တွေ့ရပါလိမ့်မယ်။
ကျတော်ကတော့ ClientAccess တခုပဲ သုံးထားပါတယ်။ သင့် အနေနဲ့ WebServicesVirtualDirectory, OABVirtualDirectory နဲ့ UMVirtualDirectory တွေကိုပါ အသုံးပြုထားတယ်ဆိုရင် ၄င်း တို့ အတွက်လဲ URL ကို ပြောင်းပေးဖို့လိုအပ်ပါတယ်။
ကျတော် နမူနာပြထားတာကတော့ Microsoft Exchange Server 2007 နဲ့ပါ။ Server Version များပေါ်မူတည်ပြီး Command များ ကွဲပြားတဲ့ အတွက် Microsoft ရဲ့ Powershell Technet Website ကို အားကိုးဖို့ တိုက်တွန်းပါတယ်။
သင့်အနေနဲ့ ကျတော့်ရဲ့ အားထုတ်မှုကို အသိအမှတ်ပြုတယ်ဆိုရင် အောက်က Visits to Money ဆိုတဲ့ လင့် ကို Click ပေးခြင်းဖြင့် အားပေးရာရောက်ပါတယ်။
Visits to Money
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment