တခါတလေ Documentation အတွက်ပဲ ဖြစ်ဖြစ် Audit အတွက်ပဲဖြစ်ဖြစ် Warranty ကိစ္စ အတွက်ပဲဖြစ်ဖြစ်
Server Model/Serial Number ကို လိုအပ်မှာပါ။
Windows Server တွေအတွက်တော့ ဒီလိုအပ်ချက်ကို အလွယ်တကူ ရှာလို့ ရနိုင်ပေမယ့်
Linux Server တွေအတွက်ဆို နည်းနည်းတော့ အလုပ်ရှုပ်တတ်ပါတယ်။
ဒီလို မဖြစ်ရအောင် နည်းလမ်းလေး နည်းနည်းဝေမျှချင်ပါတယ်။
အခု ကျတော် သုံးမယ့် Command ကို Red Hat Linux နဲ့ Debian Linux တွေမှာ စမ်းထားပါတယ်။
အောက်က Command လေးကို သင်သိချင်တဲ့ Linux Server ကို Login ဝင်ပြီး ရိုက်ထည့်ပါ။
"dmidecode -t 1"
Red Hat Linux Version 4 နဲ့ တချို့ CentOS တွေမှာ dmidecode package ကို install လုပ်ဖို့ လိုပါလိမ့်မယ်။
Install လုပ်ပုံကတော့ အောက်က Command လေးရိုက်ထည့်ရုံပါပဲ။
"sudo yum install dmidecode"
Result ကိုတော့ အောက်က Screen-shots တွေမှာ နမူနာပြပေးထားပါတယ်။
ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment