Upgrading IOS in Cisco Switch

Network Administrator/Engineer တယောက်အနေနဲ့ လုပ်ငန်းလိုအပ်ချက်တွေ အရ Network Device တွေရဲ့ OS တွေကို Upgrade လုပ်ရပါတယ်။

အခုမှ စပြီး လုပ်ငန်းခွင်ဝင်ပြီး Cisco Device တွေနဲ့ အလုပ်လုပ်နေရမယ့်သူတွေ နဲ့ IOS Upgrade မလုပ်ဖူးသေးတဲ့သူတွေ အတွက် အတွေ့အကြုံလေးကို ဝေမျှချင်ပါတယ်။

Cisco Device တွေရဲ့ IOS ကို Upgrade မလုပ်ခင် သိထားသင့်တာလေးတွေနဲ့ ပြင်ဆင်သင့်တာတွေရှိပါတယ်။

- မိမိ Device အတွက် လိုအပ်တဲ့ IOS License ရှိရပါမယ်။
- လက်ရှိ Running Configuration နဲ့ IOS ကို Backup လုပ်ထားရပါမယ်။
- Backup နှင့် New IOS ကို Store လုပ်ထားဖို့ Local/Remote TFTP Server/FTP or SFTP Server ရှိထားရပါမယ်။
- Device Model တူ Spare တစ်လုံး အသင့်အနေအထားရှိထားသင့်ပါတယ်။ ရှိထားရင်ကောင်းပါတယ်။ ဒါမှ တစုံတခု လွဲချော်ခဲ့ရင် ချက်ချင်း အစားထိုးနိုင်မှာပါ။
- Maintenance Windows တခု ထားပြီး လုပ်သင့်ပါတယ်။ ဘယ်လောက်ပဲ အတွေ့အကြံုကောင်းတွေရှိရှိ Production Run နေချိန်မလုပ်သင့်ပါဘူး။
- Upgrade လုပ်မယ့် IOS ကို Download မလုပ်ခင် Tech Notes, Bugs စတာတွေကို သေချာဖတ်ထားသင့်ပါတယ်။ ဒါမှသာ Port တွေ Error Disable ဖြစ်သွားတာတို့ ဘာတို့ စတဲ့ ပြဿနာတွေကို ကြိုသိပြီး ဖြေရှင်းဖို့ ပြင်ဆင်ထားနိုင်မှာပါ။
- Device ရဲ့ Role နဲ့ Function ကို သေချာသိပါစေ။ ဥပမာ VTP Server အနေနဲ့ Run နေတဲ့ Switch ဆိုရင် သင်တခုခုမှားယွင်းတာနဲ့ သင့် VTP Domain ကို ကမောက်ကမ ဖြစ်စေမှာ မလွဲပါဘူး။

ကဲ ဒီအပေါ်က အချက်တွေ ပြည့်စုံပြီဆိုရင်တော့ စ လိုက်ရအောင်ဗျာ။

Cisco Catalyst 3560 PoE Switch တစ်လုံးကို IOS Upgrade လုပ်ပြပါမယ်။
လက်ရှိ Run နေတဲ့ IOS က SSH ကို support မလုပ်တာကြောင့် SSH support လုပ်တဲ့ Version ကို upgrade လုပ်မှာပါ။ Crypto Image လို့ ခေါ်ပါတယ် Image Name မှာ Crypto နဲ့ K9 ဆိုပြီးပါတာကို သတိထားမိမှာပါ။

ကဲ စပါပြီ။

- Switch ရဲ့ လက်ရှိ IOS Version ကို စစ်ပါမယ်။ ပုံ နမူနာပြထားပါတယ်။ အနီရောင်နဲ့ ဘောင်ခတ်ပြထားတာကို သတိထားစေချင်ပါတယ်။
   "show version"


- Flash Memory Space ကို စစ်ပါမယ်။   ဒီအဆင့်မှာ IOS အဟောင်းကို နောက်ပိုင်းမှာ နေရာလွတ် ရဖို့ အတွက် ဖျက်ပစ်ဖို့  လိုကောင်းလိုနိုင်ပါတယ်။
   အနီရောင်နဲ့ ဘောင်ခတ်ပြထားတာကို သတိထားစေချင်ပါတယ်။
 "show flash"


- Cisco Software Download Page ကို သွားပြီး Cisco ID / Password သုံးပြီး Login ဝင်ပါ။
  မိမိ Switch Model နဲ့ IOS Download Page ကို သွားပါ။
  ပုံမှာပြထားသလို မိမိလိုအပ်ချက်နဲ့ ကိုက်ညီမယ့် IOS ကို Download လုပ်ပါ။ (License, DRAM/Flash တွေ ကိုက်ညီဖို့ ကို ဂရုစိုက်ပါ။ IOS File Size, MD5 Hash Value များကို မှတ်သားထားပါ။ နောက်ပိုင်းမှာ ပြန်စစ်ဖို့ လိုပါလိမ့်မယ်။)



- Download လုပ်ပြီးတဲ့ IOS ကို TFTP / FTP / SFTP server ပေါ်ကို Copy ကူးတင်ထားပါ။ ဒီမှာတော့ Remote TFTP server ကို သုံးပြထားပါတယ်။ (TFTP Server setup လုပ်ပုံကို အလျင်းသင့်ရင် ရေးပါအုံးမယ်။)
 

- ပြီးတာနဲ့ Switch ကို Console Session ဝင်ပြီး New IOS ကို TFTP Server ကနေ Copy လုပ်ပါ။ ပုံမှာ ပြထားပါတယ်။
   "copy tftp flash"



- Copy လုပ်တာပြီးပြီဆိုရင် အဆင့် ၃ မှာ မှတ်ထားတဲ့ MD5 Hash Value ကို တိုက်စစ်ပါမယ်။ မိမိ ကူးယူထားတဲ့ IOS မှန်မှန်ကန်ကန် Switch Memory ထဲကို ရောက်မရောက် သိဖို့ပါ။ ပုံမှာ ကြည့်ပါ။
  "verify /md5 flash: put new ios image file name with file extension here"



- MD5 Hash Value စစ်ဆေးမှု မှန်ကန်တယ်ဆိုရင် Old IOS မှ Booth Path ကို New IOS ကို ပြောင်းပေးပါမယ်။ ပုံမှာ ကြည့်ပါ။
  "boot system flash: put new ios image file name with file extension here"


- နောက်ဆုံးအနေနဲ့ Running Configuration ကို Startup configurtion ပေါ်တင်ပါမယ်။ ပုံမှာကြည့်ပါ။
  "copy running-config startup-config" or "write memory" or "write"


- အားလုံးပြီးရင်တော့ Reload လုပ်ကြည့်ပါ။ အထက်ပါ အဆင့်တွေ မှန်ကန်ခဲ့မယ်ဆိုရင် သင့် Device ကောင်းမွန်စွာ Boot ပြီး အလုပ်လုပ်နေတာကို တွေ့ရပါမယ်။

ကျတော် သေချာပြောပြဖို့ ကျန်ခဲ့တာလေးတွေရှိပါတယ်။
- IOS License အကြောင်းရယ်
- Flash Memory မလောက်ရင် ရှိပြီးသား IOS ကို ဖျက်ပြီး New IOS ကို တင်တာရယ်
- tar format လိုမျိုး Extract လုပ်ပြီး ကြည့်မှ မြင်နိုင်တဲ့ IOS Image Booth Path ကို "show booth" command သုံးပြီးကြည့်တာရယ်
- TFTP လို Server Setup လုပ်ပုံရယ် တွေပါ။

IOS Image ရွေးချယ်တာ သိချင်ရင် ဒီလင့်မှာ http://www.ictformyanmar.com/2014/03/what-is-different-ip-base-and-ip.html IOS Image တွေအကြောင်း ကျတော်ရေးထားပါတယ်။

Switch နဲ့ နမူနာပြထားပေမယ့် Router/ Firewall တွေကို Upgrade လုပ်တဲ့အခါ လဲ Step တွေ သိပ်ကွဲပြားမှု မရှိပါဘူး။

ဒါပေမယ့် သုံးထားတဲ့ Device ရဲ့ Role ပေါ်မူတည်ပြီး အနည်းငယ်ရှုပ်ထွေးပါတယ်။ လိုအပ်ချက်နဲ့ ကြိုတင်ပြင်ဆင်ရမယ့် အပိုင်းတွေ ပိုမိုများပြားပါတယ်။

အလျင်းသင့်ရင် ဒီထက်ပိုပြီး အသေးစိတ်ရေးပါအုံးမယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)
 
 

No comments :

Post a Comment