ဒီပြဿနာမျိုးကြံုတဲ့အခါ အမြဲတမ်းလိုလို Cabling Contractor ကို ခေါ်ရှင်းနေဖို့လွယ်ကူတာတော့ မဟုတ်ပါဘူး။
Switch ပြဿနာလား၊ Port ရဲ့ ပြဿနာလား Cable ကြောင့်ဖြစ်တာလား ဆိုတာကို ကိုယ့်ဖက်က ရေရာသေချာအောင် အရင်စမ်းသပ်ထားဖို့လိုပါတယ်။
Switch နဲ့ physical layer (Layer 1) ပြဿနာတွေကို သိအောင် လုပ်ဖို့အတွက်ကတော့...
show interface
show interface counters
show interface counters errors စတဲ့ Command တွေကို သုံးပြီး error ရှာနိုင်ပါတယ်။
ဒါတွေအပြင် Time Domain Reflectometer (TDR) ဆိုတဲ့ Cable Short ဖြစ်နေလား, Open contact ဖြစ်နေလား, Loose Contact ဖြစ်နေလားဆိုတာကို Testing လုပ်တဲ့ နည်းလမ်းလေး ဝေမျှချင်ပါတယ်။
စမ်းသပ်ပုံကတော့ မိမိစမ်းသပ်လိုတဲ့ Switch Port မှာ အောက်က command run ပေးပြီး result ကို စစ်ဆေးတာပါ။
test cable tdr interface
show cable-diagnostics tdr interface
နမူနာပြထားတဲ့ ပုံကို ကြည့်ရင် ရှင်းပါလိမ့်မယ်။
FastEthernet ကို စစ်တာဆိုရင် Pair A , Pair B ဟာ Normal ဖြစ်ရပါမယ်။
GigabitEthernet ကို စစ်တာဆိုရင် Pair အားလုံး Normal ဖြစ်ရပါမယ်။
Short, Open , Impedance Mistmatched ဆိုတာကို မြင်ရရင်တော့ Cable , Patch Panel တို့ကို စစ်ဖို့လိုပြီပေါ့ဗျာ။
ကဲ ဒီလောက်ဆိုရင် TDR ရဲ့ အခြေခံကို သိလောက်ပြီလို့ ယူဆပါတယ်။
ကျတော် ပြထားတာက Cisco Switch မှာဆိုပေမယ့် တခြား Network Device တွေဖြစ်တဲ့ Juniper, HP, Dell စတဲ့ Device တွေမှာလဲ ဒီ feature ကို သုံးလို့ရပါတယ်။
ဘယ်လို အခြေအနေတွေကို စစ်ဆေးနိုင်လဲ၊ ဘယ် Cisco Switch Model တွေမှာ သုံးလို့ရလဲ စတာတွေကို အသေးစိတ်ကို လေ့လာချင်ရင်တော့ ဒီ လင့် https://supportforums.cisco.com/document/74231/how-use-time-domain-reflectometer-tdr မှာ သွားဖတ်နိုင်ပါတယ်။
ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)
No comments :
Post a Comment