Quality of Service (QoS) အကြောင်းပြောမယ်ဆိုရင် IP Packet ထဲက Type of Service (ToS) field အကြောင်းကို အရင်ပြောသင့်တာပါ။
ဒါပေမယ့် IP Precedence တို့ Differentiated Service တို့ကိုရှင်းပြရမှာဖြစ်သလို သူတို့အကြောင်းပြောမယ်ဆိုရင် Binary တွေပါတဲ့အတွက် Engineering/Computer ကျောင်းသားမဟုတ်တဲ့သူတွေအတွက် နားလည်ရလွယ်အောင်ရေးမပြတတ်သေးလို့ ခဏချန်ထားခဲ့ပါမယ်။
နောက်များမှာ အဆင်ပြေတဲ့အခါ ရေးပါ့မယ်။
ကျတော်တို့ Network ဆိုတာ Service တွေကို Deliver လုပ်ပေးတာလေ။
Service တွေမှာ လုပ်ငန်းလိုအပ်ချက်တွေပေါ်မူတည်ပြီး အသုံးပြုတဲ့ Application တွေရှိတာပေါ့။
Application တွေပါလာတာနဲ့ Bandwidth တွေ၊ Delay နဲ့ Jitter စတဲ့ လိုအပ်ချက်တွေပါလာတာပေါ့။
FTP လို application အတွက် Delay နဲ့ Jitter က သိပ်အရေးမကြီးပေမယ့် File Size အကြီးကြီးတွေ သယ်ယူပို့ဆောင်ရတဲ့အတွက် Bandwidth ကိုတော့ လိုအပ်ပါတယ်။
ဒီလိုပဲ Skype လို Voice over IP (VoIP) တွေအနေနဲ့ကျတော့ Bandwidth က သိပ်အများကြီးမလိုပေမယ့် Delay ၊ Jitter တွေ မဖြစ်ဖို့လိုပါတယ်။
မဟုတ်ရင် Delay ကြောင့် Dialogue မဖြစ်တော့ပဲ Monologue ဖြစ်သွားနိုင်သလို၊ Jitter ကြောင့်လဲ ကိုယ်ပြောတာ သူအကုန်မကြားရ သူပြောတာ ကိုယ် အကုန်မကြားရဖြစ်ကုန်မှာပါ။
ဒီလိုအခြေအနေတွေကို ကျော်လွှားနိုင်ဖို့ ကျတော်တို့တွေ Quality of Service (QoS) ဆိုတာကို လိုအပ်လာတာပါ။
QoS အကြောင်းပြောမယ်ဆိုရင် Classification, Queuing, Policiing, Shaping စတာတွေပြောရမှာပါ။
ကျတော် Classification ဆိုတာကို အရင် စ ပြောပါမယ်။
ပုံမှန်အားဖြင့် QoS configure လုပ်မထားတဲ့ Router တွေဟာ သူတို့ဆီကို ဝင်လာတဲ့ IP Packet တွေကို အမျိုးအစားခွဲခြားခြင်း Classification ဆိုတဲ့အလုပ်မလုပ်ပဲ Destination ကိုကြည့်ပြီး Forward/Discard လုပ်လိုက်တာပါပဲ။
ဒါကြောင့် ပထမဆုံးအနေနဲ့ ဝင်လာတဲ့ IP Packet ဟာ ဘယ် Application ရဲ့ Packet လဲဆိုတာကို သိအောင် အရင်လုပ်ရပါတယ်။
ပြီးတော့မှ ဒီဟာကတော့ Telnet, ဒီဟာကတော့ Web, ဒီဟာကတော့ Voice စသည်ဖြင့် မှတ်သားခြင်း Marking နဲ့ ဘယ် Application Packet ဆိုရင် ဘာလုပ်ဆိုတဲ့ Policing လုပ်တာတွေကို လုပ်ကြတာပါ။
Cisco IOS router တွေမှာတော့ Packet တွေကို ပုံစံနှစ်မျိုးနဲ့ Classify လုပ်တယ်ဗျ။
1) Header inspection ဆိုတာနဲ့
Layer 2 MAC address တွေ၊ Layer 3 Source , Destination IP address တွေ၊ Layer 4 Source, Destination Port Number တွေ ကို Classify လုပ်တာရယ်။
2) Payload inspection ဆိုတာနဲ့
Packet အထဲမှာပါတဲ့ Content တွေကို စစ်ပြီး Classify လုပ်တာရယ်ဆိုပြီးတော့ပေါ့ဗျာ။ သူကတော့ Deep Packet Inspection (DPI) လို့လဲ ခေါ်ကြသေးတယ်ဗျ။
နောက်တမျိုး Network-Based Application Recognition (NBAR) လို့လဲ ခေါ်သေးတယ်။
NBAR မှာ ဝင်လာတဲ့ Packet တွေကို Signature တွေ၊ Attribute တွေတိုက်ပြီးစစ်ပေးနိုင်တဲ့ Packet Description Language Module (PDLM) ဆိုတာပါတဲ့အခါကျတော့
HTTP ကို Port 80 အစား တခြား Port number တွေသုံးပြီး Network ထဲကနေ ခိုးထွက်ဖို့ ကြိုးစားတာတို့ ၊ .exe file ကို .doc, .zip စသည်ပြောင်းပြီး transfer လုပ်ဖို့ကြိုးစားတာတို့ကို စစ်နိုင်တာပေါ့ဗျာ။
တချို့ Firewall မသုံးတဲ့ Network အသေးစားလေးတွေမှာ ဒါမျိုးလေးတွေသုံးပြီး Traffic ကို စစ်တာကိုတွေ့ဖူးကြမှာပါ။
ဒီလောက်ဆို QoS ရဲ့ Classification အကြောင်းအနည်းငယ်တီးမိခေါက်မိလောက်ပြီထင်ပါတယ်။
Configuration ဘယ်လိုလုပ်တယ်ဆိုတာကို နောက်ပို့စ်မှာ ဆက်ပါမယ်။
ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)
Subscribe to:
Post Comments
(
Atom
)
Thanks for the good words! Really appreciated. Great post. I ve been commenting a lot on a few blogs recently, but I had nt thought about my approach until you brought it up.
ReplyDeleteSAP training in Chennai
It is a good idea for u.
DeleteThanks for knowledge sharing.I'm waiting for IP Precedence and Differentiated Service post.
Delete