ပြက္ခဒိန်ဟောင်းနဲ့ကျွန်တော်

မနက်ဖြန်ဆိုရင်နှစ်သစ်ကိုရောက်ပါပြီ....နှစ်သစ်ကိုရောက်တိုင်းနှစ်ဟောင်းမှာဘာတြွေဖစ်ခဲ့လဲ..
ဘာတွေပြောင်းလဲခဲ့လဲဆိုတာကိုကျွန်တော်အမြဲပြန်လည်သုံးသပ်ပါတယ်....
ခုလည်း နှစ်ဟောင်းဖြစ်တော့မယ့် ၂၀၀ရ ကိုပြန်ကြည့်တဲ့အခါမှာတော့ဒါလေးတွေပြောင်းလဲခဲ့တာကိုတွေ့ခဲ့ပါတယ်...
Blog
မြန်မာနိူင်ငံရဲ့နာမည်ကြီး Portal site တစ်ခုဖြစ်တဲ့ Planet မှာ zawgyi font ကိုုပြောင်းလဲသုံးစွဲခဲ့ပြီးတဲ့နောက်မှာ.....
မြန်မာဘာသာနဲ့ရေးတဲ့ Blog တွေအများအပြား ပေါ်ပေါက်လာပါတယ်....
ဒါကလည်း နာမည်ကြီး Blogger တွေရဲ့ကူညီမှုတွေ အများကြီးရခဲ့လို့ပါ။
Virus
၂၀၀ရ ခုနှစ်တစ်နှစ်လုံး ကျွန်တော် service ပေးရတာကတော့ Virus သတ်ပေးရတဲ့အလုပ်ပါပဲ....
ဒီနှစ်မှာ Virus တွေတော်တော် ပျံ့နှံ့မှုအားကောင်းပါတယ်....
PC တွေကိုတိုက်ခိုက်တဲ့ နှုန်းလည်းအားကောင်းပါတယ်.....(ဥပမာ..Flashy Virus)
နာမည်ကျော် Antivirus Program တွေတောင် အလူးအလဲခံစားခဲ့ရပါတယ်....
Antivirus Program
Kaspersky antivirus program ဟာ ၂၀၀ရ ခုနှစ်အတွက်အကောင်းဆုံးသတ်မှတ်ခံခဲ့ရပါတယ်...
ဒီနှစ်မှာ တွေ့ရတာကတော့ အရင်က Antivirus program ဆိုရင် AVG,Norton ပဲသိခဲ့ကြတဲ့အနေအထားကနေ
လွတ်မြောက်လာကြပါတယ်....
bitdefender,kaspersky,f-secure,nod32,mcafee စတဲ့ Antivirus program တွေကိုအသုံးများလာတာကိုတွေ့ရပါတယ်...
Myanmar Unicode
ကွန်ပြူတာသုံးမြန်မာစာစနစ်ကိုကြည့်မယ်ဆိုရင်လဲ...တော်တော်လေးပြောင်းလဲခဲ့ပါတယ်....
Internet ပေါ်မှာသုံးရအလွယ်ကူဆုံး zawgyi font ကို ဒီနှစ်မှာ မြန်မာ Website နဲ့ မြန်မာ Blog တွေမှာအသုံးများလာတာတွေ့ရပါတယ်...
Zawgyi font version 3 ကိုလည်းဒီနှစ်မှာပဲ upgrade လုပ်ပေးခဲ့ပါတယ်....
တခြား မြန်မာ ယူနီကုတ်တွေလည်း တိုးတက်လာတာတွေ့ရပါတယ်....
Myanmar NLP အဖွဲ့ကလည်း... Myanmar3 ကို ဒီနှစ်မှာပဲ စမ်းသပ်သုံးစွဲဖို့ Release လုပ်ပေးခဲ့ပါတယ်....
Computer Spare Parts and Related Accessories
ဒီနှစ်မှာ....ကွန်ပြူတာစျေးကွက်ထဲကို...IBMဆိုတဲ့ တံဆိပ်နဲ့ Monitor တစ်မျိုး ၀င်လာပါတယ်...လုံးဝမကောင်းပါ...
နောက်ပြီး...Powernics ဆိုတဲ့တံဆိပ်နဲ့ Power Supply တစ်မျိုးလဲ ၀င်လာပါသေးတယ်...စျေးနှုန်းကတော့ကောင်းပါတယ်...
ကျန်တာကတော့ ဘုရားပေးတဲ့ကံပါပဲ...
ဒီနှစ်ကျွန်တော် Service ပေးရတဲ့ ပစ္စည်းတွေထဲမှာ Memory stick,MP3/MP4 player တွေကတော့ထိပ်ဆုံးကနေရာယူပါတယ်...
ပါ၀င်တဲ့နည်းပညာအရဘယ်လိုမှမရောင်းချနိုင်တဲ့စျေးနှုန်းတွေနဲ့...ကျွန်တော်တို့ဆီကိုရောက်လာပါတယ်..QC ဆိုတာလေးကပ်ထားပါတယ်..
ဘယ်က စစ်ဆေးလဲတော့မသိပါဘူး..သေချာတာကတော့ ကျွန်တော်တို့ဆီက မစစ်ပါဘူး...
လာပြင်တဲ့အခါမှာဖွင့်ကြည့်လိုက်တော့... အဖြစ်ပဲလုပ်ထားတာတွေ့ရပါတယ်...
(၂၀၀ရ ခုနှစ်မှာဒါလေးတြွေဖစ်ခဲ့တယ်လို့ ကျွန်တော်မြင်တာပါ...ကျန်ပါသေးတယ်...ပိုစ့်ရှည်မှာစိုးလို့မရေးတော့တာပါ...
အဓိကပြောင်းလဲတာလေးတွေကိုပဲရေးလိုက်တာပါ...အမှားအယွင်းများပါသွားရင် ခွင့်လွှတ်ကြပါဗျာ...
ကျွန်တော့်လိုပဲရေးစေချင်သူတွေကတော့...ကျွန်တော့်အမ...မလေးမနဲ့ သူ့ဆီကိုလာလည်ကြသူများအားလုံးကိုပါ...
အမရေ....Sparrow ကရေးခိုင်းတယ်လို့ပြောပေးပါ....နှစ်ဟောင်းကအကြွေးကိုနှစ်သစ်ကိုယူမသွားကြေးနော်။)

No comments :

Post a Comment