စင်္ကာပူမှာအလုပ်ရှာရသောအခက်အခဲများ...အပိုင်း(၂)

Draft man အလုပ်ဆို ရင် ၀က်ဆိုဒ် ကနေ ရှာ တာ ထက် သတင်းစာကို ပိုအားကိုးရတယ်။
သတင်းစာမှာ Walk in အင်တာဗျုးဆို ပြေးပေတော. ပေးထားတဲ. လိပ်စာ ကို။ ဒါမျိုးဆို သေချာပေါက် မြန်မာ တွေ တန်းစီ နေမယ်ဆိုတာ။ ဒီတော. မြန်မာ တွေ က ကိုယ် အလုပ် မရ မှာ ပြန်ရမှာ ကြောက်တာနဲ. လစာ ကို အပြိုင်အဆိုင်လျှော.ကျရင်းနဲ. စလုံး ချစ်တီးတရုတ် အကြိုက် $1000 အောက်ထိကို ကျသွားတက်ပါတယ်။

ဒီလိုနဲ. အင်တာဗျူးလေး ရ ခု ၈ ခုလောက် ဖြတ်သန်းပြီး ၁ လ ကျော် လို. Social visit pass ကို online ကနေ ၁ ခါ တိုးပြီးမှ အလုပ် တခု နဲ.သွားငြိ တယ်လေ။ အင်တာဗျူးလဲ အဆင်ကိုချောလို.ပေါ.။ ကဲ မင်းကို ရွေးလိုက်ပြီ ဆိုတာနဲ. ကုမ္ပဏီ က HR ကို ကိုယ်ရဲ. အချက်အလက်တွေ ပြောပြပေးလိုက်ပြီး အိမ်ကို စိတ်ချမ်းသာ စွာနဲ. လက်ခါးမောင်းခတ်ပြီး ပြန်လာတာပေါ.။ ”ငါ အလုပ်ရပြီကွ!!!!” ကုမ္ပဏီ က S Pass ကို online ကနေ တင်ပေးမယ် ဆိုတော. ၃ ရက် ကြာရင် အဖြေသိရပြီလေ။ တချို. သော ကုမ္ပဏိီတွေ ကတော. စာတိုက်ကနေတင်တယ် ဒါဆိုရင်တော. ၃ ပတ်ကြီးတောင ်စောင်.ရမှာပေါ.။

သုံးရက်ပြည်. တာနဲ. www.mom.gov.sg မှာ ကိုယ်ရဲ. S Pass status ကို ၀င်ကြည်.တော. Reject ပါတဲ.။ ဒီတော. MOM ကို သွားပြီး officer နဲ. သွားတွေ.တာပေါ. ဘာလို. Reject ဖြစ်ရသလဲ ဆိုတာ သိရအောင်။ Officer ကရှင်းပြလိုက်တော. ကုမ္ပဏီ က မင်းရဲ. S Pass ကိုတင်တဲ. လစာ ဒေါ်လာ ၁၈၀၀ ထက်နည်းနေလို. Reject ဖြစ်ရတာပါတဲ.။

ဟိုက် ကျွန်တော်ထင်တာ စလုံးက ကုမ္ပဏီ တွေ ဒါမျိုး ကိစ္စတွေ ကို Understood ဖြစ်နေပြီ လို.အောက်မေ. လိုက်တာ အခု တော. ငါးပါးမှောက်တာပေါ.။ ဒါကြောင်. အားလုံးမှတ်ထားကျပါ ကိုယ်.လစာ က ၁၈၀၀ ထက်နည်းရင် HR လူကို S Pass မတင်ခင် ၁၈၀၀ နဲ. တင်ပေးဖို. ပေးထားကျပေါ.။ အလုပ်ရလို. ကျွန်တော.လို. ၀မ်းသာ မစောနဲ.ဦးနော်။ တကယ်လို. လစာ ၁၈၀၀ နဲ.တင်လိုက််လို. Reject ဖြစ်သွားရင် အသနား တင်ပြန် ပြန်ကျဖို. က ၃ ပတ်ကြီးများတောင် စောင်.ရတယ်လေ။ ဒါဆို အလုပ်ရှာသူအနေနဲ. မြန်မာပြည် ပြန်ရဖို. ရာခိုင်နူန်း က များသွားပြီလေ။

ဒါနဲ. ကုမ္ပဏီ ကို ပြေးရပြန်ပါတယ်။
ကျွန်တော် - Why did you apply my S Pass with salary of less than $1800.
စလုံး မ - I just applied with your actual salary.
ကျွန်တော် - No. As one of MOM Criteria, the salary must be at least $1800 for a S Pass Holder.
စလုံး မ - Sorry. I cannot do such kind of illegal thing.

သြော် ဒီ စလုံးမ တယ်လက်ပေါက်ကပ် ပါလား။

ကျွန်တော် - OK. Let do it this way. Just apply for me with $1800. Every After pay day, you can deduct from my salary Ok?.
စလုံး မ - Sorry. I think my boss won’t agree with that. You go home and wait lah. Let me discuss with my boss.

သိတာပေါ. ဒီလိုပြောပြီး ပထုတ် လိုက်တာ။ ကျွန်တော်. စိတ်ထင် သူတို. က စင်ကာပူ လူမျိုးတွေ ပဲ အလုပ်ခန်.ဖူးတဲ.ကုမ္ပဏီ ဖြစ်မယ် ထင်တယ်။ MOM ရဲ. စည်း ကမ်း ချက်တွေ ကို နားမလည် တော. ကြောက်တာနေမှာပေါ.။ အစကတော. ဖုန်းမျှော်သေးတာပေါ.။ နောက်တော. အဲ.ကုမ္ပဏီ က ကျွန်တော်လျှောက်ထားနဲ. ရာထူးနဲ. သတင်းစာထဲမှာ ပြန်ပြီးကြော်ငြာ ထပ်ဝင်တယ်လေ “Singaporean and PR only need to apply” တဲ.။ ဒါဆိုသဘောပေါက်။

ဒါနဲ. Stay က ၁ ပတ်ပဲ ကျန်တော.တယ်လေ။ ငါဘာလုပ်ရမလဲ? မြန်မာပြည် ကို ပြန်ပြီး ပြန်လာမလား။ မလေး ကို ၁ ပတ်လောက် သွားရှောင်မလား? မလေးရှောင် လို. ပြန်ဝင် လာရင် တချို.လဲ Stay ၅ ရက် ၁ ပတ် လောက်ရပြီး မြန်မာပြည် ပြန်ရတာတွေ ရှိတယ် လို. လူတွေ ကတော. ပြောကျတာပေါ.။ ကိုယ်.အလှည်.ကျ ဘယ်လို လာမလဲတော. ဘယ်သူ အတပ်ပြောနိုင်မလဲ။

အခုတော. မရတော.ဘူးလေ။ ပုံစံ က ခေါင်းပန်းလှန် ရမယ်။ ခေါင်း က မြန်မာ ၊ ပန်း က မလေး ပေါ.။ ဒီတော. ငါ မလေးရှားရင် ပြန်ဝင်လာလို. Stay မရသည်ထားဦး မလေးရှား ကို ပါ အဆစ် ရောက်ဖူးမယ်။ ဟိုက ကျောင်းတက်နေတဲ. သူငယ်ချင်းကလဲ "စိတ်မပူနဲ. လာခဲ. စလုံးရောက်တုန်း မလေး လာလည်ပေါ. ကွ ကံကောင်းရင် စလုံး ပြန်ဝင်လို. ရရင်ရမှာ၊ မရတော.တော. မလေး ရောက်တာ အမြတ်ပေါ. " လို.တော. မလေး ကို စိတ်ယိုင်သွားပြန်ရော။

ကြားရပြန်ပါတယ် နောက်တယောက်ဆီ က။ "ဘာလို.မလေးရှားသွားမှာလဲ။ စလုံးကို ပြန်ဝင်လာလို.မရရင် ဘယ်လိုလုပ်မလဲ မင်း ၂ ခါ ကုန်ဖြစ် မှာပေါ.။ မြန်မာပြည် ကို ပဲ ၁ ပတ်လောက် ပြန်ပြီး ဒုတိယအကြိမ်ပြန်လာရင် Visa သက်တမ်း က ၆ လ ထိ တောင် ရတယ်" လို. ဆိုပြန်ပါတယ်။

ကဲ ကျွန်တော် ဘယ်သူ.စကားယုံရမှာလဲ ??????? နောက်ဆုံးကျွန်တော် ဘယ်သွားတယ်ထင်လဲ???

အထက်ပါပိုစ့်လေးကို....www.royal-myanmar.com...ကနေကူးယူဖော်ပြခြင်းဖြစ်ပါသည်။

No comments :

Post a Comment