How to remove Recycler Virus?

ဒီနေ့ ရုံးမှာဗျာ... Recycler ဆိုတဲ့ အကောင်ကို စက်တွေမှာ တွေ့တယ် kaspersky က Update မဖြစ်တော့ မသတ်နိုင်ဘူး... ဒါနဲ့ပဲ...အင်တာနက်မှာ Google လုပ်လိုက်တယ်... တွေ့ပါပြီဗျာ... အများကြီးပဲ..
ဒါနဲ့ပဲ ကိုယ်လဲလုပ်ကြည့်ရင်း...သူများတွေကိုလဲ မျှဝေချင်လာတာနဲ့ မျှပေးလိုက်ပါတယ်ဗျာ...
ကျွန်တော်က စာသိပ်မရေးတတ် တော့ လိုတိုရှင်းပဲ ရေးပေးလိုက်တယ်ဗျာ... သည်းခံကြပါအုံးနော်...

ပထမဆုံး ကွန်ပြူတာကို Safe Mode နဲ့ boot တက်လိုက်ပါ။
Windows တက်လာပြီဆိုရင်
Start>Programs>Accessories>Explorer ကိုသွားပါ။
Explorer ပွင့်ပြီဆို ရင် Tools (Vista မှာဆိုရင်တော့ Alt ကိုဖိထားပေါ့)>Folder Options>View ထိရောက်အောင်သွားလိုက်ပါ။
ပြီးရင် အောက်မှာ ပြထားတဲ့ စာကြောင်းလေးတွေဘေးက Check Box ကို အမှန်ခြစ်လေးတွေ ဖြုတ်ပေးလိုက်ပါ။
“Display the contents of system folders”
“Hide extensions for known file types”
“Hide protected operating system files (Recommended)”
ပြီးရင် Apply …. OK ပေါ့ဗျာ။
ဒါပြီးရင်တော့ Window Explorer ကို မပိတ်ပဲထားပြီး…Driver C: ကို သွားပါ။
“Autorun.inf” ရယ်… “Autorun.bat” “Command.com” ဆိုတဲ့ File တွေကို Delete လုပ်ပါ။
ပြီးရင် C:\Recycler ကို သွားပါ… တွေ့သမျှ File တွေအကုန်လုံးကို Delete လုပ်ဗျာ….
အပေါ်ကအဆင့်တွေ ပြီးပြီဆိုရင် Registry ထဲကို သွားရှင်းကြမယ်ဗျာ
ကဲ အောက်က အတိုင်းလေး လိုက်လုပ်လိုက်ပါအုံး
Start>Run ကိုသွားဗျာ… regedit လို့ ရိုက်ထည့်လိုက် ပြီးရင် Enter ခေါက်ဗျာ…
Registry Editor Window ပေါ်လာရင် အောက်မှာပြထားတဲ့ အတိုင်းရောက်အောင်သွားပါ။ HKEY_LOCAL_MACHINE>SOFTWARE>Microsoft>Active Setup>Installed Components
ရောကပြီဆိုရင် “{08B0E5C0-4FCB-11CF-AAX5-90401C608512}” ဒါလေးကို Delete လုပ်လိုက်ပါအုံး
ပြီးပြီဆိုရင် Registry Editor Window ကိုပိတ်လိုက်ပါ။
မိမိသုံးနေတဲ့ USB Storage Drive တွေကို Format ချပါအုံးဗျာ….
ကဲ အားလုံးပြီးပြီဆိုရင်တော့ Windows ကို Restart ပြန်လုပ်ပါတော့ဗျာ….




Sparrow

No comments :

Post a Comment