CDMA 800 MHz ဖုန်းများ၏ Roaming ပြဿနာကို ဒီလိုရှင်းပါ

ခုတလော… Customer တော်တော်များများလာပြတဲ့ဖုန်းတွေမှာ… “R” ဆိုတာ ပေါ်လာပြီး… ဖုန်းအဝင်အထွက် မရတဲ့ ပြဿနာ တွေပဲ အဖြစ်များနေပါတယ်…
ဖြစ်တဲ့ဖုန်းတွေကိုကြည့်မယ်ဆိုရင်လဲ Huawei Brand ဖုန်းတြွေဖစ်နေတာများပါတယ်… တခြား Brand ဖုန်းတွေလည်း ဖြစ်ပါတယ်…
ဒီပြဿနာကို ဒီလိုလေးရှင်းကြည့်ရအောင်ဗျာ…

ပထမဆုံး… Handset ကို R-UIM ထည့်ပြီး… Power on လိုက်ပါ…
ပြီးရင်… ##159357 နှင့် Send ခလုတ်ကို နှိပ်ပါ။
ဒါဆိုရင် Phone Display မှာ R-UIM နဲ့ ROM ဆိုပြီး ရွေးစရာ နှစ်ခုပေါ်လာပါမယ်…
R-UIM ဆိုတာကို ရွေးပေးလိုက်ပါ….
ရွေးပြီးသွားတာနဲ့ Phone က သူ့အလိုလို Reset ဖြစ်ပါလိမ့်မယ်…
နောက်တခါ Power တက်လာရင် ….
##497613 နှင့် Send ခလုတ်ကို နှိပ်ပါ။
ဒါဆိုရင်
- Handset
- System test
- SD Download
- S/W Version
ဆိုပြီး ရွေးစရာ (၄) ခု ပေါ်လာပါလိမ့်မယ်…
System test ကိုရွေးပေးပါ…
- PA state
- LNA state
- TX power level
- Channel
- Exit channel lock
- Enter FTM mode
ဆိုတာတွေ ပေါ်လာပါမယ်
Channel ကိုရွေးပေးပါ…
ရွေးလိုက်လို့ ပေါ်လာတဲ့ အကွက်ထဲမှာ… ရန်ကုန် မှာ သုံးနေတဲ့ ဖုန်းဆိုရင်… 73 ဆိုတာကို ရိုက်ထည့်ပါ…
မန္တလေးမှာသုံးနေတဲ့ဖုန်းဆိုရင်… 199 ဆိုတာကိုရိုက်ထည့်ပါ…
ပြီးရင် ဖုန်းကို Power ပြန်ပိတ် …. ခဏစောင့် ပြီး… Power ပြန်ဖွင့်ပါ…
ကဲ…. ဖုန်းခေါ်ဆိုမှုများ… အရင်အတိုင်း ပြန်လည်ကောင်းမွန်ပါပြီ…
အခု ကျွန်တော်ပြောပြထားတဲ့ အချက်အလက်တွေ အတိုင်း လုပ်ကြည့်လို့ အဆင်မပြေဖြစ်နေသေးရင်… Comment သို့မဟုတ်… C-box မှာ အဆင်မပြေတာကို ရေးသွားနိုင်ပါတယ်…
ပြန်လည်ဖြေရှင်းပေးပါမယ်…
တခြားသော Option များကို ဝင်ရောက်ပြင်ဆင်ခြင်းများမပြုလုပ်ပါရန်… သတိပေးလိုပါတယ်…
ဝင်ရောက်ပြင်ဆင်မိလို့… မမျှော်လင့်ထားတဲ့အခြေအနေမျိုးတြွေဖစ်လာပြီး…ဖုန်းပျက်စီးသွားရင်... at your own risk ပေါ့နော်…
အခု ပြောပြပေးထားတာက Huawei Brand Handset တွေထဲကမှ… တချို့ အတွက်ပဲဖြစ်ပါတယ်… တော်တော်များများမှာ အဆင်ပြေပါတယ်…

No comments :

Post a Comment