Fortigate guide for Beginner - 2

ဒီတခါတော့ Fortigate ရဲ့ Default IP ဖြစ်တဲ့ 192.168.1.x ကို မိမိ Network ရဲ့ လိုအပ်ချက်အရ လိုချင်တဲ့ IP ပြောင်းယူပုံလေး ကို ပြချင်ပါတယ်။

ဒီလိုဗျ... ကိုယ့် Network ကို 192.168.1.x သုံးချင်မှလဲ သုံးမှာပေါ့. 192.168.50.x အနေနဲ့ သုံးချင်လဲ သုံးမယ်လေ။




ကဲ...အခု Fortigate ရဲ့ Default IP Network ကို ကိုယ်လိုချင်တဲ့ Network IP ရအောင် အောက်ပါ အတိုင်းပြောင်းနိုင်ပါတယ်။

၁) Fortigate နဲ့ မိမိ PC ကို ချိတ်ပါ။ Fortigate IP နဲ့ network တူတဲ့ IP တခု PC ကိုပေးပါ။ Browser ကနေ https:// ဆိုပြီး Fortigate ရဲ့ IP ကို ရိုက်ပြီး Web-based Manager ကို Log in ဝင်ပါ။
၂) Wizard icon ဆိုတာလေးကို တွေ့အောင်ရှာပြီး Select လုပ်ပါ။
၃) ၄င်း icon လေးမှ တဆင့် Local Area Network (LAN) Settings page ကိုရောက်တဲ့ အထိသွားလိုက်ပါ။
၄) ရောက်ပြီဆိုတာနဲ့ IP Address နဲ့ Netmask ကို အောက်ပါအတိုင်းပြောင်းပါ။ ဒီနေရာမှာတော့ 192.168.50.x / 255.255.255.0 ကိုပဲ ဥပမာ အနေနဲ့ ပြထားပါတယ်။

၅) Enable DHCP ဆိုတာလေးက Selected ဖြစ်နေရပါမယ်။ ဖြစ်မနေရင် ဖြစ်အောင် Select လုပ်ပေးပါ။ ပြီးရင် အောက်ပါ အတိုင်း setting လုပ်ပေးပါ။

၆) Wizard ကို ဆုံးတဲ့အထိ တခြားဘာမှ မပြောင်းပဲ ဆက်သွားပါ။
၇) ဒီအဆင့်မှာတော့ Internal Network ထဲက Client စက်တွေမှာ IP Address ကို Renew ပြန်လုပ်ပေးရမှာပါ။
    ဒါကိုတော့ လုပ်တတ်မယ်ထင်ပါတယ်။ စက် ကို Restart လုပ်ချင်လုပ်။ မလုပ်ချင်ရင် Network cable ကို unplug and plug လုပ်ပေါ့။
   ဒါမှ မဟုတ်ရင်လဲ Active Network connection ကို disable and enable လုပ်ပေါ့။
   ဒါမှ မဟုတ်သေးပြန်ရင်လဲ Start>Run>cmd ဆိုပြီး cmd windows ပေါ်လာရင် ipconfig /renew ဆိုပြီးတော့တာ လုပ်လိုက်တော့ဗျာ။

ကဲ... ဒါပါပဲဗျာ။ ဒီနေရာမှာ ပြထားတဲ့ IP Address တွေ အစား မိမိ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ IP Address တွေကို အစားထိုးထည့်သွင်း အသုံးပြုနိုင်ပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment