Useful Cisco Feature Tools

ဒီနေ့ ပျင်းပျင်းနဲ့ Cisco Site ကို မွှေရင်းနဲ့ အရင်ကထက် ပိုများနေတဲ့ Feature Tools တွေ တွေ့မိလို့ သဘောကျတဲ့ Tool လေးတွေ ပြန်မျှလိုက်ပါတယ်။

IPSec Overhead Calculator Tool ကတော့ ASA နဲ့ IOS device တွေမှာ IPsec tunnel သုံးတဲ့ အခါ MTU Size ကို တွက်လို့ရအောင် သုံးနိုင်ပါတယ်။
https://cway.cisco.com/tools/ipsec-overhead-calc/


IPsec Lan to Lan Configuration Checker ကတော့ IPsec Configuration လုပ်ထားတာ မှန် မမှန် စစ်ဆေးပေးတာပါ။
https://cway.cisco.com/tools/L2L-Checker/


Packet Capture Config Generator and Analyzer ကတော့ Wireshark တွေဘာတွေ မသုံးတော့ပဲ Device ထဲမှာ တခါတည်း Packet Capture လုပ်ပြီး Real Time ကြည့်လို့ရအောင် Configure လုပ်ပေးဖို့ ကူညီတာပါ။
https://cway.cisco.com/tools/CaptureGenAndAnalyse/


Subnet Calculator ဒါကတော့ Third-Party Website/Tool တွေ မသုံးချင်ရင် အဆင်ပြေတာပေါ့။
https://cway.cisco.com/tools/subnetcalc/

Cisco Firewall Configuration Conversion Tool ကိုတော့ တခြား Firewall Vendor (ဥပမာ Juniper/Checkpoint) ကနေ Cisco ASA ကို Migrate လုပ်ချင်တဲ့ အခါ ကူညီပေးဖို့ပါ။
https://fwmig.cisco.com/


Access List Checker ကတော့ အလွန်အင်မတန်များပြားလှတဲ့ Access List တွေ နဲ့ Device တွေမှာ Access List ကို စစ်ဆေးချင်တဲ့ အခါ သိချင်တဲ့ Access List တခုကို ရှာတဲ့ အခါ လွယ်ကူအောင် လုပ်ပေးတာပါ။
https://cway.cisco.com/tools/accesslist/


အပေါ်က ပြောထားတဲ့ Tool တွေ အပြင် IOS Device Command ကနေ NXOS Device Command ကိုပြောင်းသုံးဖို့ Convert လုပ်ပေးတဲ့ Tool အစရှိတဲ့ များပြားစွားသော Tool တွေကို လက်တည့်စမ်းကြည့်ချင်ရင်တော့ အောက်က လင့်မှာ ရနိုင်ပါတယ်။
အားလုံး အတွက် Cisco ID လေးပဲ လိုပါတယ်။ တော်တော်များများကတော့ Beta Version ပဲရှိသေးတာ ဖြစ်လို့ ပြည့်စုံကောင်းမွန်တဲ့ အဆင့်ရောက်ဖို့တော့ အနည်းငယ်လိုပါသေးတယ်။
https://www.cisco.com/c/en/us/support/web/ToolsCatalogNew.html#/

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment