တရုတ်နှစ်ကူး ရုံးပိတ်ရက်မှာ ဘယ်မှ မထွက်ဖြစ်ပဲ။
AWS Cloud နဲ့ ပတ်သက်ပြီး Video Tutorial တခု လုပ်ဖြစ်ပါတယ်။
ဒါလုပ်ရခြင်း ရည်ရွယ်ချက်ကတော့ ...
ကျတော်တို့ Network Professional တွေ Console လေး ဖွင့်ပြီး
Command တွေ ချောက်ချက် ချောက်ချက် ရိုက်နေတဲ့ ဘဝမှာပဲ ပျော်မနေစေချင်လို့ပါ။
ဒီ Video ကို ကြည့်တဲ့ အခါ Cloud ပေါ်မှာ Infra တခုကို နာရီပိုင်း အတွင်း ဆောက်ပြီး သုံးလို့ ရတာကို တွေ့ပါလိမ့်မယ်။
ဒီတော့ Cloud ဆိုတာ ကျတော်တို့ မေ့ထားလို့ မရတော့ပဲ မဖြစ်မနေလေ့လာရတော့မယ့် အရာ တခု ဖြစ်နေပါပြီလို့။
ဒီ Video ဖြစ်ဖို့ ကျတော် တော်တော်လုပ်ယူရပါတယ်။
ပထမ ကိုယ့်အသံနဲ့ Record လုပ်ကြည့်တာ တော်တော် ကို အဆင်မပြေတာနဲ့ Notepad လေးမှာ စာရိုက်ပြီးတော့ပဲ နောက်ခံ တီးလုံးလေးထည့်ပြီး Record ပြန်လုပ်ထားပါတယ်။
ကြည့်ပြီး တစုံတခု အကျိုးများခဲ့တယ်ဆိုရင်ပဲ အချိန်ကုန်ခံပြီး လုပ်ရတဲ့ ကျတော် ပျော်ပါပြီ။
အောက်က Youtube link မှာ ကြည့်နိုင်ပါတယ်ဗျာ။
https://youtu.be/Xmp9Ks0O144
ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment