ကျွန်တော်သိသောComputer Virus များအကြောင်း
Cyber cafe မှာကျွန်တော်တို့သူငယ်ချင်းတစ်စုMP3 player
တစ်ခုကနေပါလာတဲ့ virus တစ်မျိုးနဲ့ရင်ဆိုင်ခဲ့ကြရပါတယ်။
Internet နဲ့ ချိတ်ဆက်ထားတဲ့ computer ထဲကိုရောက်သွားတဲ့
အဲဒီ့ virus ဟာ အတွေ့အကြုံမရှိသေးတဲ့ကျွန်တော်တို့ကိုပညာ
တြွေပလိုက်တာ ဆိုင်ကိုလာတဲ့ customer ကိုတောင်တောင်းပန်
ပြီးပြန်လွှတ်ရတဲ့အထိဖြစ်သွားရပါတယ်။
သုံးနာရီလောက်ကြိုးစားအားထုတ်လိုက်တော့မှပဲအလယ်အလတ်
အဆင့်လောက်သာ computer ကိုဒုက္ခပေးနူိင်တဲ့ ထို virus ကို
ရှင်းထုတ်လို့ရသွားပါတယ်။Virus လေးရဲ့နာမည်လေးက တော့
Worm တစ်မျိုးဖြစ်တဲ့ W32 ပါတဲ့လေ။
အဲဒီလိုဖြစ်ပြီးနောက်မှာတော့…..ကျွန်တော်တို့လိုအတွေ့အကြုံမရှိသေး
တဲ့သူငယ်ချင်းတွေဒါမျိုးမဖြစ်ရအောင်………..
Virus နဲ့ပတ်သက်တဲ့ Data တွေစုစည်းပြီး Blog ပေါ်တင်မယ်ဆိုပြီး
မေ့နေခဲ့ပါတယ်။ဒီလိုနဲ့ပဲသူငယ်ချင်းရဲ့ Cyber cafe တစ်နှစ်ပြည့်တဲ့နေ့
ကိုရောက်လို့ သူ့computer ထဲကို antivirus programအသစ် တစ်ခု install လုပ်ပေး
နေရင်းနဲ့မြှပန်သတိရလာပါတယ်။
ကဲ…. IT နယ်ပယ်မှာကြုံတွေ့နေရတဲ့၊ကြုံတွေ့လာနူိင်တဲ့အဖျက် Programတွေ၊
software တွေကတော့ဒီလိုပါတဲ့ဗျာ……………………..
Rootkits
ပုံစံအမျိုးအစား - လည်ပတ်နေသောလုပ်ငန်းစဉ်ဖြစ်စေ files များကို
ဖြစ်စေ၊system data များကိုဖြစ်စေ ထထကြြွကွမလုပ်နူိင်စေရန်ဖုံးအုပ်
ပေးထားရေးအတွက်တီထွင်ထားသော software တစ်ခုပါ။
အန္တယ်ရာယ်အဆင့် - မြင့်မား
ကြုံတွေ့နူိင်သည့်အနေအထား - အသင့်အတင့်
အဓိကပစ်မှတ် - Windows အသုံးပြုသူများ
Ransomware
ပုံစံအမျိုးအစား - တောင်းဆိုသည့်ပိုက်ဆံမပေးမပေးချင်းမိမိ၏ files များကို
ပြန်ပေးဆွဲထားသကဲ့သို့ data များအားဓားစာခံအဖြစ်ပြုလုပ်ထားနူိင်သည့်
software ဖြစ်သည်။
အန္တယ်ရာယ်အဆင့် - အသင့်အတင့်
ကြုံတွေ့နူိင်သည့်အနေအထား - နည်းပါး
အဓိကပစ်မှတ် - Windows အသုံးပြုသူများ
Phishing
ပုံစံအမျိုးအစား - မိမိနှင့်ဆက်နွှယ်နေသည့်ဘဏ်တစ်ခုခု သို့မဟုတ်
online auction တစ်ခုခု သို့မဟုတ် shopping site တစ်ခုဖြစ်နေစေမည့် website တစ်ခုပေါ်လာလိမ့်မည်။၎င်းသည်အတုဖြစ်သည်။၎င်းမှမိမိ၏တန်ဖိုးရှိသော
ကိုယ်ရေးအချက်အလက်များ data များကိုငါးစာဖြင့်မျှားယူသည့်ပုံစံအတိုင်း လှုံ့ဆော်တောင်းဆိုလာတတ်သည်။
အန္တယ်ရာယ်အဆင့် - မြင့်မား
ကြုံတွေ့နူိင်မည့်အနေအထား - မြင့်မား
အဓိကပစ်မှတ် - အင်တာနက်အသုံးပြုသူတိုင်း
Human fallibility
ပုံစံအမျိုးအစား - social engineering ပုံစံတစ်ခုကဲ့သို့ links များ သို့မဟုတ်
တစ်ဦးဦးထံမှ အီးမေးလ်များ သို့မဟုတ် ယုံကြည်လောက်သည့် site တစ်ခု၏အသွင်အပြင် လက္ခဏာမျိုးကိုဖန်တီးထားသည်။အမှန်တကယ်မှာ
၎င်းသည် clone ပြုလုပ်ထားခြင်း သို့မဟုတ် supplementary links များ ထည့်ထားခြင်းများ ရှိနေသည်။
အန္တယ်ရာယ်အဆင့် - မြင့်မား
ကြုံတွေ့နူိင်သည့်အနေအထား - မြင့်မား
အဓိကပစ်မှတ် - အင်တာနက်အသုံးပြုသူအားလုံး
Mobile viruses
ပုံစံအမျိုးအစား - သာမန်အားဖြင့် Bluetooth မှတဆင့်တယ်လီဖုန်းများက
တိုက်ခိုက်ယူ၍ရံဖန်ရံခါ SMS မှတဆင့်တိုက်ခိုက်ယူသောအဘိဇ္ဈာ software တစ်ခုဖြစ်သည်။၎င်းသည် OS ကိုဖျက်ဆီးမှုပြူတတ်၍ mobile phone များကိုသုံးမရသည့် အခြေအနေ မျိုးအထိဖြစ်သွားစေသည်။
အန္တယ်ရာယ်အဆင့် - အသင့်အတင့်
ကြုံတွေ့နူိင်သည့်အနေအထား - အတော်အသင့်
အဓိကပစ်မှတ် - mobile phone အသုံးပြုသူများနှင့် smart phone အသုံးပြုသူများ
Keylogger
ပုံစံအမျိုးအစား - မိမိ computer အတွင်းလျှို့ဝှက်စွာ install လုပ်ယူလိုက်ပြီး
logs လုပ်ယူသည်။ထို့နောက် စာလုံးရိုက်သွင်းပြုစုထားသမျှ အကြောင်းအရာ
အားလုံးကို ဖန်တီးသူထံ ပို့ပေးသည်။အဓိကမှာ မိမိ online banking စနစ်သုံး password များနှင့် credit card ၏အသေးစိတ်မှတ်တမ်းများကိုရယူ
သွားတတ်သည်။
အန္တယ်ရာယ်အဆင့် - မြင့်မား
ကြုံတွေ့နူိင်သည့်အနေအထား - အသင့်အတင့်
အဓိကပစ်မှတ် - Windows အသုံးပြုသူများ
Botnet
ပုံစံအမျိုးအစား - Click တစ်ချက်နှိပ်ရုံမျြှဖင့် spam များ ပွားများလာခြင်း သို့မဟုတ် အင်တာနက် ပေါ်ရှိ computer များ၊ ကွန်ရက်ခိျတ်ဆက်ထား
သော server များအားလုံးကို နှောင့်ယှက်ဖျက်စီးခြင်း ၀င်ရောက်ဖတ်ရှုခြင်းများပြုလုပ်နူိင်သော software ဖြစ်သည်။
အန္တယ်ရာယ်အဆင့် - မြင့်မား
ကြုံတွေ့နူိင်သောအနေအထား - မြင့်မား
အဓိကပစ်မှတ် - Windows အသုံးပြုသူများအားလုံး
DNS attacks
ပုံစံအမျိုးအစား - Domain name system ကိုတိုက်ခိုက်သောအန္တယ်ရာယ်ဖြစ်သည်။မိမိ၏ ISP(internet service provider) သို့မဟုတ် ကုမ္ပဏီ server သည် scan website တစ်ခု၏ အသုံးချခံခြင်းဖြစ်သွားစေသည်။
အန္တယ်ရာယ်အဆင့် - မြင့်မား
ကြုံတွေ့နူိင်မည့်အနေအထား - မြင့်မား
အဓိကပစ်မှတ် - စီးပွားရေးလုပ်ငန်းများ
Passport Malware
ပုံစံအမျိုးအစား - Passport တွင်ဖြစ်စေ၊ ယာဉ်မောင်းလိုင်စင်တွင်ဖြစ်စေ
computer chips အသေးစားလေးများမြှုပ်နှံ၍ ကိုယ်ရေးအချက်အလက်များ
ကို သိမ်းဆည်း သိုမှီးထားခိုင်းတတ်သည်ကို ၀င်ရောက်အနှောင့်အယှက်ပေးနူိင်သော software ဖြစ်သည်။
အန္တရာယ်အဆင့် - အသင့်အတင့်
ကြုံတွေ့နူိင်သည့်အနေအထား - နည်းပါး
ပစ်မှတ် - စားသောက်ကုန် ၀ယ်ယူအသုံးပြုသူများ
All-platform Treats
ပုံစံအမျိုးအစား - Windows အပြင်အခြား operating system များဖြစ်သော Mac နှင့် Linux ထံသို့ပင်တိုက်ခိုက်လာသော software ဖြစ်သည်။
အန္တယ်ရာယ်အဆင့် - မြင့်မား
ကြုံတွေ့နိုင်သောအနေအထား - နည်းပါး
အဓိကပစ်မှတ် - Windows,Mac,Linux အသုံးပြုသူအားလုံး
ကဲသူငယ်ချင်းတို့ရေ Sparrowကတော့ဒီလောက်ပဲသိသေးတယ်နော်…………
သူငယ်ချင်းတို့သိထားတာလေးတွေရှိရင်လည်း ပြန်ပြောပြအုံးနော်။
Soruce:Computer Journal (March 2007)
မဖြေနူိင်ခဲ့သောမေးခွန်းနှစ်ခု……………..
မန္တလေးနည်းပညာတက္ကသိုလ်များသို့တက်ရောက်ချင်ပါသော်လည်း
ကျောင်းဝင်ခွင့်မပေးတော့သဖြင့်အစိုးရနည်းပညာကောလိပ်(GTC)နှင့်
သာကျေနပ်ခဲ့ရသောကျောင်းသားများ၏ရင်ထဲတွင်ဒီမေးခွန်းလေးနှစ်ခု
ရှိခဲ့ဖူးပါတယ်……………………။
ကောလိပ်နှင့်တက္ကသိုလ်ဘာကွာခြားသနည်း…..?။
ကောလိပ်နှင့်တက္ကသိုလ်တွင်မည်သည့်ခြားနားချက်ရှိပါသနည်း…..?။)
ကောလိပ်နှင့်တက္ကသိုလ်များတွင် ဘုံတူညီချက်များစွာရှိသည်။
နှစ်မျိုးစလုံးက ကမ္ဘာကြိီးကိုကောင်းစွာနားလည်စေပြီိး ကမ္ဘာ့အတိတ်သမိုင်းကိုလည်းသိရှိစေသည်။နှစ်မျိုးစလုံးက အဆင့်မြင့်ဝိဇ္ဇာ၊
သိပ္ပံပညာရပ်များကိုသင်ကြားပေးသည်။လူငယ်များအနာဂတ်ဘဝရှင်သန်ရပ်တည်
ရေးအတွက်လိုအပ်သည်များကို ကူညီပြင်ဆင်ပေးသည်။
ကောလိပ်တွင်ဖြစ်စေ၊ တက္ကသိုလ်တွင်ဖြစ်စေ လေးနှစ်ကြာ ပညာသင်ယူမှုပြီးဆုံးသောကျောင်းသားများသည် ဘွဲ့ရရှိကြသည်။
ဤတွင် ကွာခြားချက်တစ်ခုမှာ ကောလိပ်များတွင် မဟာဘွဲ့ အတွက်ဆက်လက်
သင်ယူနူိင်မှု မရှိခြင်းပင်ဖြစ်သည်။(အစိုးရနည်းပညာကောလိပ်(မှော်ဘီ)တွင်
မဟာဘွဲ့အတွက်ဆက်လက်ပညာသင်ယူနေသောSeniorကြီးများကို
ကျွန်တော်တွေ့ခဲ့ဖူးပါသည်။ယခုတော့နည်းပညာတက္ကသိုလ်(မှော်ဘီ)ရယ်လို့
ဖြစ်နေပါပြီ။)
တက္ကသိုလ်များမှာ ယေဘုယျအားဖြင့် ကောလိပ်များထက် ပိုမိုကြီးမားပြီး ဘဲွ့မျိုးစုံ
အတွက်သင်ကြားပေးနူိင်ကြသည်။သုတေသနများစွာကိုလည်း ဆောင်ရွက်နူိင်ကြသည်။
ယနေ့ခေတ်မီ တက္ကသိုလ်ကြီးများမှာ အလယ်ခေတ် ဥရောပတက္ကသိုလ်ကြီးများကို
ပုံတူယူပြီး ဖြစ်ထွန်းခဲ့ကြခြင်းဖြစ်သည်။
တက္ကသိုလ်ဟူသော အင်္ဂလိပ် ဝေါဟာရ university မှာလက်တင်ဘာသာ universitas မှ မွေးစားယူခဲ့ခြင်းဖြစ်သည်။အဓိပ္ပာယ်မှာ `ရည်ရွယ်ချက်တစ်ခုအတွက်
လူတစ်စု စုရုံးကြခြင်း´ ဖြစ်သည်။
ကောလိပ် college မှာလည်း လက်တင်ဘာသာ collegium မှပင် လာခဲ့သည်။
အင်္ဂလန်တွင် ကောလိပ်များကို ကျောင်းသားများ စာသင်ရန်နှင့်နေထိုင်နူိင်ရန် တည်ဆောက်ထားခဲ့ကြသည်။ကျောင်းသား အုပ်စု တစ်အုပ်စုသည် တူညီသော
အကြောင်းအရာ တစ်ခုကို လေ့လာခဲ့ကြသည်။ထို့ကြောင့် ကောလိပ်အဓိပ္ပာယ်မှာ
`လေ့လာရန်နေရာ´ ဟူ၍ဖြစ်လာခဲ့သည်။
ကောလိပ်တစ်ခုသည် တက္ကသိုလ်တစ်ခု၏အစိတ်အပိုင်းလည်းဖြစ်နူိင်သည်။ကနဦး
အမေရိကန်တက္ကသိုလ်များသည် သင်ကြားပေးသောဘာသာရပ်များအလိုက် နေရာများခဲွထားပြီး နေရာတစ်ခုစီကို ကောလိပ်ဟု ခေါ်ခဲ့ကြသည်။ယနေ့တိုင် ယင်းကဲ့သို့ခေါ်နေဆဲဖြစ်သည်။အဆင့်မြင့်ပညာရပ်များကို သင်ကြားပေးသော
အစီအစဉ်များ၊ သင်တန်းဖွင့်လှစ်ပေးသော နေရာများကို school (ကျောင်း) ဟုလည်းခေါ်ကြသည်။ဥပမာအားဖြင့် တက်ဆန်(အမေရိကန်)တွင် ဖွင့်လှစ်ထားသော အာရီဇိုးနားတက္ကသိုလ်တွင် ကောလိပ်ပေါင်း ၁၈ ခုနှင့် ကျောင်းပေါင်း ၁၀ ကျောင်း ပါ၀င်ဖွဲ့ စည်းထားသည်။
ယင်းတို့တွင် ဆေးဝါးပညာကောလိပ် ၊ ပညာရေးကောလိပ် ၊ အင်ဂျင်နီယာကောလိပ် ၊ ဥပဒေကောလိပ် နှင့်အတူ ဗိသုကာကျောင်း ၊ အကသင်တန်းကျောင်း နှင့်ပြည်သူ့ ရေးရာစီမံခန့်ခဲွမှုကျောင်း တို့ပါ၀င်ကြသည်။
ယေဘုယျအားဖြင့် အဆင့်မြင့်ပညာရပ်များကို သင်ကြားပေးလျှင် ကောလိပ်ဟုသာ
ခေါ်ဝေါ်သည်။
Reference: လင်းရောင်ခြည်USA (2007-1/No.180)
The Meaningful Signs
အဓိပ္ပာယ်ရှိသောသင်္ကေတလေးများ
Google Talk နဲ့ Chatting လုပ်တဲ့သူငယ်ချင်းတွေအတွက်
Gtalk နဲ့ Gmail မှာ အသုံးများတဲ့ Chatting Signs တွေကိုတတ်နူိင်သလောက်စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်To get this!.............................. Type this
1. wink ………………………….......... ;)
2. straight face………………………… :-l
3. big smile ………………………….... =)
4. nose grin …………………………. :-D
5. big nose wink……………………… ;^)
6. nose wink ………………………… ;-)
7. nose smile ………………………… :-)
8. skeptical ………………………...... :-/
9. sticking tongue out………………. :P
10. heart ……………………….......... <3
11. monkey ………………………..... :(l)
12. rock out! ………………………… \m/
13. shocked ………………………… :-o
14. grin …………………………...... ;D
15. frown ………………………….... :(
16. angry ………………………….... x-(
17. cool …………………………….... B-)
18. crying ……………………………. :’(
19. big grin …………………………… =D
ဒီ Sign လေးတွေဟာ Gtalk နဲ့ Gmail မှာတင် သုံးလို့ရတာမဟုတ်ပါဘူး။
Other Instant Messaging program တွေနဲ့ Chat room တွေမှာပါ သုံးလို့ရပါတယ်။
Moblie phone နဲ့ Message ပို့ရင်လည်း သုံးလို့ရပါတယ်။
တခြား အသုံးများတဲ့ Sign တွေလည်းရှိပါသေးတယ်။
နောက်များမှာ စိတ်ပါရင် ဖော်ပြပေးသွားပါအုံးမယ်။
(Please: ဒီ Signs လေးတွေထဲမှာ မှားနေတာလေးတွေရှိရင်သိတဲ့သူကပြင်ပေးပါနော်။)
I don't want to say....but.....
မပြောချင်ပါ....သို့သော်....
(30.7.07)နေ့ကကျွန်တော့်ရဲ့သက်တမ်းကုန်သွားတဲ့စက်ပြင်လိုင်စင်
လေးကိုသက်တမ်းတိုးဖို့တောင်ဒဂုံဆိပ်ကမ်းမှာရှိတဲ့
ဆက်သွယ်ရေးရုံးကိုသွားခဲ့ပါတယ်။
ကံမကောင်းတာကတော့ဗျာ…..ရုံးကိုလည်းရောက်ရောရုံး
တံခါးတွေပိတ်ထားတာကိုတွေ့လို့ရုံးနောက်ကဝန်ထမ်းအိမ်ရာ
ကိုသွားပြီးမေးကြည့်တော့မှပဲရုံးက`နေပြည်တော််´ကိုပြောင်း
သွားတာကိုသိရပါတယ်ဗျာ………………………..။
(`နေပြည်တော််´ပြောင်းရတဲ့ ရုံး၊ဌာန တွေထဲမှာဆက်သွယ်ရေးရုံး
ပါသွားတယ်ဆိုတာကိုမသိတဲ့ကိုယ့်ကိုယ်ကိုပဲအပြစ်တင်နေ
မိပါတယ်။)
ဒီလိုနဲ့အိမ်ပြန်ရမလား….`နေပြည်တော်´ ပဲသွားရမလားစဉ်းစားနေတုန်း…
လူတစ်ယောက်ရောက်လာ
ပြီး`နေပြည်တော်´ကိုသွားမယ့်လူရှိတယ်လိုင်စင်ကိုလူကြုံထည့်
ပေးလို့ရတယ်ဆိုလို့တနှစ်စာလိုင်စင်ခွန် `၂၄၀ကျပ်´နှင့်
သုံးနှစ်စာ`၇၂၀ကျပ်´အစား `၃၀၀၀ကျပ်´ပေးလိုက်ရပါတယ်ဗျာ…………….။
ကံကောင်းတာပေါ့ဗျာ…မဟုတ်ရင် `၃၀၀၀´ နဲ့မပြီးပဲ `၃၀၀၀၀´ နဲ့
မှ ပြီးမှာလေ……………….။
(ရှေ့ကSenior အကိုတွေပြောတာကတော့သူတို့လက်ထက်တုန်းက
ပန်းဆိုးတန်းကရုံးမှာတင်ပြီးတယ်တဲ့…အခုကျွန်တော်တို့က
တော့တောင်ဒဂုံဆိပ်ကမ်းနဲ့တင်မပြီးလို့`နေပြည်တော်´ရောက်
သွားပြန်ပါရောလား...။)
ဒီလိုနဲ့ကျွန်တော်တွေးလိုက်မိတာက `eGovernment´ဆိုတာကြီးဖြစ်လာ
မှပဲ ကောင်းမှာပါလေလို့။