ပိုလာဝက်ဝံရဲ့ ပုံပြင်

မြောက်ဝင်ရိုးစွန်းမှာနေတဲ့ ပိုလာဝက်ဝံရဲ့ ပုံပြင်တစ်ပုဒ်ကို ကြားဖူးပါသလား....?
အေးခဲတဲ့ မြောက်ဝင်ရိုးစွန်းမှာ ပိုလာဝက်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။ ဒါပေမယ့် အက်စကီးမိုး လူမျိုးတွေက ဘာမှ
အင်အားထုတ်စရာမလိုဘဲအဲဒီဝက်ဝံတွေကိုဖမ်းနိုင်တယ်။
ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး ဖျံရဲ့သွေးကို ပုံးတစ်ခုထဲ
ထည့်ထားလိုက်တယ်။ အသွားနှစ်ဖက်ပါတဲ့ ဓါးမြှောင်ကို သွေးထဲမှာ စိုက်ထားလိုက်တယ်။ အရမ်းအေးတဲ့အတွက် ဖျံသွေးဟာ
အချိန်တိုအတွင်းမှာ ခဲသွားပါတယ်။အဲဒီခဲသွားတဲ့ ဓါးမြှောင်ပါတဲ့ ဖျံသွေးကို ပုံးထဲကထုတ်ပြီး ရေခဲပြင်မှာ ပစ်ထားလိုက်ရုံပါပဲ။
၀က်ဝံတွေက သွေးအရမ်းကြိုက်တယ်။ အဲဒီအကြိုက်ကပဲ သူတို့ကို သေမင်းလက်ထဲ ရောက်စေခဲ့တယ်။ အနံ့ခံကောင်းတဲ့
သူတို့ဟာ သွေးညှီန့ံကို အဝေးကြီးကတောင် ရနိုင်ပါတယ်။ အက်စကီးမိုးတို့ ပစ်ထားတဲ့ သွေးခဲကို ခြေရာခံပြီး တွေ့တာနဲ့
အငမ်းမရ လျှာနဲ့ စတင်လျက်ပါတော့တယ်။ လျက်ရင်း လျက်ရင်း လျှာခဲသွားလည်း အစာကောင်းကို လက်မလွတ်ချင်တာနဲ့
ဆက်လျက်ပါတယ်။ အဲဒီနောက် ခဲနေတဲ့သွေးက ပိုချိုလာတယ်။ ပိုလတ်ဆတ်လာတယ်။ ပိုပူနွေးလာတယ်ဆိုကို
သတိမထားမိတော့တဲ့အထိပါပဲ။
လျက်လေ အရသာရှိလေ၊ အရသာရှိလေ လျက်လေနဲ့ သူတို့ရဲ့သွေးကို သူတို့ သောက်နေမိမှန်းတောင် မသိကြတော့ပါဘူး။
အကြောင်းက သွေးခဲအလယ်မှာ စိုက်ထားတဲ့ ဓားက လျက်နေတဲ့ သူတို့လျှာကို လှီးဖြတ်နေခဲ့လို့ပဲ။ အအေးဓာတ်ကြောင့်
ထုံနေတဲ့ လျှာက နာကျင်တာကို မခံစားမိတော့ဘူး။ အနံ့ခံကောင်းတဲ့ နှာခေါင်းက လတ်ဆတ်တဲ့ သွေးန့ံရလေ လျက်နှုန်းက
မြန်လေလေ နောက်တော့ ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေမိတော့တယ်။ နောက်ဆုံးတော့ သွေးထွက်လွန်ပြီး
မူးလဲသွားပါတယ်။ အဲဒီအချိန်မှာ အက်စကီးမိုးတွေက သူတို့ကို ဘာအင်အားမှ မသုံးဘဲ ဖမ်းလိုက်ရုံပါပဲ။
ဘဝရဲ့ ပျော်ရွှင်ခြင်းတွေကို ရှာဖွေတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လဲွမှားခဲ့ရင် ကျွန်တော်တို့ဟာလည်း
ပိုလာဝက်ဝံနဲ့ တူသွားနိုင်တယ်။ တစ်ချို့လူတွေက အလုပ်ချိန် များများလုပ်လေ ပိုအောင်မြင်လေလေ ၀င်ငွေများများ
ရလေလေလို့ ထင်တတ်ကြတယ်။ ဒါပေမယ့် သူတို့မှာ အဲဒီငွေကြေးကို ဖြုန်းဖို့ အချိန်မရှိခဲ့ကြဘူး။ တစ်ချို့က အဲဒီငွေကြေးကို
ဘယ်လိုသုံးရမယ်မှန်းမသိကြဘူး။
၀င်ငွေများလာတာနဲ့နည်းတူ တစ်ဖက်မှာလည်း တစ်ချို့အရာတွေကို သူတို့ဆုံးရှုံး ကြရတယ်။ လူ့ဘဝရဲ့ တန်ဖိုးအရှိဆုံး
အရာဖြစ်တဲ့ မိသားစုနဲ့အတူနေတဲ့ အချိန်တွေ၊ နွေးထွေးတဲ့ မိဘမေတ္တာငတ်နေတဲ့ သားသမီးတွေ၊ လူမှုရေး၊ ကျန်းမာရေး၊
လူတစ်ဖက်သားကိုကူညီဖို့အရေးဆိုတာကိုတောင်သူတို့မေ့နေခဲ့ကြတယ်။
အမေရိကားရဲ့ အပတ်စဉ် ဂျာနယ်တစ်ခုက အငြိမ်းစားယူကုန်ကြတဲ့ ထိပ်သီးစီးပွါးရေး ပညာရှင် ဆယ်ဦးကို မေးခွန်းမေးပြီး
စာရင်းလုပ်ခဲ့ဖူးတယ်။ မေးခွန်းက “ တကယ်လို့ ဘဝကို အသစ်ပြန်စရရင် သင်အမျှော်လင့်ဆုံးနဲ့ လက်မလွတ်ချင်ဆုံးအရာက
ဘာလဲ” တဲ့။ ပညာရှင် ခုနှစ်ဦးက တူညီတဲ့ အဖြေကိုပေးခဲ့ပါတယ်။ အဖြေက “ တကယ်လို့ ဘဝကို အသစ်ပြန်စရရင်
သားသမီးတွေနဲ့အတူနေတဲ့အချိန်ကိုလက်မလွတ်ချင်ဆုံးပါ”လို့ပြန်ဖြေခဲ့ကြတယ်။
တစ်ချို့လူတွေက ဆုံးဖြတ်ပြီးရင် နောင်တမရဘူးလို့ ပြောတတ်ကြတယ်။ ဒါပေမယ့် မဆုံးဖြတ်ခင် သေချာ မစဉ်းစားခဲ့ရင်
နောက်ဆုံးတော့ နောင်တ ရကြစမြဲပါပဲ။ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။ ငွေဟာ
ရှာလို့မကုန်နိုင်တဲ့ အရာပါတဲ့... ရှာလေလေ ရလေလေ လိုချင်လေလေ နောက်ဆုံးတော့ လုံလောက်ပြီလို့ မထင်ဘဲ
ငွေနောက်ကိုပဲ ကောက်ကောက်ပါ ကုန်ကြတယ်တဲ့။ ကျွန်တော်တို့ဟာ ပိုလာဝက်ဝံလို ကိုယ့်သွေးကို သောက်ပြီး
ပျော်နေကြတဲ့လူ ဖြစ်နေခဲ့ပြီလား...?
တင်းတိမ် ရောင့်ရဲနိုင်တဲ့လူက ဘယ်တော့မှ မဆင်းရဲဘူး။ မတင်းတိမ်နိုင်တဲ့လူက အမြဲဆင်းရဲနေတယ်။
(သူငယ်ချင်းတစ်ယောက်က ပို့လာတဲ့ email လေးကိုပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်... မူရင်းစာရေးသူဘယ်သူလဲမသိပါ။ ခွင့်မတောင်းပဲကူးယူခြင်းကိုခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်။)

ကျွန်တော်လိုချင်သောသည်လိုဘဝလက်တွဲဖော််

ကျွန်တော့်အမ နာမည်ကြီးဘလောဂ့်ဂါ…မလေးမ က Tag ပါတယ်…ကိုယ့်ဘဝအတွက်လက်တွဲဖော်ကို…ဘယ်လိုပုံစံလေးတွေတော့ရှိီရမယ်ဆိုပြီးသတ်မှတ်ထားလဲဆိုတာကိုရေးပြပါတဲ့လေ….
ကျွန်တော်ကတော့ကျွန်တော်တစ်ဘဝလုံးတွဲသွားရမယ့် သူကို ဒီလိုပုံစံလေးတွေကိုတော့ဖြစ်စေချင်တယ််ဆိုပြီးသတ်မှတ်ထားပါတယ်….
၁။ဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်ရပါမယ်။
(ဒါကတော့ရှင်းပါတယ်…သိပ်ပြောစရာလိုမယ်မထင်ပါဘူး)
၂။ရုပ်ချောလွန်း၊ဆိုးလွနု်း…ချမ်းသာလွန်း၊ဆင်းရဲလွန်း…ပညာအရည်းအချင်းမြင့်မားလွန်း၊နိမ့်လွန်း…စတဲ့ အစွန်းနှစ်ဖက်မှလွတ်သူဖြစ်ရပါမယ်။
(လူတော်တော်များများဟာတခုခုမှာသာလွန်နေရင်ဖြစ်ဖြစ်၊နိမ့်ပါးနေရင်ဖြစ်ဖြစ်…ပေါင်းသင်းရခက်တဲ့သူတွေများတယ်လို့ကျွန်တော်ယူဆလို့ပါ။)
၃။ကိုယ်ကချစ်တဲ့သူ(သို့)ချစ်နိုင်တဲံ့သူဖြစ်ရပါမယ်။
(ဒါကလဲသူများတွေအတွက်တော့မသိပါဘူး…ကျွန်တော့်အတွက်တော့အရေးကြီးပါတယ်)
၄။စိတ်သဘောထားပြည့်ဝတဲ့သူဖြစ်ရပါမယ်။
(အားတိုင်းသဝန်တိုတာတို့…စိတ်ကောက်တာတို့…စတာတွေလုပ်ခံရမှာစိုးလို့ပါ)
၅။မိဘအပေါ်ရိုသေသူဖြစ်ပြီး…သူ့ဖက်၊ကိုယ့်ဖက်…နှစ်ဖက်လုံးပေါ်မှာ…ညီတူမျှတူစိတ်ထားတခုတည်းထားနိုင်သူဖြစ်ရပါမယ်။
(ကိုယ့်ဖက်တော့သာ၊သူ့ဖက်တော့နာဆိုတာမျိုးကိုဘယ်လိုမှလက်မခံနိုင်လို့ပါ)
၆။မြန်မာမူ၊မြန်မာဟန်၊မြန်မာပုံစံကိုနှစ်သက်မြတ်နိုးသူ…မြန်မာမိန်းကလေးပီသသူဖြစ်ရပါမယ်။
(တကယ့်မြန်မာမိန်းကလေးတွေဟာသူတို့အတွက်လိုအပ်ချက်တွေသိပ်မရှိတတ်ကြပါဖူး…
လိုအပ်ချက်တွေသိပ်များရင်သောကတွေလဲသိပ်များတာပေါ့ဗျာ)
၇။မိန်းမသားတို့တတ်မြောက်ထားဖို့လိုအပ်တဲ့…ချက်ပြုတ်၊ချုပ်လုပ်၊လျှော်ဖွပ်…စတဲ့ အိမ်မှုကိစ္စ..တွေကိုကိုယ်တိုင်လဲနိုင်နင်းရမယ်၊သူများကိုခိုင်းမယ်ဆိုလဲ ကောင်းစွာစီမံနိုင်သူဖြစ်ရပါမယ်။
(ဒါတွေကတော့အိမ်တစ်အိမ်းရဲ့ထွက်ငွေအများဆုံးနေရာတွေမို့လို့ပါ…ဒီနေရာတွေမှာသာကောင်းစွာမထိန်းနိုင်ရင်…သေပြီဆရာပဲ)
၈။Electronic Engineer, IT Professional မဖြစ်ရပါ။
(ဒါတွေကကျွန်တော့်လက်ရှိအလုပ်တွေမို့လို့…တစ်ယောက်နဲ့တစ်ယောက်..အငြင်းပွားတဲ့
ပြဿနာတြွေဖစ်လာနိုင်လို့ပါ)
၉။လောင်းကစား၊မူးယစ်ဆေးဝါး…ကင်းရှင်းသူဖြစ်ရပါမယ်။
(ဒါတွေကတော့မိန်းကလေးတွေနဲ့လားလားမှကိုမအပ်စပ်တဲ့အရာတွေပါ)
၁၀။အထက်ကပြောခဲ့တဲ့ (၉)ချက်နဲ့ညီသူဖြစ်ရပါမယ်။
မညီခဲ့ရင်ဘာလုပ်မလဲ…..ညီတဲ့သူမတွေ့မချင်းရှာမယ်…မတွေ့ရင်..သေတဲ့အထိဘဝကို…
တစ်ယောက်တည်းဖြတ်သန်းမယ်။
ကဲ…ဒါပါပဲဗျာ..အကျဉ်းချုံးပြီးရေးလိုက်တာပါ…(၁)ချက်ခြင်းကိုသာအကျယ်ချဲ့လိုက်လို့ကတော့…ဟဲ..ဟဲ..
အမရေ…ကျေနပ်တော့နော်…
ကိုယ့်ကိုလက်တွဲလာမယ့်သူအတွက်တောကိုယ့်ဖက်ကဘာတွေနဲ့ပြည့်စုံနေရမယ်ဆိုပြီးသတ်မှတ်ထားသလဲဆိုတာကိုတော့မရေးတော့ဘူးနော်..အမရေးခိုင်းတဲ့အထဲမှာမပါလို့..
အင်တာနက်သုံးရင်းဒါမျိုးလေးတွေ့ဘူးလားသူငယ်ချင်းတို့ရေ..


သိပ်တော့မမိုက်ဘူးနော်...ဒါမျိုးတွေ့ဖူးတာဒါပထမဆုံးပဲ..
အင်တာနက်ပေါ်မှာလဲဒါမျိုးရှိတာပဲလားဟင်
သိတဲ့သူဖြေပေးပါအုံး...

VIRUS ALERT!!!

FYI, If someone by the name of DJ KHUGAAN wants to add you
to their list...dont accept it!! Its a virus!!! Tell everyone on your
list because if somebody on your list adds them,...you will get it
too.It is a hard drive killer and a very horrible virus. Please pass
this on to everyone on your list.