Websites To Watch FIFA World Cup 2010 Live Online For Free

မနေ့က ဘောလုံးပွဲထိုင်ကြည့်ရင်းနဲ့ သူငယ်ချင်းတယောက် က မေးလာတယ်... Online ကနေ ကြည့်လို့ရမယ့် Site လေးတွေပေးပါအုံးတဲ့... ဒါနဲ့ ပဲ Goggling လုပ်လိုက်တယ်လေ...

http://www.justin.tv/directory/sports/soccer
http://espn.go.com/espn3/index/_/sport/soccer-futbol
http://atdhe.net/index.html
http://www.ustream.tv/discovery/live/sports-soccer
http://hostream.net/...http://streamick.com/
http://livesport1.us/
http://www.asiaplatetv.com/football.php
http://iraqgoals.net/
http://www.free-football.tv/
http://www.myp2p.eu/
http://www.livesoccertv.com/world-cup-2010/#_videos
http://livefooty.doctor-serv.com/
http://www.watch-free.tv/watch-live-tv-sports-online/
http://firstrow.net/sports/football.html
http://www.fromsport.com/c-1.html
http://tvbunch.com/16/Live-Streams/worldcup2010

ရှိသေးရင်ပေးခဲ့ပါအုံးဗျာ

Triple Play Service

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း... FTTx ဆိုတဲ့... Service တခုကို သုံးလို့ရနေပါပြီ...
သူက ဘာလုပ်ပေးလဲဆိုတော့... Triple Play Service ဆိုတာကို လုပ်ပေးပါတယ်တဲ့..
ဒီတော့ Triple Play ဆိုတာ ဘာလဲ.. ဆိုတာကို ရှင်းပြဖို့ လိုလာပြီပေါ့...

ကဲ...
Triple Play ဆိုတာဟာ Telecommunication Networking Field က ဝေါဟာရတစ်ခုပါ။
အထူးသဖြင့် NGN ပေါ်မှာ Data + Voice + Multimedia သုံးမျိုးစလုံး ပေးနိုင်တဲ့ service ပါ။
Data Service မှာဆိုရင် Broadband (xDSL, Wi-Max, WLL, ...) Internet Access, Hot-spot, GPRS, စသဖြင့် ပေးနိုင်တယ်။
Voice ကတော့ telephone services (PSTN, CDMA, GSM, WCDMA, IN, 3G) တွေနဲ့ VoIP ကိုပါ ပေးနိုင်တယ်။
Multimedia ဆိုတာကတော့ IPTV, Video Conference, စတဲ့ service တွေကို ပေးနိုင်တယ်။
အဲ့ဒီ service သုံးမျိုးစလုံး ရတဲ့ Telecom Network ကို Triple Play Network လို့ခေါ်တယ်။
Triplay Play Network ရဲ့ Sample Structure နမူနာပုံလေးတွေကို အောက်မှာပြထားပါတယ်။







Technical Terms
GPRS (General Packet Radio Service)
GPRS က mobile phone (GSM, CDMA) တွေပေါ်မှာ Internet Access ရအောင် လုပ်ပေးတဲ့ service ပါ။

Hot-Spot WiFi wireless technology ကို အသုံးပြုပြီး Internet Access ပေးတဲ့ နေရာတွေကိုခေါ်ပါတယ်။
ဥပမာ လေဆိပ်လို မီးရထားဘူတာရုံလို နေရာမျိုးတွေမှာ Hot-Spot ရှိနိုင်တယ်။ အဲ့ဒီလိုနေရာတွေမှာ အင်တာနက်သုံးချင်ရင် ကိုယ်. ရဲ့ Laptop ဒါမှမဟုတ် PDA ကိုသုံးပြီး အင်တာနက် ကိုအသုံးပြုနိုင်တယ်။ ဒီလိုအသုံးပြုနိုင်အောင်လို့ SP (Service Provider) ကဆောင်ရွက်ပေးပါတယ်။ SP မရှိရင်တော့ သုံးလို့မရဘူးပေါ့။

NGN (Next Generation Network)
WLL (Wireless Local Loop)
PSTN (Public Switched Telephone Network)
CDMA (Code Division Multiple Access)
GSM (Global System for Mobile communication)
W-CDMA (Wideband CDMA)
IN (Intelligent Network)
3G (Third Generation Mobile phone network)
IPTV (Internet Protocol Television)
PDA (Personal Digital Assistant)
VoIP (Voice over Internet Protocol)

xDSL (Refers collectively to all types of Digital Subscriber Lines)
Wi-MAX (Worldwide Interoperability for Microwave Access)

Math Type for Microsoft Office




ဒီနေ့တော့ အချိန်လေးရတုန်း အထူးသဖြင့် Electronics Engineer ၊ သချင်္ာအထူးပြုသမား တွေအတွက်
မိမိတို့စာတမ်းများကို ပြုလုပ်တဲ့အခါ Formula တွေကို Miscrosoft Office ထဲလွယ်လင့်တကူနဲ့ရေးထည့်နိုင်ဖို့အတွက်
အသုံးလိုတဲ့ plug in programm လေးတခုကို ဝေမျှချင်ပါတယ် အထူးသဖြင့် စာသင်သမားများတွက် အသုံးတည့်မယ်လို့ထင်ပါတယ်..
အကြမ်းဖျဉ်းအားဖြင့် ပြောရမယ်ဆိုရင် Math Type ဆိုတာ
Microsoft Word, PowerPoint အစရှိသော Office file များထဲကို
Formula များ၊ Office file ထဲမှာမပါတဲ့ အက္ခရာများကို ဒီဆော့လ်ဝဲအကူအညီနဲ့ ရိုက်ထည့်နိုင်အောင်
အသုံးပြုလို့ ရတဲ့ Program လို့သတ်မှတ်နိုင်ပါတယ်...
အောက်မှာ ပုံနှင့်တကွ တစ်ခုချင်းစီ ရှင်းပြပါမယ်..
Math Type ဆော့လ်ဝဲကို run ပြီးတာနဲ့ Office file တွေရဲ့ tool bar မှာ Math type ဆိုပြီးပေါ်နေမှာဖြစ်ပါတယ်
အဲဒီနေရာကို Click လိုက်တာနဲ့ အောက်ကပုံအတိုင်းထွက်မှာဖြစ်ပါတယ်
မိမိ formula ထည့်လိုတဲ့နေရာကို ရွှေးချယ်ပြီး Click ပေးပြီးထည့်လိုက်ယုံပါဘဲ
ရိုက်ပြီးသားဖော်မြူလာကိုလည်း ကလစ် နှစ်ချက်ထောက်ပြီး လွယ်လင့်တကူ
ပြင်နိုင် အသုံးပြုနိုင်ပါတယ် ။
Microsoft office 2007 နဲ့ဆိုပိုအဆင်ပြေမယ်ထင်ပါတယ်..


အောက်မှာ ဒီဆော့လ်လေးကိုပေးထားပါတယ်
Window XP နဲ့ Vista အတွက် နှစ်မျိုးလုံးကို တဖိုင်တည်းနဲ့ထည့်ပေးထားပါတယ်
Crack ဖိုင်ပါတစ်ပါတည်းပေးလိုက်ပါတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျ လိုအင်ဆန္ဒတွေ ပြည့်ဝနိုင်ကြပါစေ

Download Math Type

Source: မောင်ပညာ

BitLocker to Go (Part 2)

ကဲ... Drive လေးကို Encrypt လုပ်တာတော့ရပြီဗျာ... Decrypt လုပ်ကြည့်ကြရအောင်....

Start>Control Panel>All Control Panel Items>BitLocker Drive Encryption ဆိုတဲ့နေရာထိသွားမယ်ဗျာ
BitLocker Drive Encryption ဆိုတာကိုရှာ တွေ့ရင် Click လုပ်မယ်

ဒါဆိုရင်... ကိုယ့်စက်မှာ တပ်ထားတဲ့ Storage Drive တွေကို ပြထားတဲ့ Windows လေးပေါ်လာပြီပေါ့ဗျာ
ဒီနေရာမှာ...BitLocker နဲ့ Encrypt လုပ်ထားတဲ့ Drive ဆိုရင်.. ဘေးနားမှာ Unlock Drive ဆိုတာလေး ပေါ်နေလိမ့်မယ်ဗျာ... အဲ့ဒီစာလေးကို Click ဆက်လုပ်ဗျာ... ဒါဆိုရင် ... Drive ကို Encrypt လုပ်တုန်းက
ပေးခဲ့တဲ့ Password ကို ထည့်ခိုင်းတဲ့ Windows လေးပေါ်လာမယ်ဗျာ...
ကဲ ... ထည့်ပေးလိုက်ပါအုံး... ပြီးရင်.. Unlock ဆိုတာလေးကို Click ပေါ့ဗျာ...
ဒါဆိုရင်... Drive ကို Decrypt လုပ်ပြီးပြီပေါ့ဗျာ...
Drive Unlock ဖြစ်သွားပြီပေါ့...
နောက်တဆင့်က ပုံ (၆) မှာပြထားသလို Start>Control Panel>All Control Panel Items>BitLocker Drive Encryption ဆိုတဲ့နေရာကိုပြန်သွားမယ်...
Turn Off BitLocker ဆိုတာကို ရှာမယ်...တွေ့ရင် Click လုပ်ဗျာ...
ဒါဆို ပုံ (၇) မှာပြထားတဲ့ BitLocker Drive Encryption ဆိုတဲ့ Window တခု ပေါ်လာမယ်... အဲ့ဒီမှာ.. Decrypt Drive ဆိုတာကို Click လုပ်ဗျာ... ပုံ (၈) မှာပြထားသလို Decryption... ဆိုတဲ့ Window လေးပေါ်နေမယ်... အချိန်တခုလောက်တော့ စောင့်ပေါ့... ပြီးသွားရင် Close ပေါ့
ကဲ ပြီးပါပြီဗျာ...
လုပ်ပုံလုပ်နည်းကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါသေးတယ်ဗျာ... အားလုံးပဲ ကျေနပ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်...

ပုံ (၁)

ပုံ (၂)


ပုံ (၃)

ပုံ (၄)

ပုံ (၅)

ပုံ (၆)

ပုံ (၇)

ပုံ (၈)

ပုံ (၉)


မှတ်ချက်။ ။ Drive တွေကို Encrypt (or) Decrypt လုပ်နေချိန်မှာတော့ စိတ်ရှည်ရှည်ထားပေါ့ဗျာ... ဘယ်လိုနည်းနဲ့မှ ရပ်လိုက်တာတို့... USB Drive ဆိုရင် ဆွဲဖြုတ်ပစ်လိုက်တာတို့တော့ မလုပ်နဲ့ပေါ့နော်... စိတ်မရှည်ရင် မလုပ်ဖို့ ကြိုတင်ပြီး သတိပေးပါတယ်...စောင့်ရတာ ကို သည်းမခံနိုင်လို့ ရပ်လိုက်မယ်... ဆွဲဖြုတ်လိုက်မယ်ဆိုရင်တော့... ဟဲဟဲ.. At your own risk ပေါ့နော်...

BitLocker to Go (Part 1)

ဒီကနေ့ ခေတ်မှာ... ကွန်ပျူတာသုံးတဲ့ သူတော်တော်များများဟာ USB Storage Drive တွေကို တွင်တွင်ကျယ်ကျယ်သုံးလာကြပါပြီ...USB Storage Drive တွေရဲ့ Data သိမ်းဆည်းနိုင်မှုကလည်း မယုံနိုင်လောက်အောင်ပဲ တိုးတက်လာတယ်လေ... ဒီတော့... USB Storage Drive ထဲက Data ရဲ့ လုံခြုံရေးကိုလည်း...ထည့်သွင်းစဉ်းစားလာရပြီပေါ့ဗျာ... ဘာလို့လဲ... ဒါလေးတွေက အလွယ်တကူ မေ့ကျန်ပျောက်ဆုံးနိုင်တယ်လေ... ပျောက်သွားလဲ... အသစ်တခု ပြန်ဝယ်ဖို့ က စျေးက လက်လှမ်းမှီတဲ့ အနေအထားမှာ ရှိနေတယ်လေ... ဘာပဲဖြစ်ဖြစ်ပေါ့... ကိုယ့် Data လေးကတော့ အရေးကြီးတယ်လေ... ဟုတ်တယ်ဟုတ်...

ဒါကို Microsoft ကလည်းသိပါတယ်ဗျ... Window Vista မှာ ကတည်းက BitLocker ဆိုတာလေးကို ထည့်ပေးခဲ့တယ်လေ... ဒါပေမယ့်သူက... OS တင်ထားတဲ့ Hard Drive ရဲ့ Partition ကိုပဲ Encrypt လုပ်ပေးနိုင်တာဗျ... အခု Window 7 ကျတော့မှ... USB Storage Drive တွေအတွက်ပါ... Encrypt လုပ်ဖို့ ထည့်ပေးလာတာလေ...

ဒီတော့ BitLocker နဲ့ USB Storage Drive ကို Encrypt လုပ်ကြည့်ကြစို့လားဗျာ...

အခုကျွန်တော်က Window 7 တင်ထားတဲ့ စက်မှာ USB Storage Drive တပ်ပြီဗျာ...



တပ်ထားတဲ့ USB Drive ပေါ်မှာ Right Click လုပ်တယ်ဗျာ…ပေါ်လာတဲ့ Pop-up menu ပေါ်က Turn on Bitlocker ဆိုတာကို Select လုပ်တယ်ဗျာ ပုံ (၁) မှာကြည့်ပါ



ပုံ (၁)

ဒါဆို အောက်က ပုံ (၂) လေးပေါ်လာလိမ့်မယ်… Use a password to unlock the drive ဆိုတဲ့ Check box လေးကို အမှန်ခြစ်လေးခြစ်ပါ…. Password လေး ထည့်ပေးဗျာ… တခုတော့ရှိတယ်ဗျ… Password က အနည်းဆုံး (၈) လုံးရှိရမယ်နော်….

ပုံ (၂)

ပြီးရင်တော့ Next ပေါ့။

ပုံ (၃) လေးပေါ်လာပြီနော်… ဒီအဆင့်မှာ ၂ မျိုးထဲက ၁ မျိုးကိုရွေးပေးရမယ်ဗျ… ဒါမှ Next ကို ဆက်သွားလို့ရမှာ…ဘာလို့လဲဆိုတော့… password မေ့သွားတာမျိုးကို ကာကွယ်ဖို့အတွက်တဲ့ဗျာ…

ပုံ (၃)

ကဲ Next လုပ်ပြီးရင်တော့ Drive ကို စပြီး Encrypt လုပ်ပါတော့မယ်… ပုံ (၄) မှာ ပြထားတဲ့ အတိုင်း Start Encrypting ဆိုတာလေးကို နှိပ်လိုက်ပါ။

ပုံ (၄)



ပြီးရင် ပုံ (၅) မှာပြထားသလို နဲနဲတော့ စောင့်ပေါ့ဗျာ… Encrypting Process ပြီးပြီဆိုရင်… ပုံ (၆) မှာပြထားသလို Close ပေါ့။

ပုံ (၅)



ပုံ (၆)

ကဲ… ကျေနပ်ပါတော့ဗျာ…

နောက်တော့လည်း အချိန်များရသေးရင် အသေးစိတ်တွေ ထပ်ရေးပါအုံးမယ်…