Math Type for Microsoft Office




ဒီနေ့တော့ အချိန်လေးရတုန်း အထူးသဖြင့် Electronics Engineer ၊ သချင်္ာအထူးပြုသမား တွေအတွက်
မိမိတို့စာတမ်းများကို ပြုလုပ်တဲ့အခါ Formula တွေကို Miscrosoft Office ထဲလွယ်လင့်တကူနဲ့ရေးထည့်နိုင်ဖို့အတွက်
အသုံးလိုတဲ့ plug in programm လေးတခုကို ဝေမျှချင်ပါတယ် အထူးသဖြင့် စာသင်သမားများတွက် အသုံးတည့်မယ်လို့ထင်ပါတယ်..
အကြမ်းဖျဉ်းအားဖြင့် ပြောရမယ်ဆိုရင် Math Type ဆိုတာ
Microsoft Word, PowerPoint အစရှိသော Office file များထဲကို
Formula များ၊ Office file ထဲမှာမပါတဲ့ အက္ခရာများကို ဒီဆော့လ်ဝဲအကူအညီနဲ့ ရိုက်ထည့်နိုင်အောင်
အသုံးပြုလို့ ရတဲ့ Program လို့သတ်မှတ်နိုင်ပါတယ်...
အောက်မှာ ပုံနှင့်တကွ တစ်ခုချင်းစီ ရှင်းပြပါမယ်..
Math Type ဆော့လ်ဝဲကို run ပြီးတာနဲ့ Office file တွေရဲ့ tool bar မှာ Math type ဆိုပြီးပေါ်နေမှာဖြစ်ပါတယ်
အဲဒီနေရာကို Click လိုက်တာနဲ့ အောက်ကပုံအတိုင်းထွက်မှာဖြစ်ပါတယ်
မိမိ formula ထည့်လိုတဲ့နေရာကို ရွှေးချယ်ပြီး Click ပေးပြီးထည့်လိုက်ယုံပါဘဲ
ရိုက်ပြီးသားဖော်မြူလာကိုလည်း ကလစ် နှစ်ချက်ထောက်ပြီး လွယ်လင့်တကူ
ပြင်နိုင် အသုံးပြုနိုင်ပါတယ် ။
Microsoft office 2007 နဲ့ဆိုပိုအဆင်ပြေမယ်ထင်ပါတယ်..


အောက်မှာ ဒီဆော့လ်လေးကိုပေးထားပါတယ်
Window XP နဲ့ Vista အတွက် နှစ်မျိုးလုံးကို တဖိုင်တည်းနဲ့ထည့်ပေးထားပါတယ်
Crack ဖိုင်ပါတစ်ပါတည်းပေးလိုက်ပါတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျ လိုအင်ဆန္ဒတွေ ပြည့်ဝနိုင်ကြပါစေ

Download Math Type

Source: မောင်ပညာ

No comments :

Post a Comment