စာဖတ်ပါ

ကျွန်တော်တို့ IT သမားတွေ ဆိုတာ နေ့တိုင်း ပေါ်ထွက်နေတဲ့...နည်းပညာတွေကို လိုက်မှီဖို့ စာအမြဲဖတ်နေရပါတယ်...ဒီလိုပါပဲ...ကျန်တဲ့ အင်ဂျင်နီယာ...ဆရာဝန်...အိုဗျာ...အားလုံး အားလုံး စာဖတ်ဖို့လိုပါတယ်... ဒီလိုစာဖတ်ဖို့ကို လည်း...ဆရာဖေမြင့်က...သူ့ရဲ့ စာဖတ်သူ၏ မှတ်စုများ စာအုပ်မျက်နှာဖုံးမှာ ဒီလိုရေးထားတာကို တွေ့မိပါတယ်...

 လူသည် မနက်ထက် ညမှာ ပညာပိုရှိရမည်။
မနေ့ကထက် သည်ကနေ့ ပညာပိုရှိရမည်။
အသက်ကြီးလာသည်နှင့်အမျှ
ဦးနှောက်အလေးချိန် ပိုစီးလာရမည်။
သည်အတွက် ဘယ်လိုလုပ်မည်နည်း။
တစ်နည်းသာ ရှိသည်။
"စာဖတ်ပါ"

ဖေမြင့်

ဒီစာလေးကို blog တခုရဲ့ Side bar မှာ တွေ့မိလို့... တင်ချင်စိတ်ပေါ်လာတာနဲ့ တင်လိုက်ပါတယ်ဗျာ...

No comments :

Post a Comment