Home Location Register

မနေ့က အလုပ်ထဲမှာ...လုပ်ဖော်ကိုင်ဖက် လေးတွေ... CDMA Network System ထဲက HLR (Home Location Register ) အကြောင်းဆွေးနွေးတဲ့အချိန် မှာ ကျွန်တော်ရောက်သွားတယ်...သူတို့တွေ သိပ်နားမလည်တာကိုတွေ့ရတာနဲ့ပဲ ကျွန်တော်လည်း... အပေါ်ယံ လေး နည်းနည်းရှင်းပြပေးလိုက်ပါတယ်...
ဒါပေမယ့် ရှင်းပြရတာသိ်ပ်အားမရဘူးဗျာ... ဒါနဲ့ပဲ... အနိမ့်လဲ...မဟုတ်... အမြင့်လဲ...မဟုတ်... မယုတ်မလွန်လေး... နည်းနည်းရှင်းချင်သေးတာနဲ့ ထပ်ပြောပြလိုက်ပါတယ်...

ဒီလိုဗျ... HLR (Home Location Register ) ဆိုတာ... GSM/ CDMA Network System မှာ Mobile Phone တွေရဲ့ အသေးစိတ် အချက်အလက်တွေနဲ့ သူတို့ရဲ့ လက်ရှိရောက်နေတဲ့ တည်နေရာ... သူတို့ လက်ရှိ ဖုန်းပြောနေလား၊ အင်တာနက်သုံးနေလား၊ Message ပို့နေလား စတာတွေကို တနေရာတည်းမှာ Store လုပ်ပေးထားတဲ့ Central Database ဆိုပါတော့ဗျာ...
HLR က CDMA (code division multiple access), TDMA (time division multiple access), and GSM (Global System for Mobile communications) networks တွေရဲ့ အစိတ်အပိုင်းတခုလို့ပြောလို့လည်းရပါတယ်။
နောက်ပြီး Next generation 3G and IMS (IP Multimedia Subsystem) networks တွေမှာလည်း သူ့ကို အသုံးပြုတယ်ဗျ။
HLR ရဲ့ အဓိက အလုပ်တွေကတော့

၁။ Mobile Phone တွေရဲ့ လက်ရှိ တည်နေရာကို Location Area Code နဲ့ အမြဲ Update လုပ်ပြီး Manage လုပ်ပါတယ်။ Mobile Phone တလုံး တည်နေရာ တခု ပြောင်းသွားတိုင်း... Update လုပ်တာပေါ့ဗျာ။
၂။ Mobile Phone Subscriber က တည်နေရာတခုကနေ နောက်ထပ်နေရာအသစ်တခုကို ပထမဆုံး ရောက်သွားတဲ့အခါ (First Roaming) မှာ ၄င်း ရဲ့ အချက်အလက်တွေကို VLR (Visiter Location Register) / SGSN (Serving GPRS Support Node) ဆီကို ပို့ပေးပါတယ်။
၃။ G-MSC (Gateway Mobile Switching Center) or SMSC (Short Message Service Center) နဲ့ Mobile Phone Subscriber ရဲ့ လက်ရှိ VLR ကြားထဲမှာ...Incoming Call တွေ၊ Message တွေ Deliver ဖြစ်ဖို့ လဲ လုပ်ပေးပါတယ်။
၄။ Mobile Phone Subscriber ဟာ လက်ရှိ VLR ကနေ နောက် VLR တခုကို ပြောင်းသွား (Roam) ပြီဆိုရင်... အရင် VLR ထဲက ၄င်း Subscriber ရဲ့ Data ကို ဖျက်ပစ်လိုက်ပါတယ်။
HLR တခုရဲ့ Data ကို Store လုပ်နိုင်တဲ့ ပမာဏကတော့... ထုတ်လုပ်ရောင်းချသူနဲ့ အသုံးပြုမယ့် ... Network ပေါ်မူတည်ပြီး... Subscriber ရာဂဏန်း...ကနေ... ထောင်ဂဏန်းလောက်ထိ Store လုပ်နိုင်ပါတယ်။


Network ရဲ့ Planning နဲ့ Size ပေါ်မူတည်ပြီး... HLR တလုံး..ဒါမှမဟုတ်... တလုုံးထက်ပိုရှိနိုင်ပါတယ်....
တချို့သောထုတ်လုပ်သူတွေကတော့... HLR ကို MSC (Mobile Switching Center) နဲ့ အတူထည့်သွင်းထုတ်လုပ်တတ်ပါတယ်။

အောက်က ပုံလေးတွေကတော့ Telecom & Datacom Network တခုမှာ ရှိတဲ့ HLR ရဲ့ တည်နေရာပုံလေးတွေပါ
















တကယ်တော့ HLR အကြောင်းကို Details ပြောမယ်ဆိုရင် ...အများကြီးပါ...ဒါပေမယ့် ဒီလောက်ဆိုရင်...တီးမိခေါက်မိပြီလို့ထင်ပါတယ်...

No comments :

Post a Comment