သဘောကျမိတဲ့ Firefox Add-on လေး

နာမည်လေးက... ForceTLS တဲ့ဗျ... ဘာအတွက်သုံးတာလဲဆိုတော့... http://www.facebook.com အစား https://www.facebook.com ဖြစ်အောင်ပေါ့ဗျာ...

ဘာလို့ http ကနေ https ကို ပြောင်းသုံးတာလဲဆိုတော့ ပိုလုံခြုံလို့ပေါ့ဗျာ...

ဒါဆို http က မလုံခြုံဘူးလားဆိုတော့ မလုံခြုံဘူးပဲပြောရမှာပဲ...

ဘယ်လို မလုံခြုံတာလဲဆိုတော့... Firefox အတွက် Firesheep ဆိုတဲ့ Add-on ဆိုတာရှိတယ်ဗျ... သူနဲ့ Social Website တော်တော်များများရဲ့ User Log in information တွေကို Wi-Fi network တွေကနေခိုးကြည့်နိုင်တယ်ဗျ... hijack လုပ်တယ်ပေါ့ဗျာ။

ဒီတော့ဗျာ... ဒီရန်က ကာကွယ်ဖို့ရာ ForceTLS ကို

https://addons.mozilla.org/en-US/firefox/addon/12714/ ကနေ သွားယူပါ...

Install လုပ်ပါ။ Mozilla Firefox ကို Restart လုပ်ပါ။

Mozilla Firefox ရဲ့ Tools>ForceTLS Configuration ကိုသွားပါ။

ForceTLS Settings Windows ပေါ်လာပါမယ်။

Address of web site: box မှာ https: နဲ့ လည်း အလုပ်လုပ်တဲ့ Website ကို ထည့်ပြီး Add Site ဆိုတာကို နှိပ်နှိပ်ပြီးထည့်သွားလို့ရတယ်...

Subdomain တွေကိုပါ https: နဲ့သုံးချင်ရင် Force Subdomains Too ဆိုတဲ့ Check box ကို အမှန်ခြစ်ခဲ့ပေါ့

ပြန်ဖြုတ်ချင်ရင် Remove Site or Remove All Sites ကိုနှိပ်လိုက်ပေါ့။ ပြီးရင် Close ပေါ့ဗျာ။

ပျော်ရွှင်ပါစေဗျာ။

Gmail ရဲ့ Last Account Activity Feature

သူငယ်ချင်းတယောက်က ဖုန်းထဲကနေပြောလာပါတယ်…သူ့ Gmail ကို စစ်တော့ Gmail ရဲ့ ထိပ်ဆုံးနားမှာ… သူ့ Gmail ကို America ကနေ သုံးထားတာကိုတွေ့ရပါတယ်ဆိုပြီးတော့တဲ့… သူက ရန်ကုန်မှာပါ…

ဒါနဲ့ သူလည်း ဘယ်လိုဖြစ်တာလဲ ဆိုပြီးမေးတာပါ..

ဒါက ဒီလိုဗျ…ခုတလော… internet connection က…. Gmail, Gtalk ဝင်နေတုန်းမှာ… ပြုတ်ကျသွားလိုက်… ပြန်တက်လာလိုက်နဲ့ တော်တော်ကို အဆင်မပြေဖြစ်နေတယ်ဆိုတာ သူငယ်ချင်းတွေ ပြောလို့ သိရပါတယ်… ကို်ယ်တိုင်လည်း ကြုံနေရပါတယ်လေ….

အဲဒီမှာ ပြဿနာက စတယ်ဗျ…

ဘယ်လိုလဲဆိုတော့…Connection Down သွားတဲ့အချိန်မှာ Gmail , Gtalk က Auto Reconnect လုပ်နေပါရော… ဒါပေမယ့် မရဘူး..ဗျ… သုံးတဲ့သူကလည်း… စိတ်ရှည်လက်ရှည်နဲ့စောင့်ပါတယ်… ရနိုးနိုးနဲ့ပေါ့…

ဒါပေမယ့် မရပါဘူး… နောက်ဆုံးမှာ… Gmail Account ကို Sign Out တောင်မလုပ်လိုက်ရဘူးဆိုပါတော့…

ဒီအချိန်မှာ… ကိုယ့် Gmail , Gtalk ကို Hack လုပ်ဖို့ အခြေအနေ ရာခိုင်နှုန်းတော်တော်များပါတယ်…

Password ကျန်ခဲ့လို့ပါ… ဒီတော့… Connection ပြန်ရလို့ Gmail , Gtalk ပြန်ဝင်ကြည့်တဲ့အခါ ကိုယ့် Gmail ကို တယောက်ယောက် ခိုးကြည့်ထားလား… ဆိုတာ စစ်ဆေးလို့ရတဲ့ Last Account Activity ဆိုတဲ့ Feature တခု Gmail မှာပါပါတယ်… အောက်က ပုံလေးမှာကြည့်ကြည့်ပါ…

last.jpg

Gmail ရဲ့ inbox အောက် ဟိုး…အောက်ဆုံးမှာပါ…

Gmail သုံးခဲ့တဲ့ နောက်ဆုံးအချိန်ကို ဖော်ပြပေးပါတယ်။

Details ကို နိှပ်လိုက်မယ်ဆိုရင်တော့ ဒီ Gmail Account ကို ဘယ်အချိန်တုန်းက ဘယ် IP ကနေ ဘယ်လို Browser ကို သုံးပြီး Access လုပ်ခဲ့ပါတယ်ဆိုပြီး အသေးစိတ်ဖော်ပြထားပေးပါတယ်။

Last Account Activity ရဲ့ Details မှာ ပေါ်နေတာက ကိုယ့် IP မဟုတ်ဘူး၊ ဒါမှမဟုတ် ကိုယ်သုံးခဲ့ဖူးတဲ့ အချိန်မဟုတ်ဘူးဆိုရင် တစ်ယောက်ယောက်က ကျွန်တော်တို့ Gmail ကို ခိုးသုံးနေတာ သေချာပြီပေါ့။



ကိုယ့် Gmail ကို နေရာမျိုးစုံကနေ သုံးခဲ့ဖူးမယ်ဆိုပါစို့။ တခါတလေမှာ မေ့သွားတာမျိုးကြောင့် Sign Out မလုပ်ခဲ့ရဖူးဆိုရင်လည်း Detail Page မှာ Sign Out All Other Sessions Button ကို နိှပ်ပြီး Sign Out လုပ်လို့ ရပါတယ်။ တကယ်လို့များ အဲဒီလို Button လေး မပါဘူးဆိုရင်တော့ Sign Out လုပ်ဖို့ မမေ့ခဲ့ဘူးလို့ပါ။ Concurrent Sessions လို့ပေါ်နေရင်တော့ ဒီ Gmail Account ကို တချိန်တည်းမှာ နှစ်ယောက်သုံးနေလို့ပါ။

Password ကိုသာ ချက်ချင်း ပြောင်းပစ်လိုက်တော့ပေါ့။

ဒါမျိုးတွေက… သိပ်ယုံကြည့်လို့မရတဲ့ Social Network Site တွေ က နေလည်း လုပ်တတ်ပါတယ်။



Firefox ၏ မပြုပြင်ရသေးသော အားနည်းချက်မှ တိုက်ခိုက်မှုများရှိနေသည်ဟု Mozilla မှ သတိပေး

Firefox browser ကိုပြုလုပ်သည့် Mozilla သည် browser ၏မပြုပြင်ရသေးသည့် အားနည်းချက်ကိုအသုံးပြုကာ တိုက်ခိုက်မှုများဖြစ်ပေါ်နေကြောင်း သတိပေးပြောကြားခဲ့သည်။
ယင်းအားနည်းချက်သည် Firefox 3.5 နှင့် ၃.၆ တို့တွင်ရှာဖွေတွေ့ရိှခဲ့ခြင်းဖြစ်ပြီး အဆိုပါ browser ကိုအသုံးပြုသူများသည် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်များအကြောင်း ဖော်ပြထားသည့်ဝက်ဘ်ဆိုက်ထံ လည်ပတ်ကြည့်ရှုသည့်အခါတွင် ကွန်ပျူတာအတွင်း Trojan ပရိုဂရမ်ထည့်သွင်းပြီးနောက် အန္တရာယ်ရိှသည့် အခြားဆော့ဖ်ဝဲများကို ထပ်မံထည့်သွင်းကာ တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း Norman မှ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထို့အပြင် ယင်းတိုက်ခိုက်မှုသည် Windows ကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် တိုက်ခိုက်မှုများမှာ ပျံ့နှံ့ခြင်းမရိှသေးကြောင်း Norman ကဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် user များအနေဖြင့် browser ၏ Options ရိှ Tools drop-down menu တွင် JavaScript ကို disable လုပ်ခြင်းဖြင့်ပြုလုပ်နိုင်သည့်အပြင် NoScript add-on ကို ထည့်သွင်းခြင်းဖြင့်ပြုလုပ်နိုင်ကြောင်း Norman မှ အကြံပြုပြောကြားခဲ့သည်။

source:myanmarinternetjournal

White Box Test

Software တွေထုတ်လုပ်ရေးသားပြီဆိုရင် ရေးနေစဉ်ကတည်းက Module လေးတွေကို Test လုပ်ရတဲ့ အပိုင်းလေးတွေရှိပါတယ်။

Unit Testing (or) Module Testing လို့ခေါ်ပါတယ်။ Software Development တခုရဲ့ ပထမဆုံး Test လုပ်တဲ့ အပိုင်းလို့ပြောမယ်ဆိုရင် ပြောလို့ရပါတယ်။

ဒီတော့ Module လေးတွေကို Test လုပ်တဲ့နည်းတွေထဲက White Box Test ဆိုတာ ကို နည်းနည်းပြောပြချင်ပါတယ်။

ဒီလိုဗျ White Box Test ဆိုတာ Program Module တခုရဲ့ Control နဲ့ Flow  ကို Focus လုပ်ပြီး Internal Structure ရယ် Logic ရယ် ကို စစ်ဆေးတာပါပဲ။

ဘယ်လိုစစ်တာလဲဆိုတော့ Method နှစ်မျိုးရှိတယ်ဗျ…

Statement coverage method နဲ့ Condition coverage method ဆိုပြီး ပုံစံ နှစ်မျိုးနဲ့ Test လုပ်လေ့ရှိပါတယ်။

သူတို့တွေက ဘယ်လိုပုံစံမျိုးတွေနဲ့ Module တွေကို Test လုပ်တာလဲဆိုတာကို ပုံလေးမှာကြည့်လိုက်ရင် ရှင်းသွားမှာပါ။ ကြည့်ကြည့်ပါ…

ဒါက Software Development မှာ တကယ့်ကို အခြေခံလေးပါ… မသိသေးသူတွေ ဗဟုသုတ ရစေဖို့ တင်ပြခြင်းဖြစ်ပါတယ်။

ဆရာကြီးများအတွက်တော့ မဟုတ်ပါဘူးဗျာ။


Brainstorming ...

Brainstorming ဆိုတာ Brain ဆိုတဲ့စကားလုံးနဲ့ Storm ဆိုတဲ့စကားလုံး
နှစ်ခုကို ပေါင်းစပ်ပြီးပေါ်လာတဲ့ ဝေါဟာရတခုပါ။
Brainstorming ဆိုတာ ပြဿနာတခုအတွက် ဖြေရှင်းနည်းတခုရလာဖို့ သတ်မှတ်ထားတဲ့
စည်းမျဉ်းတွေထဲမှာပဲ လူတွေအဖွဲ့ဖွဲ့ပြီး တယောက်ချင်းစီရဲ့
အတွေးအခေါ်အကြံဉာဏ် တွေကို ဖော်ထုတ်ရှာဖြွေကတာကို ခေါ်တာပါ။

Brainstorming လုပ်မယ်ဆိုရင် တော့ Rule လေးတွေ ရှိတယ်ဗျ...
၁။ No Criticizing
တယောက်ယောက်ကပေးလာတဲ့ အကြံဉာဏ်၊ အတွေးအခေါ်ကို အပြစ်မရှာရပါဘူး။
အပြစ်ရှာခြင်းဟာ ဒီနေရာမှာတော့ အကြံဉာဏ် တွေ ထွက်ပေါ်လာခြင်းကို
အဟန့်အတားဖြစ်စေလို့ပါ။
၂။ Quantity Over Quality
Brainstorming လုပ်တဲ့နေရာမှာ အချိန်တိုအတွင်းမှာ အကြံဉာဏ်
အမြောက်အမြားကို ဖော်ထုတ်နိုင်အောင်ကြိုးစားရပါမယ်။ အကြံဉာဏ်
အများကြီးထဲကနေ အကောင်းဆုံး ပြဿနာဖြေရှင်းနည်းကို ရနိုင်တယ်လေ။
၃။ No Constraints
Brainstorming လုပ်ပြီဆိုရင် ဘာကိုတော့
ဆွေးနွေးလို့ရတယ်...ဘယ်အကြောင်းတော့ထည့်သွင်း ဆွေးနွေးခြင်းမပြုရဆိုတဲ့
ကန့်သတ်ချက်မျိုး မရှိရပါဘူး။ ကန့်သတ်ချက်တွေ ဟာ အကြံဉာဏ်တွေ
ဖောက်ထွက်လာဖို့ အတားအဆီးတခုပါပဲ။
၄။ Combine and piggyback
လိုအပ်လာရင် အကြံဉာဏ် နှစ်ခု ကိုပေါင်းစပ်လို့ဖြစ်စေ၊ တယောက်ထဲက
ထွက်လာတဲ့ အကြံဉာဏ်ကို ထပ်ပေါင်းပြီး အကြံဉာဏ် အသစ် တခု
ထုတ်တာမျိုးလုပ်ရပါမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် တကယ် အသုံးတည့်တဲ့
အကြံဉာဏ် အသစ် တခု ရလာနိုင်ပါတယ်။
ကဲ ဒါလေးတွေကတော့ Brainstorming လုပ်မယ်ဆိုရင် လိုက်နာရမယ့် အခြေခံ
စည်းမျဉ်းလေးတွေပါပဲ။

နောက်တခုရှိသေးတယ်ဗျ Brainstorming ကိုဘယ်နေရာမှာ လုပ်မှာလဲ။ ဘယ်သူတွေ
ပါဝင်သင့်လဲ... စတာတွေ လိုပါသေးတယ်။
- အနည်းဆုံး အဖွဲ့ဝင် (၅) ယောက်က နေ (၈) ယောက် အထိ ပါဝင်သင့်ပါတယ်။
- ပါဝင်ဆွေးနွေးမယ့် အဖွဲ့ဝင် တိုင်းက တူညီတဲ့ ရာထူး
အဆင့်အတန်းရှိရပါမယ်။ လွတ်လပ်စွာ ပြောဆိုနိုင်ခွင့် ရှိသူတြွေဖစ်ရပါမယ်။
- ဆွေးနွေးမယ့် အခန်းဟာ အဖွဲ့ဝင် အား လုံး အတွက် ကိုယ်၊စိတ် သက်တောင့်
သက်သာ ရှိနိုင်တဲ့ Conference Room လို အခန်းမျိုး ဖြစ်ရပါမယ်။
- အဖွဲ့ကို ဦးဆောင်မယ့်သူ ဟာ အဖွဲ့ဝင်အားလုံး စိတ်ပိုင်းဆိုင်ရာ အေးဆေး
သက်သာ ရှိပြီး လွတ်လပ်တဲ့ စိတ်အခြေအနေ တခု ရရှိနိုင်သော ပတ်ဝန်းကျင် တခု
ဖြစ်လာအောင် ဖန်တီးပေးနိုင်ရပါမယ်။
- ဆွေးနွေးတဲ့ အချိန်က (၁) နာရီ ကျော်လာပြီဆိုရင် ခဏ တော့ အနားပေးရပါမယ်။

ဒါလေးတွေကတော့ Brainstorming တခုလုပ်မယ်ဆိုရင် ထည့်သွင်းစဉ်းစားရမယ့်
အခြေခံအချက်အလက်တွေပါပဲ။

Brainstorming Method ကို အခြေခံထားတဲ့ Gordon Method , KJ Method
တို့လည်း ပြဿနာတခုကို ဖြေရှင်းဖို့ နည်းလမ်းတွေ အနေနဲ့ရှိပါသေးတယ်။

Organization တခုမှာ Brainstorming ဟာ လိုအပ်ပါတယ်။ အထူးသဖြင့်
နည်းပညာနဲ့ အလုပ်လုပ်နေရတဲ့ Company လိုမျိုးပေါ့ဗျာ။