Fortigate guide for Begineer - 9


အများအားဖြင့် Company Network တခုမှာ Finicial ပိုင်းရဲ့ Computer တွေက Finicial Application တွေကို သုံးတဲ့အခါ သူတို့အတွက် IP Address က Reserved လုပ်ထားဖို့လိုပါတယ်။

ဥပမာအားဖြင့် Bloomberg လို မျိုး Software တွေသုံးတဲ့အခါ Transaction လုပ်ဖို့ အတွက် Server ကို Connection လုပ်ရပါတယ်။ ဒီအခါ မှာ Server က သတ်မှတ်ထားတဲ့ IP/MAC မဟုတ်တာနဲ့ Connect လုပ်မရတော့ပါဘူး။

ဒီတော့ သင့်အနေနဲ့ Company Network ကို Fortigate ကနေ DHCP ချပေးထားတဲ့အခါ IP ကို Reserve လုပ်ထားဖို့ လိုပါတယ်။

အခု လိုအပ်တဲ့ Computer ကိုပဲ Fortigate ထဲမှာ IP Reserve လုပ်ပါမယ်။

၁) Fortigate Unit ထဲကို Log in ဝင်ပါ။ System>Network>DHCP Server ကိုသွားပြီး DHCP Server ကို Edit လုပ်ပါ။
၂) IP Reservation ကို Select လုပ်ပါ။ Create New ကို Select လုပ်ပြီး MAC နှင့် IP Address ကို ထည့်ပေးပါ။ Reserve လုပ်ချင်တဲ့ Computer ရဲ့ MAC နှင့် Reserve လုပ်မယ့် IP ဖြစ်ရပါမယ်။
    ( IP Address က လဲ DHCP Range ထဲက IP Address ဖြစ်ဖို့ လိုပါတယ်။)


ဒါက Fortigate Unit နဲ့ Connect မလုပ်ရသေးတဲ့ Computer အတွက် Reserve လုပ်ပုံလေးပါ။

တကယ်လို့ Computer က Fortigate Unit နဲ့ ချိတ်ထားပြီးသားဆိုရင်တော့ သူက IP Address ကို DHCP Server ကနေ ရယူထားပြီးသားဖြစ်နေပါမယ်။

ဒါဆိုရင် Add from DHCP Client List ဆိုတာကို ရွေးပေးလိုက်တာနဲ့ Reserve လုပ်ချင်တဲ့ Computer ရဲ့ MAC နဲ့ လက်ရှိ ရထားတဲ့ IP Address ကို သင်တွေ့ပါမယ်။

ပေါ်လာတဲ့ List ထဲက သင် Reserve လုပ်မယ့် PC ကို Select လုပ်ပြီး Add to Reserved ကို Select လုပ်လိုက်ပါ။

IP Reserved လုပ်ခြင်း ပြီးပါပြီ။


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

How to upgrade Symantec Backup Exec 2010 to 2012?

ပြီးခဲ့တဲ့ တစ်လလောက်တုန်းက Symantec Backup Exec 2010 ကနေ 2012 ကို upgrade လုပ်တဲ့ အတွေ့အကြုံလေး ဝေမျှချင်ပါတယ်။

SBE 2010 ကို 2012 ပြောင်းဖို့ ဘာတွေလိုအပ်လဲဆိုတာလေးတွေ အရင် စဉ်းစားကြည့်တာပေါ့...

၁) Upgrade မလုပ်ခင် ဘာတွေအရင် လုပ်သင့်လဲ... ဘယ် Setting တွေကို Backup လုပ်သင့်လဲ။
၂) ရှိပြီးသား Configuration တွေကို Upgradiing Process က အလိုအလျောက် import လုပ်သွားမှာလား။
၃) တကယ်လို့များ Upgrading process fail ဖြစ်ခဲ့ရင် 2010 ကို ပြန်ပြီး roll back လုပ်လို့ ရလား။
၄) 2012 setup file ကို Direct run လိုက်တာနဲ့ upgrade တန်းလုပ်တာလား။
၅) Remote agent, CPS (Continuous Protection Server) Console တို့ကိုပါ upgrade လုပ်ဖို့လိုပါသလား။

ကဲ...ဒီမေးခွန်းတွေကို အရင်ဖြေပါမယ်။

၁) ပထမဆုံး 2010 ကို နောက်ဆုံး update patch တွေ install လုပ်ပါ။ SQL server BKUPEXEC service ကို stop လုပ်ပါ။
    Program Files\Symantec\Backup Exec Directory အောက်က DATA နဲ့ CATALOGS folder ၂ ခုကို copy ကူးပြီး backup လုပ်ထားပါ။
၂) ရှိပြီးသား Configuration Setting တွေအားလုံးကို Upgrading Process က အလိုအလျောက် import လုပ်သွားမှာပါ။
၃) Upgrading process fail ဖြစ်တာနဲ့ အလိုအလျောက် roll back ပြန်လုပ်ပါတယ်။ DATA , CATALOGS folder ၂ ခုနဲ့ old version ကို rebuild လုပ်နိုင်ပါတယ်။
၄) Download ထားတဲ့ SBE 2012 ကို extract လုပ်ပြီး browser.exe ကို run လိုက်တာနဲ့ upgrade စတင်လုပ်ဆောင်ပါမယ်။
၅) Remote agent ကိုတော့ Core Software installation လုပ်ပြီးတာနဲ့ install လုပ်ဖို့ လိုပါတယ်။ CPS ကတော့ SBE 2012 မှာ not available ပါတဲ့ဗျာ။

ကဲ... upgrade လုပ်တာက ဒီလိုပါ။

၁) 2010 ကို live update ကနေ နောက်ဆုံး update patch တွေ update လုပ်ပါ။
၂) Download ထားတဲ့ SBE 2012 ကို extract လုပ်ပြီး browser.exe ကို run ပါ။ ပေါ်လာတဲ့ Instruction တွေအတိုင်း follow လုပ်ပါ။
၃) upgrading process ပြီးတာနဲ့ live update မှတဆင့် နောက်ဆုံး patch တွေကို install လုပ်ပါ။
၄) Media Server ကို reboot လုပ်ခိုင်းတာနဲ့ reboot လုပ်ပေးပါ။
၅) Reboot လုပ်ပြီးလျှင် remote agent ကို upgrade လုပ်ခိုင်းပါမယ်။ Instruction အတိုင်း follow လုပ်ပါ။

Symantect Backup Exec 2012 ကို upgrade လုပ်ပြီးပါပြီ။

ဒီနေရမှာ တခု သတိထားဖို့လိုတာက Symantec က ပေးတဲ့ License Certificate မှာ ပါတဲ့ Serial Number နဲ့ License File က Maintenance Contract အတွက်ပဲ ဖြစ်နေတာပါ။
အဲဒီ License ကိုထည့်ပြီး Upgrade လုပ်မယ်ဆိုရင် Upgraded SBE 2012 ဟာ Trial အနေနဲ့ ပဲ ပေါ်နေပါမယ်။
ဒီတော့ ဒီ License ကို Symantec Licensing Portal ကနေ တဆင့် register လုပ်ဖို့ လိုပါတယ်။
ဒါမှ သာ သင် အမှန်တကယ် ဝယ်ယူထားတဲ့ package အတွက် license တွေ ထပ်ရမှာဖြစ်ပါတယ်။

အဲဒီ license တွေ ထည့်ပြီး Upgrade/Install လုပ်မှသာလျှင် Trial Version ဆိုတာ ပျောက်သွားမှာပါ။ တကယ်လို့ register မလုပ်မိပဲ upgrade/install လုပ်မိတယ်ဆိုရင်လဲ နောက်မှ ပြန်ပြီး License တွေကို Install လုပ်လို့ရပါတယ်။

မရှင်းမလင်းတာများရှိရင် အောက်က လင့်မှာ Video လေးနဲ့ ရှင်းပြထားတာလေးရှိပါတယ် သွားကြည့်လိုက်ပါ။

http://www.symantec.com/connect/videos/upgrading-be-2010-r3-be-2012

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)


How to fix boot error 0xc000000f in Windows Server 2008?



အပေါ်မှာ ပြထားတဲ့ ပုံလိုမျိုး သင့် Server Windows မှာကြုံရပြီဆိုရင် တော့ သေချာပါပြီ သင့် Server ရဲ့ BCD Corrupt ဖြစ်တာပါ။

အောက်က နည်းအတိုင်း ပြန်ပြင်လို့ရပါတယ်။

Windows CD/DVD နဲ့ Boot တက်ပါ။
Repair Option မှာ Command Prompt ကို သွားပါ။

Command Prompt Windows ထဲ ရောက်ပြီဆိုရင် အောက်ပါ Command များကို ရိုက်ထည့်ပါ။

>rename C:\Boot\BCD bcd.old
>Boortrec /rebuildbcd
>dispart
>select disk 0
>select partition 1
>active
>exit

စက်ကို Restart လုပ်ပြီး Hard Disk ဖြင့် Boot တက်ပါ။

သင့် Windows မူလ အတိုင်း အကောင်းပကတိ ပြန်ဖြစ်နေတာကို တွေ့ရပါမယ်။

ဘာကြောင့် ဒီ Boot file တွေ ပျက်ရလဲ ဆိုရင်...

- Virus ကြောင့် ဖြစ်နိုင်ပါတယ်။
- SCSI or RAID အစရှိတဲ့ Disk Controller တွေ ပါဝင်တဲ့ Server တွေကို Force Shutdown မကြာခဏ လုပ်တဲ့အခါ ဖြစ်တတ်ပါတယ်။
- NAS or USB Drive တွေ တပ်ထားပြီး ဖြုတ်လိုက် ပြန်တပ်လိုက် လုပ်တဲ့ အခါ BIOS Configuration တွေ ပြောင်းသွားတတ်ပါတယ်။ ဒါကို သတိမထားမိလို့ Configuration ကို ပြန်မပြင်ပဲ Boot တက်တဲ့အခါ Boot မတက်ပဲဖြစ်တယ်ပါတယ်။

ပျှော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

Why Google Chrome appear a lot in task manager even open only one tab?


မနေ့က ပေါက်ပေါက်ရှာရှာမေးတတ်တဲ့ User တယောက်ကမေးတဲ့ မေးခွန်းလေးပါ။
သူက လက်တွေ့လုပ်ပြပါတယ်။
Google Chrome ကို ဖွင့်တယ်။
ပြီးတော့ Task Manager ကို ဖွင့်ပြီး Processes Tab အောက်က chrome.exe တွေကို လက်ညှိုးထိုးပြပါတယ်။
နောက်ဆက်တွဲ Why??? ဆိုတာလေး ပါ ပါလာတာပေါ့။ သူ့ ကွန်ပျူလေးတာ ဒါတွေကြောင့်လား ဆိုပြီးလဲ မေးပါတယ်။



ဒါနဲ့ ကျတော်လဲ ပြုံးပြီး သူ့ကို ရှင်းပြဖို့ ကြိုးစားပါတယ်။
သူဖွင့်ထားတဲ့ Google Chrome ရဲ့ New Tab ဘေးက new tab ဖွင့်တဲ့ နေရာလေးပေါ်မှာ Right Click> Task Manager (shift + esc)  လုပ်ပြီး ပေါ်လာတဲ့ Task Manager - Google Chrome Windows လေးကို သူ့ကို ပြလိုက်ပါတယ်။



Google Chrome အတွက် Extension , Plug in တွေ ဘယ် နှစ်ခု run နေတယ် ဘယ်ဟာက Memory နှင့် CPU ကို ဘယ်လာက်သုံးနေလဲ ဆိုတာတွေကို ရှင်းပြလိုက်တော့မှ လက်ခံသွားပါတယ်။



သင်လဲ အခုလို ပေါက်ပေါက်ရှာရှာမေးတတ်တဲ့ User နဲ့တွေ့တဲ့ အခါ ဖြေနိုင်အောင် ပြန်လည် ဝေမျှပေးတာပါ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

Exchange Server 2010 for Newbies - 1



Exchange Server 2010 ကို ခုမှ စတင်လေ့လာမယ့် သူတွေအတွက်ရည်စူးပြီး တီးမိခေါက်မိ အောင် အနည်းအကျဉ်းဝေမျှချင်ပါတယ်။

Requirement တွေနဲ့ ပြည့်စုံတဲ့ Exchange Server 2010 ကို Install လုပ်ပြီးပြီဆိုကြပါစို့။

Server ထဲမှာ Hard Disk (၅) လုံး သို့မဟုတ် System Partition, Mailbox Database Log 1, Mailbox Database Log 2, Mailbox Database 1 နှင့့် Mailbox Database 2 ဆိုပြီး Partition (၅) ခု ရှိထားရပါမယ်။ (နောက်ပိုင်းမှာ Mailbox , Mailbox Database တွေ Mount, Unmount, Move တွေ လုပ်ကြည့်ဖို့အတွက်ပါ။)

ကဲ...အခု Exchange Server 2010 အသစ်စက်စက်လေး Install လုပ်ပြီးတဲ့နောက်... Mailbox Database စတင် Create လုပ်ပါမယ်။

- Start Menu ကနေ Exchange Management Console ကိုသွားပါ။ Microsoft Exchange On-Premises ကို Expand လုပ်ပါ။ Organization Configuration ကို Expand လုပ်ပါ။

- Mailbox ကို Select လုပ်ပါ။ Actions Pane အောက်မှ New Mailbox Database ကို Click လုပ်ပါ။



- Mailbox database name: အောက်တွင် mailbox database name ပေးပါ။ Server Name နေရာတွင် မိမိ Exchange Server ကိုရွေးပြီး OK နှိပ်ပါ။ Next နှိပ်ပါ။



- Database file path: နှင့် Log folder path: နေရာများတွင် မိမိ Create လုပ်ထားတော့ Mailbox Database Log နှင့် Mailbox Database Hard Disk/ Partition များကို ညွှန်းပေးပါ။ ( သက်ဆိုင်ရာ Hard Disk/Partition ထဲတွင် Folder create လုပ်ထားနိုင်လျှင် ပိုမို ကောင်းမွန်ပါသည်။)
 *** Mount this database checkbox လေးကို အမှန်ခြစ်ခဲ့ပါ။ ***



 - New ကို Click လုပ်ပါ။ Mailbox Database Creation လုပ်ပြီးတဲ့အထိစောင့်ပါ။ Finish လုပ်ပါ။





New Mailbox Database Creation ပြီးပါပြီ။


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)