မြန်မာပြည်သူပြည်သားများသို့အရေးပေါ်သတိပေးတားမြစ်ချက်(၁)...

လေးစားချစ်ခင်ရပါသောမြန်မာနိုင်ငံသားအပေါင်းတို့ခင်ဗျား
ပြည်သူအများသိပြီးကြတဲ့အတိုင်းစစ်အစိုးရဟာ မုန်တိုင်းဘေးသင့်သူတွေကယ်ဆယ်ရေးကို
ညံ့ဖျင်းမှားယွင်းစွာကိုင်တွယ်နေပါတယ်
ဒါကိုပြည်ပနိုင်ငံတွေကသိလို့ကူညီမယ်ဆိုတော့လဲ ဝင်ခွင့်ချက်ချင်းမပေးခဲ့တဲ့အတွက်
ခုဆိုရင်သေဆုံးသူအရေအတွက်ဟာ သိန်းကျော်ခဲ့ပါပြီ
မုန်တိုင်းပြီးခဲ့ပေမယ့်လဲ ရေ နဲ့ စားနပ်ရိက္ခာပြတ်လတ်မှု၊ ဆေးဝါးမပြည့်စုံမှု၊
ရေညစ်ညမ်းမှုတွေကြောင့် ပြည်သူအများအပြားဆက်လက်သေဆုံးနေကြရှာပါတယ်
ဒီအတိုင်းရှေ့ဆက်မယ်ဆိုရင်နောက်ထပ်သေဆုံးသူများဦးရေဟာ ၆သိန်းနီးပါးရိှနိှုင်တယ်လို့
နိုင်ငံတကာမှလေ့လာသူများ၊ ဆေးပညာရှင်များကခန့်မှန်းထားပါတယ်
အခုဆိုရင် ဝမ်းရောဝါနဲ့ အခြားကူးစက်ရောဂါများဟာမုန်တိုင်းဒါဏ်ခံခဲ့ရတဲ့နေရာတွေတိုင်းမှာ
ကြောက်မက်ဖွယ်ပျံ့နှံ့နေပါပြီ
ဒါကိုလဲမှန်မှန်ကန်ကန်ဝန်ခံခြင်းမရိှခဲ့တဲ့အပြင် UN နှင့် USA တို့မှ
လတ်တလောပေးပို့ခဲ့တဲ့လေဘေးကူညီမှုလှုဒါန်းထားတဲ့ပစ္စည်းတွေကိုပါစစ်ဂိုဒေါင်တွေထဲထည့်သွ
င်းသိမ်းဆည်းထားခဲ့ပါတယ်
ပြီးတော့ဒီပစ္စည်းတွေကို သူတို့ကိုယ်ကျိုးအတွက်အလွဲသုံးစား အသုံးပြုနေပါတယ်
သူတို့မိသားစုများတွေဆီဘဲပေးပို့ ခြင်း၊
ငြွေဖင့်ပြန်လည်ရောင်းချစီးပွားရှာခြင်းများပြုလုပ်နေပါတယ်
ဒါကို အခု USA နဲ့ UN ကသက်သေအတိအကျရထားပြီးပါပြီ
ဒီတော့ UN ရဲ့ မူလပဋိဉာဉ်စာချုပ်ထဲကအချက်တစ်ချက်ဖြစ်တဲ့
အရေးပေါ်ဝင်ရောက်ကယ်ဆယ်ခွင့်ကို အသုံးပြုတော့မှာဖြစ်ပါတယ်
ဒီတော့မကြာခင်ရက်ပိုင်းအတွင်းမှာ မြန်မာပြည်တွင်းကို USA နဲ့ UN စစ်တပ်က
ကိုယ်တိုင်ဝင်ကူညီတော့မယ်လို့သိရပါတယ်
ဒီလိုဝင်လာမယ့်စစ်သားတွေမှာလဲ
အသင့်အနေအထားနဲ့အထူးသတိထားပြီးဝင်ရောက်ရမှာဖြစ်ပါတယ်
သူတို့ဘဝမှာ တစ်သက်မမေ့အောင်သွေးပျက်ခဲ့ရတဲ့ Vietnam စစ်တွင်းအတွေ့အကြုံတွေကြောင့်
ဒီတစ်ခါအဲဒိလိုလုံးဝအဖြစ်ခံမှာ မဟုတ်ပါဘူး၊ သူတို့ကို ပြောက်ကျားစနစ်နဲ့အတိုက်မခံရအောင်
သတိကြီးစွာထားပြီးလှုပ်ရှားမှာဖြစ်တယ် လို့သိရပါတယ်
နောက်ပြီးသူတို့ကို တိုက်ခိုက်လာနိှုင်တဲ့သူတွေထဲမှာ အရပ်ဝတ်စွမ်းအားရှင်တွေ
အရပ်ဝတ်ထားတဲ့စစ်သားတွေလဲပါမယ်လို့သိထားပါတယ်
ဒါကလဲ ပြည်သူတွေနဲ့နိုင်ငံတကာရဲ့အမြင်မှာ
မြန်မာတွေကိုအမေရိကန်တွေသတ်နေပါပြီလို့ထင်ရအောင်
ကြိုတင်အကွက်ဆင်ခြင်းဘဲဖြစ်ပါတယ်
အပြစ်မဲ့ပြည်သူတွေကိုလုံးဝမထိစေဖို့လဲ အမေရိကန်စစ်သားများကို
အထက်မှတင်းကြပ်စွာသတိပေးထားပါတယ်
ဒါပေမယ့်သူတို့အသက်အန္တရာယ်ကိုထိခိုက်လာနိှုင်တယ်ဆိုရင်တော့
စစ်ရေးအရလိုအပ်သလိုတုံ့ပြန်သွားမှာဖြစ်တယ်လို့လဲသိရပါတယ်
ဒါကြောင့် ကျွန်တော် အခု မြန်မာတွေကို UN နဲ့ USA
ကသတိပေးချင်တဲ့အရမ်းအရေးကြီးတဲ့အချက်တွေကိုပြောပြပါမယ်
ပြည်တွင်းကိုလက်လှန်းမှီသလောက်ပို့ပေးကြပါ
အမေရိကန် နဲ့ UN စစ်သားတွေကို မြေပြင်ပေါ်မှာတွေ့ခဲ့လို့ရိှရင်
ရဟတ်ယာဉ်ဖြင့်ဆင်းလာခြင်းတွေ့လျင်သော်လည်းကောင်း
သင်္ဘော ပေါ်မှဆင်းလာခြင်းတွေ့လျင်သော်လည်းကောင်း
စစ်သုံးယာဉ်များ သံချပ်ကာကား (Tank) ဖြင့်တွေ့လျင်သော်လည်းကောင်း
မလိုအပ်ဘဲ အနားကပ်ပြီး ကြည့်ရှုစပ်စုခြင်း၊
နှုတ်ဆက်ရန်ကြိုးစားခြင်း (သို့မဟုတ်) စကားမေးမြန်းပြောဆိုခြင်း၊
လူစုလူဝေးနှင့် ဝိုင်းရံခြင်းဖြင့် ၄င်းတို့၏လုံခြုံရေးအတွက်စိုးရိမ်မှုကိုတိုးမြင့်စေခြင်း၊
၄င်းတို့သွားရာလမ်းမများအားပိတ်ဆို့ ဝိုင်းရံပြီးရပ်ကြည့်ခြင်း၊
သံသယဖြစ်စရာ လျှပ်တပြက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း ( ဥပမာ -
ကျယ်လောင်စွာအော်ဟစ်အားပေးရင်း ပန်းကုံးများဖြင့်ပေါက်ခြင်း ) ၊
အစရိှတဲ့ အပြုအမူတွေကိုလုံးဝမလုပ်ကြဖို့ US စစ်တပ်က မျိုးချစ်မြန်မာရဲ့ မိတ်ဆွေတစ်ဦးက
တင်းကြပ်စွာသတိပေးထားပါတယ်
အဓိကသူတို့မှာချင်တာကတော့ တတ်နိုင်သမျှဝေးဝေးမှာနေကြပါ
အနားလုံးဝမကပ်ပါနဲ့ အရမ်းအန္တရာယ်ကြီးပါတယ်
လိုအပ်ရင်သူတို့ကအရင်ချဉ်းကပ်လာပါ့မယ်
ပြည်သူတွေရှေ့အရမ်းစွတ်မတိုးကြပါနဲ့ ဆိုတာပါဘဲ
ဒီစာနဲ့ပုံတွေကိုလဲပြည်တွင်းမှာလက်လှန်းမှီသလောက်အမြန်ဆုံးပို့ပေးပြောပေးကြပါလို့မေတ္တာရပ်ခံ
ပါတယ်
မြန်မာပြည်သူတွေအသက်အန္တရာယ်ကင်းကြပါစေ

Source: Internet

No comments :

Post a Comment