ပြောချင်တာလေးတွေ (စင်္ကာပူတွင်အလုပ်လုပ်ခြင်း) - ၂

အခုကစပြီး...MOM ကပေးထားတဲ့...နိုင်ငံခြားသားအလုပ်သမားများအတွက်လမ်းညွှန်စာအုပ်ထဲကအချက်အလက်များကိုစပြီးဖော်ပြပေးသွားပါမယ်...
စင်္ကာပူမြှကိုဆိုနှုတ်ခွန်းဆက်လွှာ
ယဉ်ကျေးမှုများစွာရောယှက်နေပြီး မတူညီသောအရာများနှင့် စုံလင်လှသောအရောင်အသွေးများတို့ဖြင့်ဖွဲ့စည်းထားသောမြို့တော်စင်္ကာပူမြှကိုဆိုနှုတ်ခွန်းဆက်ပါသည်။သင်သည်စင်္ကာပူသို့ ပထမဆုံးအကြိမ်း ရောက်ရှိလာသူဖြစ်ခဲ့လျှင်ယဉ်ကျေးမှုနှင့်ဘာသာစကားတို့ကွဲပြားခြားနားနေသောကြောင့်စိုးရိမ်ပူပန်နေရန်မလိုကြောင်း ပြောလိုပါသည်။ဤလမ်းညွှန်သည်စင်္ကာပူတွင်ရှင်သန်ရမည့်သင်၏ဘဝအသစ်နှင့် လုပ်ငန်းခွင်တို့တွင် မည်သို့မည်ပုံပျော်ရွှင်စွာဖြစ်သန်းရမည်ဆိုသော..အချက်အလက်များအားဖော်ပြပေးသွားပါမည်။
စင်္ကပူတွင်အလုပ်လုပ်ခြင်း
လုပ်ငန်းခွင်တာဝန်များနှင့်ခံစားခွင့်များ
လုပ်ငန်းနှင့်ပတ်သက်သော..သင်၏တာဝန်ဝတ္တရားများကိုနားလည်သဘောပေါက်ခြင်းသည်သင်၏လုပ်ငန်းဆောင်ရွက်မှုကိုပိုမိုကောင်းမွန်အဆင်ပြေလာစေပါလိမ့်မည်။သင်၏အလုပ်ရှင်အားတွေ့ဆုံ၍မည်သို့သောလုပ်ငန်းဆောင်တာများကိုသင့်အနေဖြင့်ဆောင်ရွက်ရမည်ကိုဆိုသည့်အကြောင်းသိရှိနားလည်အောင်လုပ်ဆောင်ထားရမည်ဖြစ်ပြီးသံသယဖြစ်ဖွယ်များရှိပါကလည်းကြိုတင်မေးမြန်းရှင်းလင်းထားရပါမည်။
သင်၏တာဝန်ဝတ္တရားများနှင့် ခံစားခွင့်များအကြောင်းရေးသားဖော်ပြထားသောအလုပ်ကန်ထရိုက်စာတစ်စောင်သင့်ထံတွင်ရှိနေသင့်ပါသည်။ယင်းစာထဲတွင်သင်ခံစားရမည့်လစာနှင့်ပါတ်သက်သောအချက်အလက်များ၊ အလုပ်အားလပ်ရက်များ၊တာဝန်ယူရမည့်ကဏ္ဏများ၊ကျန်းမာရေးနှင့်ပါတ်သက်သောခံစားခွင့်များနှင့်အလုပ်မှဖယ်ရှားခံရနိုင်မည့်အကြောင်းအရာများလည်းပါ၀င်ရပါမည်။
အပိုင်း - ၃ တွင်ဆက်လက်ဖတ်ရှုပါရန်

No comments :

Post a Comment