ပြောပြချင်တာလေးတွေ (စင်္ကာပူတွင်အလုပ်လုပ်ခြင်း) - ၁

ဒီနေ့ကျွန်တော်...Ministry of Manpower(MOM) ကိုကိစ္စတခုနဲ့သွားပါတယ်...အဲ့ဒီမှာမြန်မာနှစ်ယောက်နဲ့တွေ့ပါတယ်...သူတို့ကကျွန်တော့်ကိုအကူအညီလာတောင်းပါတယ်...ဒီလိုပါ..
(အကိုကျွန်တော်တို့ကို...work permit cancel လုပ်တာလေးပြောပြပါ...ကျွန်တော်တို့ခုလုပ်နေရတဲ့အလုပ်ကိုမလုပ်နိုင်တော့လို့မြန်မာနိုင်ငံကိုပြန်ချင်လို့ပါတဲ့လေ...
ကျွန်တော်တို့ကိုရန်ကုန်အေးဂျင့်ကပြောတဲ့အလုပ်ကတခု...ခုလုပ်နေရတာကတခု...ခုအလုပ်ကလဲအရမ်းပင်ပန်းလို့
ကျွန်တော်တို့မလုပ်နိုင်လို့ပါတဲ့...အဲ့ဒါကျွန်တော်တို့ အလုပ်ရှင်ကကျွန်တော်တို့ Passport ကိုပြန်မပေးလို့ကျွန်တော်တို့မှာအခက်တွေ့နေရပါတယ်တဲ့လေ...
ဘာသာစကားလဲသိပ်မပြောတတ်လို့သူတို့ပြောတာနားမလည်ဘူးဗျာ...အကိုကျွန်တော်တို့ကိုကူညီပါတဲ့လေ...)
အဲ့ဒီမှာကျွန်တော်လဲကူညီလို့မရကြောင်းဒါမျိုးကိုကိုယ်တိုင်ပဲလုပ်ရတာဖြစ်ကြောင်းပြောပြပြီးသူတို့ကိုတတ်နိုင်တာလေးတွေကူညီပေးခဲ့လိုက်ပါတယ်...
ဒါနဲ့ပဲ....စင်္ကာပူကိုလာပြီးအလုပ်လုပ်ချင်တဲ့သူငယ်ချင်းတွေ...ကိုစင်္ကာပူကချမှတ်ထားတဲ့....ဥပဒေတွေကိုပြောပြမှပဲဖြစ်မယ်ဆိုပြီးဒီပိုစ့်လေးကိုရေးလိုက်ပါတယ်...
အပိုင်း - ၂ ကိုဆက်ပြီးရေးပါမယ်

No comments :

Post a Comment