How do I avoid getting tracked while I am online?

တကယ်လို့များ ကိုယ့်ရဲ့ computer's address ကို online တက်နေတဲ့အချိန်မှာ သူများတွေ မသိစေချင်ဘူးဆိုပါတော့...

နည်းလမ်း (၂) ခု ရှိပါတယ်...

 

၁) Choices for P2P File Sharing တဲ့... သူကတော့ ကိုယ်က file တွေကို အမည်မဖော်လိုပဲ download/upload လုပ်ချင်တယ်ဆိုရင် သုံးတာပါ။

    ဒီ service က IP address ကို mask လုပ်ပေးပါတယ်...ဒါပေမယ့် ပိုက်ဆံ အနည်းငယ်တော့ပေးရပါလိမ့်မယ်။ ဒါပေမယ့် bandwidth တော့ ကြီးကြီးပေးပါတယ်။

   ဒီ service ကို www.anonymizer.com , www.the-cloak.com , www.inetprivacy.com/a4proxy/index.htm တို့ က ပေးထားတာပါ။

 

၂) Choices for Web Surfing and Email Anonymity တဲ့...

    တကယ်လို့ ကိုယ့်နိုင်ငံက အင်တာနက် လွတ်လပ်ခွင့် မရှိပဲ...ဟို site ပိတ်ထား... ဒီ site ပိတ်ထားတာမျိုးဆိုရင်...

    free proxy server လိုမျိုး Bypassing service တွေကို သုံးနေရတာပေါ့ဗျာ...

    ဒါတွေကလည်း ဒီနေ့ သုံး နောက်နေ့ အပိတ်ခံရတာပဲ လေ...

    ဒီတော့... freeware လေး တခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်.... Tor-Privoxy တဲ့ဗျာ...

    သူ့ကို ထုတ်လုပ်ပေးထားတဲ့ အဖွဲ့အစည်းကတော့ ဒီလိုပြောထားတယ်ဗျ

    " To protect the democratic freedoms of private citizens. " တဲ့

 

" Tor " နဲ့ " Privoxy " ဆိုတာက " anonymizer " platform တခုပါတဲ့...ကိုယ့် ကွန်ပျူတာမှာ install လုပ်ရတာပါ။

  Tor ဆိုတာ EFF ဆိုတဲ့ အဖွဲ့ အစည်း ရဲ့ web server တွေပေါ်မှာ run တဲ့ special network တခုပါ။ ၄င်း network ကို volunteer server administrator ပေါင်းမြောက်မြားစွာက ထိန်းကျောင်းပေးနေပါတယ်။

  Privoxy ကတော့ Tor network နဲ့ ချိတ်ဆက်ဖို့ လိုအပ်တဲ့ software ပါ။

 

Tor Network နဲ့ Privoxy software က ကိုယ့် ကွန်ပျူတာရဲ့ IP address ကို hide လုပ်ပေးဖို့ ပူးပေါင်းဆောင်ရွက်ပေးတာပါ။

အခုလို မျိုးလုပ်ပေးဖို့ အတွက်... Tor "onion routers" ဆိုတဲ့ internet servers တွေကို သုံးပါတယ်။

ကဲ...ဒီတော့ ပြောချင်တာကတော့ Privoxy software ကိုသုံးပြီး Tor network ကို ဖြတ်သန်း အသုံးပြုတာနဲ့ ကိုယ့်ရဲ့ တကယ့် IP အစစ်ကို hide လုပ်ပေးတယ်ပေါ့ဗျာ။

 

တခုတော့ ပြောချင်ပါတယ်.... Tor network နဲ့ Privoxy ဟာလည်း... ပြည့်စုံတဲ့ အခြေအနေတခုမှာမရှိသေးပါဘူး...

ကိုယ့်ရဲ့ လိုအပ်ချက်ကို ၈၀ % လောက်တော့ ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။

 

စမ်းကြည့်ချင်တယ်ဆိုသူများအတွက်...အောက်က link တွေမှာ သွားရောက် download လုပ်ကြည့်ပါ

 

Software for windows users (http://www.torproject.org/dist/torbrowser/tor-browser-1.3.17_en-US.exe)

Installation instruction for windows users (http://www.torproject.org/documentation.html.en)

 

Software for Machintosh users (http://torproject.org/easy-download.html.en)

Installation instruction for Machintosh users (http://www.torproject.org/documentation.html.en)

 

Privoxy နဲ့ ပတ်သက်လို့ အသေးစိတ်သိချင်ရင် အောက်က link ကိုသွားကြည့်ပါ။

http://www.privoxy.org/

 

ပျော်ရွှင်ပါစေဗျာ။

(Be knowledgeable,pass it on then)

No comments :

Post a Comment