How to change the Owner or Organization Name of Windows?

အများအာဖြင့် Windows OS ကို Installation လုပ်တဲ့အခါ Owner Name, Organization Name တွေကို
အဆင်ပြေသလို ပေးလိုက်ကြတာများပါတယ်။

ဒါဟာ ဘာပြဿနာဖြစ်စေလဲဆိုတော့... Computer တွေများလာတဲ့အခါ...
Manage လုပ်ရတာ ခက်ခဲလာပါတယ်။
တကယ်တော့ Owner Name, Organization Name တွေကို တိကျသေချာစွာ ပေးထားခြင်းဟာ သင့်ကို လွယ်လင့်တကူ Manage လုပ်နိုင်စေပါတယ်။

ဒီတော့... Installation လုပ်စဉ်အချိန်က အဆင်ပြေသလို ပေးခဲ့တဲ့ Name တွေကို
နောက်ပိုင်းမှာ အတိအကျ ပြန်ပြောင်းဖို့ လိုအပ်လာပြီဆိုပါစို့။

ဒီလိုလေး ပြောင်းယူကြတာပေါ့...

Start>Run>regedit.exe ဆိုပြီး OK လုပ်ပါ။
Registry Editor Windows ပေါ်လာရင်
HEKY_LOCAL_MACHINE\Software\Microsoft\Windows NT\CurrentVersion ထိရောက်အောင်သွားပါ။
ညာဖက် Windows မှာ RegisteredOrganization ဆိုတာနဲ့ RegisteredOwner ဆိုတာကို တွေ့ပါမယ်။
Organization Name ပြောင်းဖို့ အတွက် RegisteredOrganization ကို Double Click လုပ်ပါ။
Edit String Windows ပေါ်လာရင် Value data နေရာမှာ ကိုယ်ပြောင်းချင်တဲ့ နာမည် ထည့်ပေးပြီး OK နှိပ်ပါ။

Owner Name ပြောင်းဖို့ အတွက်လဲ အထက်ပါ အတိုင်း လုပ်လိုက်ပါ။

အားလုံးပြီးရင် Restart ချလိုက်ပါ။

ဒါဆိုရင် သင်လိုချင်တဲ့ Owner Name and Organization ကိုရပြီဖြစ်တဲ့အတွက် နောက်ပိုင်း သင့်အနေနဲ့ System Manage လုပ်ရတာ ပိုမို လွယ်ကူ အဆင်ပြေသွားပြီပေါ့။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment