TeamViewer...another Remote Control Software for Network/System Administrator !!!


UltraVNC အကြောင်းကိုတော့ ဒီမှာ ရေးထားပြီးပါပြီ။

အခုတခါ TeamViewer ဆိုတာလေးကို လက်တို့ ချင်ပါသေးတယ်။

အခုရက်ပိုင်း ဒီ Application ကို တော်တော်လေး အသုံးပြုရတာကြောင့် လဲ ပါပါတယ်။

UltraVNC နဲ့ TeamViewer တွေ ရဲ့ ကွာခြားချက်တွေကတော့ အများကြီးပါ။

ဒါပေမယ့် အဓိက ကွဲပြားတာကို ပြောရမယ်ဆိုရင် ...

UltraVNC က Log in လုပ်ဖို့ IP and Password ကို အသုံးပြုတယ်။
ဟိုဖက် ဒီဖက် အပြန်အလှန် Log in ဝင်နိုင်ဖို့ Server and Client ဆိုပြီး ၂ မျိုး ရှိနေဖို့ လိုပါတယ်။
Personal and Commercial နှစ်ခုလုံး အတွက် Free ရတယ်ပေါ့။

TeamViewer က Log in လုပ်ဖို့ ID and Password ကို အသုံးပြုတယ်။ Password က Randomly Generate လုပ်ပါတယ်။
ဟိုဖက် ဒီဖက် အပြန်အလှန် Log in ဝင်နိုင်ဖို့ TeamViewer တခုပဲ လိုပါတယ်။
Personal အတွက် Free ရပေမယ့် Commercial အတွက်ဆိုရင် Free မရပါဘူး။

ကဲ... ပြောနေတာ ကြာပါတယ်လေ။ လက်တွေ့ပဲ TeamViewer ဆိုတာလေးကို Download လုပ်ပြီး စမ်းကြည့်ကြပါစို့လား။

ဒီထက်မက ပိုမိုများပြားတဲ့ Remote Log in Software တွေ အကြောင်း သိချင်ရင် ဒီမှာ သွားလေ့လာနိုင်ပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment