Password recovery program for Microsoft Outlook

ဒီနေ့ ... Customer Site တခုက Outlook ကို ဖွင့်တော့ အောက်မှာ ပြထားတဲ့ ပုံလေးလို ပြနေပါတယ်ဆိုပြီး ဖုန်းဆက်လာပါတယ်။

ဒါနဲ့ သွားကြည့်ပေးရတယ်ပေါ့ဗျာ။

Customer ကတော့ ပြောပါတယ် သူ password မပေးထားကြောင်းပေါ့။

ဒါဆို ဘယ်သူက လက်ကမြင်းသွားတယ် မသိပါဘူး။

သူ့ ကွန်ပျူတာက Login လုပ်တာတောင် password ခံမထားမှတော့ တယောက်ယောက် လက်ဆော့သွားပုံရပါတယ်။

ဒီတော့ Google ကနေ password reset လုပ်တာ လေး ရှာရတော့တာပေါ့။

ကံကောင်းတယ်လို့ ဆိုရမလားပဲ... Free မရတာတွေချည်းပဲ တွေ့နေရာကနေ... Free ရပြီး တကယ်လည်း
အသုံးတည့်တဲ့ Program သေးသေးလေးတခု သွားတွေ့ပါတယ်။

တော်တော်လေး အဆင်ပြေပါတယ်။ တကယ်လည်း အလုပ်ဖြစ်ပါတယ်။

Outlook 97, Outlook 2000, Outlook XP, Outlook 2003, and Outlook 2007 စတာတွေကို password reset လုပ်ပေးနိုင်ပါတယ်။

Microsoft Outlook ကို သုံးတဲ့ သူများ အနေနဲ့ ပဲ ဖြစ်ဖြစ်၊ Customer Support လပ်ပေးရတဲ့ သူတွေပဲ ဖြစ်ဖြစ်
အလားတူ Personal Folders (.pst) ကို password ပေးထားပြီး မမှတ်မိတော့တာတို့၊ တခြားတယောက်ယောက် လက်ဆော့သွားတာတို့
ဆိုရင် ဒီ Program လေးနဲ့ ပဲ Reset လုပ်ပါလို့ တိုက်တွန်းရင်း အောက် က Download မှာ အလိုရှိရင် Download နိုင်ပါတယ်ဗျာ။

တခုတော့ရှိပါတယ်... သူ့ကို အသုံးပြုမယ်ဆိုရင် Microsoft Outlook ကို ပိတ်ထားရမှာပါ။

Download Outlook Password Recovery Tool


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment