How to enable the Built-In Administrator Account in Windows 7?

ပုံမှန်အားဖြင့် Windows 7 မှာ Built-In Administrator Account ကို Disable လုပ်ထားပါတယ်။

ဒီတော့ User အနေနဲ့ သူ့ ရဲ့ Password ကို မေ့သွားလို့ပဲ ဖြစ်ဖြစ်၊
သင့်အနေနဲ့ Built-In Administrator တခုထားပြီး Local Machine တွေကို Control လုပ်ချင်လို့ပဲ ဖြစ်ဖြစ်
ဒီ Built-In Administrator Account ကို လိုအပ်ပါတယ်။

အခု ၄င်း Built-In Administrator Account ကို Enable လုပ်ကြပါစို့လား။

ပထမဦးဆုံး... Local Machine ထဲကို Administrator Right ရှိတဲ့ Local User Account တခုခုနဲ့ Log in လုပ်ပါ။

Start>Run>lusrmgr.msc ဆိုပြီး ရိုက်ပါ။ OK နှိပ်ပါ။
ဒါဆိုရင် Local Users and Groupgs (Local) ဆိုတဲ့ Windows ပေါ်လာပါမယ်။
Users , Groups နှစ်ခုထဲက Users ကို Click ပါ။
ညာဖက် Windows မှာ ပေါ်လာတဲ့ Administrator ဆိုတာကို Right Click>Set Password ရွေးပေးပါ။
Set Password for Administrator ဆိုတဲ့ Windows ပေါ်လာပါမယ်။ Proceed ကို နှိပ်ပါ။
New password , Confirm password နေရာတွေမှာ password ထည့်ပေးပါ။ OK နှိပ်ပါ။
ပြီးရင် Administrator ပေါ်မှာ Right Click>Properties ကိုရွေးပါ။
General Tab မှာ Account is disabled ဆိုတဲ့ Checkbox ကို အမှန်ခြစ် ဖြုတ်ပေးလိုက်ပါ။

 Built-In Administrator Account ကို Enable လုပ်ပြီးသွားပါပြီ။

အကယ်၍များပေါ့ သင့်အနေနဲ့ ဒီ Administrator Account ကြီးကို Welcome/Login Screen မှာ တခြားသူတွေကို မမြင်စေချင်ဘူး ဆိုရင် Control Panel>User Accounts မှာ သွားပြီး ပြင်ဆင်နိုင်ပါသေးတယ်။

ဒီ Built-In Administrator Account ကို Enable လုပ်ပုံလုပ်နည်းဟာ Windows Vista မှာလည်း လုပ်လို့ရပါသေးတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment