TeamViewer for iIT Professional !




ဒါလေးကို သုံးနေတာတော့ ကြာပါပြီ။
တင်ပေးမယ် ဆိုပြီး ခုတလော အလုပ်များနေတာနဲ့ စာရေးတဲ့ဖက်ကို မလှည့်ဖြစ်တာပါ။
သင်ဟာ IT နဲ့ပတ်သက်ပြီး System/Network Administration တွေလုပ်ရတယ်။ iPhone or iPad ကို သုံးတယ်။ တစ်နေရာတည်းမှာလည်း အမြဲထိုင်နေရတာမျိုး မဟုတ်ပဲ လျှောက်သွားနေရတယ်ဆိုရင်... သင့်ရဲ့ System/Network တွေကို သွားလာရင်းကနေ Control လုပ်လို့ရချင်မှာပေါ့။
ထို့အတူ... Customer များကို Technical Support လုပ်ပေးရတဲ့ IT သမားများဆိုရင်လည်း ဒါမျိုးကို လိုအပ်မှာပဲလေ... ဒီ TeamViewer ဆိုတာလေးကို သင့်ရဲ့ iDevice ထဲမှာ ထည့်ပြီး သင့်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပြီဖြစ်ပါတယ်။
အတော်လေး အဆင်ပြေတဲ့ Apps လေးတခုပါ။
စမ်းကြည့်မယ်ဆိုရင်တော့ iTunes ကနေ TeamViewer လို့ ရှာပြီး Download လုပ်ပေတော့ဗျာ။
သင့်မသုံးတတ်မှာတော့ မပူပါနဲ့ Apps ကို စဖွင့်လိုက်တာနဲ့ သင့်ကို သူက ဘယ်လိုအသုံးပြုရလဲ ဆိုတာ ပြောပြထားပါတယ်။
တခြား Mobile Device များအတွက် ရှိနိုင်မယ်ထင်ပါမယ်။ iDevice ကို သုံးတဲ့အတွက် တခြား အပိုင်းကို သေချာမသိပါ။ ထို့ကြောင့် တခြား Mobile Device များအတွက် မပြောပြနိုင်ခြင်းဖြစ်ပါတယ်။



ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment