How to re-size virtual disk files by using VMware Converter?



Virtual Machine တွေ တည်ဆောက်တဲ့အခါ Virtual Hard Disk တွေ ကို Assign လုပ်ပေးရပါတယ်။
ကိုယ် Initial Assign လုပ်တုန်းက လုံလောက်မယ် ထင်တဲ့ Disk Space ကို Assign လုပ်ခဲ့ပေမယ့်။ တခါတရံ လိုအပ်ချက်တွေ မြင့်မားလာတာကြောင့် ယင်း Disk ကိုပဲ Resize လုပ်ဖို့ လိုအပ်လာတတ်ပါတယ်။

သင့်အနေနဲ့ သင့်ရဲ့ Virtual Machine Hardisk ကို Resize လုပ်ဖို့ လိုလာပြီဆိုပါစို့..
အောက်က အဆင့်လေးတွေအတိုင်း လုပ်ကြည့်တာပေါ့။

- သင့်ရဲ့ Virtual Machine ပေါ်မှာ VMware Converter ကို  Download and install  လုပ်ပါ။

- VMware Converter ကို Run ပါ။ တကယ်လို့ သင်ဟာ Virtual Machine ပေါ်မှာ VMware Converter ကို တိုက်ရိုက် Run တာဆိုရင် Phisical machine ဆိုတာကို Source Type အနေနဲ့ Select လုပ်ပါ။
  အကယ်၍ VMware Converter ကို Remote run တာဆိုရင်တော့ ESX/VC server login ကို Source Type အနေနဲ့ Select လုပ်ပါ။ တဆက်တည်းမှာပဲ source VM ကိုလဲ ရွေးပေးဖို့ လိုပါတယ်။


- Source Data screen ပေါ်လာတာနဲ့ သင့် VM မှာ Assign လုပ်ထားတဲ့ Disk တွေ ကို မြင်ရပါမယ်။
  သင် resize လုပ်ချင်တဲ့ Disk ကို select လုပ်ပါ။ New Disk Space Option မှာ သင်လိုချင်တဲ့ Disk Space Amount ကို ထည့်ပေးပါ။

- ပြီးရင် Next ပေါ့။  Desitination ESX host ကို select လုပ်ပါ။ VM name assign လုပ်ပါ။ ပြီးရင် data store ကို import လုပ်ဖို့ VM နဲ့ VM အတွက် network ကို select လုပ်ပါ။

- အားလုံးပြီးရင် Process စတင် Run ဖို့ Finish လုပ်ပါ။

- သင့် source VM မှာ ရှိတဲ့ data ပမာဏပေါ်မူတည်ပြီး အချိန်အတိုင်းအတာ တခုထိ သင်စောင့်ရပါမယ်။
  Process ပြီးပြီဆိုရင် source VM ကို power off ပါ။ new VM ကို power on ပါ။ သင့် new VM အလုပ်ကောင်းမွန်စွာ လုပ်နိုင် မလုပ်နိုင် စစ်ဆေးပါ။
  အားလုံး OK တကယ်ဆိုရင်တော့ original source VM ကို သင် delete လုပ်နိုင်ပါပြီ။ ပြီးရင်တော့ သင့် VM အသစ်လေးကို ဖျက်ပစ်လိုက်တဲ့ VM အဟောင်းနာမည်လေး assign လုပ်လိုက်ပေါ့။

ပြီးပါပြီ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)


 

No comments :

Post a Comment