အခန့်မသင့်လို့ သင့် ရဲ့ Hard Disk Partition တွေကို သင့်ဟာသင်ကလိရင်းနဲ့ Partition တွေကို Delete လုပ်လိုက်မိပြီပဲဖြစ်ဖြစ်...
Virus ကြောင့် Hard Disk Partition တွေ ပျက်သွားတာပဲ ဖြစ်ဖြစ်...
မှားပြီး Format လုပ်လိုက်မိတာပဲ ဖြစ်ဖြစ်...
USB Portable Disk တွေဆိုရင် Safety Remove လုပ်ရမှာ စိတ်မရှည်ပဲ... ဒီအတိုင်း ဆွဲဖြုတ် တာကနေ အခန့်မသင့်လို့ File Format က RAW ဖြစ်သွားပြီး Partition တွေပျက်သွားလို့ပဲဖြစ်ဖြစ်...
သင့်ရဲ့ အဖိုးတန် Data လေးတွေ ဆုံးရှုံးကုန်မှာ သေချာပါတယ်။
ဒီတော့ ဒီလို အဖြစ်မျိုးတွေကနေ ကျော်လွှားနိုင်အောင်... Recovery လုပ်ပေးနိုင်တဲ့ Application တွေ အများကြီးရှိတဲ့ အထဲက... TestDisk ဆိုတာလေး အကြောင်း လက်တို့ပေးချင်ပါတယ်။
TestDisk ဟာ Freeware ဖြစ်ပါတယ်။
TestDisk ဟာ အောက်ပါ အလုပ်တွေကို လုပ်နိုင်ပါတယ်
- Fix partition table, recover deleted partition
- Recover FAT32 boot sector from its backup
- Rebuild FAT12/FAT16/FAT32 boot sector
- Fix FAT tables
- Rebuild NTFS boot sector
- Recover NTFS boot sector from its backup
- Fix MFT using MFT mirror
- Locate ext2/ext3/ext4 Backup SuperBlock
- Undelete files from FAT, exFAT, NTFS and ext2 filesystem
- Copy files from deleted FAT, exFAT, NTFS and ext2/ext3/ext4 partitions
TestDisk ဟာ အောက်ပါ OS တွေမှာ Run နိုင်ပါတယ်
- DOS (either real or in a Windows 9x DOS-box),
- Windows (NT4, 2000, XP, 2003, Vista, 2008, Windows 7 (x86 & x64),
- Linux,
- FreeBSD, NetBSD, OpenBSD,
- SunOS and
- MacOS X
Standalone Application အနေနဲ့ လဲ အသုံးပြုနိုင်သလို....
အောက်ပါ Live CD တွေနဲ့လဲ တွဲဖက်ပါဝင်တဲ့ အတွက် Live CD/Boot CD တွေနဲ့လဲ အသုံးပြုနိုင်ပါသေးတယ်
BootMed
CAINE
Frenzy
GParted LiveCD
iloog
grml
Knoppix
Parted Magic
PLD RescueCD
Recovery Is Possible
Slax-LFI
System Rescue CD
Ubuntu-Rescue-Remix
Ultimate Boot CD
Hiren Boot CD
FreeDos Live CD တခု ကိုယ်တိုင်ဖန်တီးချင်တယ်ဆိုရင်လဲ Create a TestDisk FreeDos LiveCD ဒီက အတိုင်းလုပ်ကြည့်နိုင်ပါသေးတယ်။
ကဲ... Download လုပ်ပြီး စမ်းသပ်ချင်တယ်ဆိုသူများအတွက်ကတော့...အောက်က Link မှာသွားကြည့်ပေတော့ဗျာ။
Download TestDisk
ဒီ Link ကနေ TestDisk ကို ဘယ်လိုအသုံးချရတယ်ဆိုတာကို ပါ လေ့လာနိုင်ပါတယ်။
ဒါကြောင့် အသုံးချပုံ အသေးစိတ်ကိုတော့ ရှင်းမပြတော့ပါဘူး။
ကျတော် သုံးတာတော့ တော်တော်လေး ကို အဆင်ပြေတဲ့ အတွက် လက်တို့ပေးလိုက်တာပါ။
ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)
No comments :
Post a Comment