Untethered Jailbreak Guide for iOS 5.1.1 on iDevices using Absinthe 2.0

Jailbreak လုပ်တယ်ဆိုတာ တကယ်တော့ လွယ်ပါတယ်...

သို့ပေမယ့် အကျွမ်းတဝင် မရှိတဲ့ သူတွေ အဆင်ပြေစေဖို့ မြန်မာလို ပြန်ရေးပေးလိုက်ပါတယ်။

၁) ပထမဦးစွာ Jailbreak လုပ်ဖို့ လိုအပ်တာတွေကို အောက်က Link တွေမှာ Download လုပ်ပါ။

Absinthe2.0 MacOSX (10.5, 10.6, 10.7)
Absinthe2.0 Windows (XP/Vista/Win7) 
Absinthe2.0 Linux (x86/x86_64)
iOS 5.1.1 IPSW firmware

၂) iTunes ကို ဖွင့်ပါ။ iDevice ကို Computer နဲ့ ချိတ်ပြီး Backup လုပ်ပါ။

၃) Download လုပ်ထားတဲ့ Absinthe v2.0 ကို Right Click>Run As Administrator နဲ့ Run ပါ။

၄) အောက်မှာ ပြထားသလိုလေး ပေါ်လာပါမယ်။ Absinthe v2.0 က သင့် iDevice ကို detect လုပ်ပါမယ်။ Detect သိပြီဆိုရင် Jailbreak ဆိုတာလေးကို နှိပ်ပါ။
    ပြီးရင် အေးဆေး သာ ထိုင်စောင့်နေလိုက်ပါ။ ၄ မိနစ် ၅ မိနစ်လောက်ကြာပြီးရင် iDevice Reboot လုပ်ပြီး Jailbreak လုပ်ငန်းစဉ် ပြီးပါပြီ။




Jailbreak လုပ်ခြင်းသည် အကြောင်းအားလျော်စွာ အခန့်မသင့်ပါလျှင် မိမိရဲ့ iDevice ကို ပျက်ဆီးစေနိုင်တာ ဖြစ်ပါသောကြောင့် သတိကြီးစွာထားပြီး လုပ်ဖို့ရန် အထူးတိုက်တွန်းပါတယ်။
At your own risk ပေါ့နော်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)







What is DDNS?

ဒီနိုင်ငံ ရောက်လာကတည်းက DDNS ဆိုတာကို Network တော်တော်များများမှာ တွေ့ရပါတယ်။
CCTV အပါအဝင် တခြား Device တွေကို Network နဲ့တွဲသုံးလာတာကို တော်တော်လေးတွေ့ပါတယ်။
ဒီတော့ အဲဒီဟာလေး ပြောချင်စိတ်ပေါက်လာလို့ နည်းနည်း လက်ဆော့လိုက်တယ်ဗျာ။
DNS ဆိုတာကတော့ Domain Name System ပေါ့ဗျာ။
DDNS ဆိုတာကတော့ Dynamic DNS ပေါ့။

DNS ဆိုတာ IP Address ကနေ Name, Name ကနေ IP Address ကို ပြောင်းပေးတဲ့ အလုပ်ကို လုပ်ပေးပါတယ်။
Network တခုမှာ ရှိတဲ့ Device တွေကို ကျတော်တို့ အနေနဲ့ မှတ်ဖို့ဆိုတာ IP Address တွေနဲ့ဆို ဘယ်မှတ်မိပါ့မလဲ... ဒီတော့ DNS သုံးပြီး IP ကို Name အနေနဲ့ မှတ်ထားရတာပေါ့။
ဒါမျိုး အလုပ်ကို Device တခုချင်းစီအတွက် Network Administrator ဆိုတဲ့သူ က လိုက်သတ်မှတ်ပေးရပါတယ်။

Device တွေ အများကြီးဆို Administrator လဲ လျှာထွက်ပြီပေါ့ဗျာ။
ဒီတော့ Automatic လုပ်ဖို့ DNS Server ဆိုတာကို တည်ဆောက်လိုက်တယ်ပေါ့။
ဒါနဲ့ ပြီးသွားပြီလားဆိုတော့ ပြီးသေးဘူးဗျ... ဒါက Device တွေက နေ Server ရဲ့ IP ကို Server Name အဖြစ် သိဖို့ အတွက်ပဲ ရှိသေးတယ်။
Server က Device အားလုံး ရဲ့ IP ကနေ Name ကို သိဖို့ ကြပြန်တော့ ခုပြောချင်တဲ့ DDNS Server ဆိုတာကို တည်ဆောက်ပေးမှ ရတယ်။

ဒီတော့မှ Network Administrator တယောက် Device တခုချင်းကို Name သတ်မှတ်ပေးရတဲ့ အလုပ်ကနေ အနားရတော့တာပေါ့။

နည်းနည်းများ ရှုပ်သွားလားမသိဘူး... ဒီလိုဗျ...

DNS Server တလုံးမှာ IP Address တွေကို Name သတ်မှတ်ပေးဖို့ အတွက် Host A Record File ဆိုတာရယ်.. Pointer PTR Record File ဆိုတာရယ် ဆိုပြီး Record File (၂) ခုရှိတယ်...

သူတို့က အဓိက အလုပ်လုပ်ပေးတာပါ။

အဲဒီ File (၂) File ထဲကမှ Host A Reocrd File က Name နှင့် IP ကို Mapping လုပ်ပေးတယ်။

Pointer PTR Record File က IP နှင့် Name ကို Mapping လုပ်ပေးတယ်။

ဒီတော့ DNS Server ရဲ့ အဓိက ဇာတ်လိုက်ကြီးတွေက ဒီ File (၂) File ပေါ့ဗျာ။

ဒီ File (၂) File ကို ဖန်တီးပေးထားမှသာလျှင် DNS Server ကြီးဟာ IP to Name , Name to IP ပြောင်းပေးခြင်းကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

DDNS လို့ခေါ်တဲ့ Dynamic Domain Name System ဆိုုတာကတော့ Host A Record  File နဲ့ Pointer PTR လို့ခေါ်တဲ့ Record  File တွေကို Client Device တွေ အတွက် Automatically Update လုပ်ပေးတဲ့ System ပါ။

အဲဒီ System ကြီးကို Service ပေးတဲ့ Server ကို ပဲ DDNS Server လို့ ခေါ်တာပေါ့။

သူက Client Device တွေ အတွက် DNS Automatically Update ဖြစ်အောင်... တနည်းအားဖြင့် Host A Record File နဲ့ Pointer PTR Record File တွေကို Automatically Update ဖြစ်အောင် လုပ်ပေးပါတယ်ဗျာ။

DDNS Server သေချာလေး လုပ်မထားတဲ့ Network တွေမှာ ကြုံရလေ့ရှိတာကတော့ Client Device တခု Domain ကို Join တဲ့ အခါ အဆင်မပြေဖြစ်တတ်တာပါပဲ။

DDNS ကို CCTV တွေနဲ့ တွဲသုံးတာ ကို အများဆုံးတွေ့ဖူးတာ တခုကတော့... Company Network မဟုတ်တဲ့ အပြင် Network (Internet) ကနေပါ CCTV IP Camera, DVR တွေကို လှမ်းကြည့်လို့ရအောင် Configure လုပ်တာပါပဲ။

ဒီအတွက်တော့ သက်ဆိုင်ရာ Switch, Router နဲ့ Server တွေမှာပါ လိုအပ်ချက်အတိုင်း Configure လုပ်ပြီး အသုံးပြုလေ့ရှိပါတယ်။

ကဲ... ဒီလောက်ဆိုရင် DDNS အကြောင်း ပြောတာ နားပါပြီ။


လိုအပ်တာရှိရင်...မှားနေတာများရှိရင် ထောက်ပြပေးပါဗျာ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

TestDisk,one of the best free application to recover deleted partition for your disk


အခန့်မသင့်လို့ သင့် ရဲ့ Hard Disk Partition တွေကို သင့်ဟာသင်ကလိရင်းနဲ့ Partition တွေကို Delete လုပ်လိုက်မိပြီပဲဖြစ်ဖြစ်...
Virus ကြောင့် Hard Disk Partition တွေ ပျက်သွားတာပဲ ဖြစ်ဖြစ်...
မှားပြီး Format လုပ်လိုက်မိတာပဲ ဖြစ်ဖြစ်...
USB Portable Disk တွေဆိုရင် Safety Remove လုပ်ရမှာ စိတ်မရှည်ပဲ... ဒီအတိုင်း ဆွဲဖြုတ် တာကနေ အခန့်မသင့်လို့ File Format က RAW ဖြစ်သွားပြီး Partition တွေပျက်သွားလို့ပဲဖြစ်ဖြစ်...

သင့်ရဲ့ အဖိုးတန် Data လေးတွေ ဆုံးရှုံးကုန်မှာ သေချာပါတယ်။

ဒီတော့ ဒီလို အဖြစ်မျိုးတွေကနေ ကျော်လွှားနိုင်အောင်... Recovery လုပ်ပေးနိုင်တဲ့ Application တွေ အများကြီးရှိတဲ့ အထဲက... TestDisk ဆိုတာလေး အကြောင်း လက်တို့ပေးချင်ပါတယ်။

TestDisk ဟာ Freeware ဖြစ်ပါတယ်။

TestDisk ဟာ အောက်ပါ အလုပ်တွေကို လုပ်နိုင်ပါတယ်

   - Fix partition table, recover deleted partition
   - Recover FAT32 boot sector from its backup
   - Rebuild FAT12/FAT16/FAT32 boot sector
   - Fix FAT tables
   - Rebuild NTFS boot sector
   - Recover NTFS boot sector from its backup
   - Fix MFT using MFT mirror
   - Locate ext2/ext3/ext4 Backup SuperBlock
   - Undelete files from FAT, exFAT, NTFS and ext2 filesystem
   - Copy files from deleted FAT, exFAT, NTFS and ext2/ext3/ext4 partitions

TestDisk ဟာ အောက်ပါ OS တွေမှာ Run နိုင်ပါတယ်

   - DOS (either real or in a Windows 9x DOS-box),
   - Windows (NT4, 2000, XP, 2003, Vista, 2008, Windows 7 (x86 & x64),
   - Linux,
   - FreeBSD, NetBSD, OpenBSD,
   - SunOS and
   - MacOS X

Standalone Application အနေနဲ့ လဲ အသုံးပြုနိုင်သလို....

အောက်ပါ Live CD တွေနဲ့လဲ တွဲဖက်ပါဝင်တဲ့ အတွက် Live CD/Boot CD တွေနဲ့လဲ အသုံးပြုနိုင်ပါသေးတယ်

    BootMed
    CAINE
    Frenzy
    GParted LiveCD
    iloog
    grml
    Knoppix
    Parted Magic
    PLD RescueCD
    Recovery Is Possible
    Slax-LFI
    System Rescue CD
    Ubuntu-Rescue-Remix
    Ultimate Boot CD
    Hiren Boot CD

FreeDos Live CD တခု ကိုယ်တိုင်ဖန်တီးချင်တယ်ဆိုရင်လဲ Create a TestDisk FreeDos LiveCD  ဒီက အတိုင်းလုပ်ကြည့်နိုင်ပါသေးတယ်။

ကဲ... Download လုပ်ပြီး စမ်းသပ်ချင်တယ်ဆိုသူများအတွက်ကတော့...အောက်က Link မှာသွားကြည့်ပေတော့ဗျာ။

Download TestDisk

ဒီ Link ကနေ TestDisk ကို ဘယ်လိုအသုံးချရတယ်ဆိုတာကို ပါ လေ့လာနိုင်ပါတယ်။

ဒါကြောင့် အသုံးချပုံ အသေးစိတ်ကိုတော့ ရှင်းမပြတော့ပါဘူး။

ကျတော် သုံးတာတော့ တော်တော်လေး ကို အဆင်ပြေတဲ့ အတွက် လက်တို့ပေးလိုက်တာပါ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)


How to re-size virtual disk files by using VMware Converter?



Virtual Machine တွေ တည်ဆောက်တဲ့အခါ Virtual Hard Disk တွေ ကို Assign လုပ်ပေးရပါတယ်။
ကိုယ် Initial Assign လုပ်တုန်းက လုံလောက်မယ် ထင်တဲ့ Disk Space ကို Assign လုပ်ခဲ့ပေမယ့်။ တခါတရံ လိုအပ်ချက်တွေ မြင့်မားလာတာကြောင့် ယင်း Disk ကိုပဲ Resize လုပ်ဖို့ လိုအပ်လာတတ်ပါတယ်။

သင့်အနေနဲ့ သင့်ရဲ့ Virtual Machine Hardisk ကို Resize လုပ်ဖို့ လိုလာပြီဆိုပါစို့..
အောက်က အဆင့်လေးတွေအတိုင်း လုပ်ကြည့်တာပေါ့။

- သင့်ရဲ့ Virtual Machine ပေါ်မှာ VMware Converter ကို  Download and install  လုပ်ပါ။

- VMware Converter ကို Run ပါ။ တကယ်လို့ သင်ဟာ Virtual Machine ပေါ်မှာ VMware Converter ကို တိုက်ရိုက် Run တာဆိုရင် Phisical machine ဆိုတာကို Source Type အနေနဲ့ Select လုပ်ပါ။
  အကယ်၍ VMware Converter ကို Remote run တာဆိုရင်တော့ ESX/VC server login ကို Source Type အနေနဲ့ Select လုပ်ပါ။ တဆက်တည်းမှာပဲ source VM ကိုလဲ ရွေးပေးဖို့ လိုပါတယ်။


- Source Data screen ပေါ်လာတာနဲ့ သင့် VM မှာ Assign လုပ်ထားတဲ့ Disk တွေ ကို မြင်ရပါမယ်။
  သင် resize လုပ်ချင်တဲ့ Disk ကို select လုပ်ပါ။ New Disk Space Option မှာ သင်လိုချင်တဲ့ Disk Space Amount ကို ထည့်ပေးပါ။

- ပြီးရင် Next ပေါ့။  Desitination ESX host ကို select လုပ်ပါ။ VM name assign လုပ်ပါ။ ပြီးရင် data store ကို import လုပ်ဖို့ VM နဲ့ VM အတွက် network ကို select လုပ်ပါ။

- အားလုံးပြီးရင် Process စတင် Run ဖို့ Finish လုပ်ပါ။

- သင့် source VM မှာ ရှိတဲ့ data ပမာဏပေါ်မူတည်ပြီး အချိန်အတိုင်းအတာ တခုထိ သင်စောင့်ရပါမယ်။
  Process ပြီးပြီဆိုရင် source VM ကို power off ပါ။ new VM ကို power on ပါ။ သင့် new VM အလုပ်ကောင်းမွန်စွာ လုပ်နိုင် မလုပ်နိုင် စစ်ဆေးပါ။
  အားလုံး OK တကယ်ဆိုရင်တော့ original source VM ကို သင် delete လုပ်နိုင်ပါပြီ။ ပြီးရင်တော့ သင့် VM အသစ်လေးကို ဖျက်ပစ်လိုက်တဲ့ VM အဟောင်းနာမည်လေး assign လုပ်လိုက်ပေါ့။

ပြီးပါပြီ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)