Reverse Path Forwarding Check


Multicast  Routing  Protocol မှာ Dense Mode နဲ့ Sparse Mode ဆိုပြီး Protocol ခု ရှိတယ်။


Sparse Mode ကတော့ Multicast Traffic ကို တွေ့သမျှကို ရက်ရက်ရောရော မပေးပဲ တောင်းတဲ့သူကိုပဲ ပေးတာပေါ့။


Dense Mode ကတော့ သူ့ရဲ့ Multicast Traffic ကိုတွေ့သမျှ အကုန်ပေးတာဗျ။ လက်ခံရရှိတဲ့ Router က မပို့တော့နဲ့ လို့ မပြောမချင်း ပို့တဲ့ Router က Multicast Traffic ကို Flood  ဆက်လုပ်နေတာပါ။ မလိုပါဘူး မပို့ပါနဲ့တော့လို့ ပြော မှ ရပ်တာပေါ့ဗျာ။


ဒီတော သိတဲ့အတိုင်း Dense Mode မှာ Routing  Loop ဖြစ်နိုင်တာပေါ့။ ဒီတော့ Loop ကနေကာကွယ်ဖို့ အတွက် Multicast  Enabled  Router တလုံးက Flood လုပ်လိုက်တဲ့ Multicast  Traffic ကို လက်ခံရရှိတဲ့ Router က  အချက် () ချက် ကို အခြေခံပြီး ထပ်စစ်တယ်။


ပထမအနေနဲ့ 

သူ့ရဲ့ Unicast Routing Table ထဲမှာ Multicast Traffic ကို Flood လုပ်လိုက်တဲ့ Router ရဲ့ IP Address (တနည်းအားဖြင့် Source IP) ရှိလား မရှိဘူးလား ဆိုတာကို စစ်တယ်။


ဒုတိယအနေ နဲ့ 

ရှိတယ်ဆိုရင် ဘယ် Interface ကနေ အဲဒီ IP Address  ကို သွားနိုင်လဲ ဆိုတာကိုထပ် စစ်တယ်။


ဒီ ချက်လုံးနဲ့ စစ်ပြီး လက်ခံရရှိတဲ့ Multicast Traffic  ပို့လိုက်တဲ့ Source IP  ကိုသွားလို့ရတဲ့ Interface  က လွဲပြီး ကျန်တဲ့ Interface တွေမှာ Multicast Traffic ကို Drop လုပ်လိုက်ပါတယ်။


ဒီ လုပ်ငန်းဆောင်ရွက်ချက်ကိုပဲ RPF Check (Reverse Path Forwarding Check)လို့ ကျတော်တို့တွေ ဘိုလို ပြောပြောနေကြတာပါ။

 

ကျေးဇူးတင်ပါတယ်။

(Be knowledgeable, pass it on then)


No comments :

Post a Comment