Data Compression, HDLC and PPP

Bandwidth နဲတဲ့ Point to Point WAN Link တွေ သုံးတဲ့အခါ Data Compression Method တွေသုံးကြရပါတယ်။

Cisco တွေသုံးတဲ့အခါ မှာတော့ တချို့က Default ဖြစ်တဲ့ HDLC Protocol ကိုပဲ သုံးလိုက်ကြတာများတယ်။ ပြီးတော့မှ Stacker Compression Method ကို သုံးလေ့ရှိကြတယ်။

ဒီနေရာမှာ ပြဿနာ နည်းနည်းရှိလာတယ်။ ဘာပြဿနာလဲ ဆိုတော့ တကယ်လို့များ ဒီဖက်က Cisco သုံးပြီး နောက်တဖက်မှာ Juniper, Huawei, HP စတာတွေ သုံးတဲ့အခါ Compatibility issue ပေါ်လာတတ်ပါတယ်။

အဲဒီလို မဖြစ်ရအောင် HDLC အစား PPP ကို သုံးရခြင်းကလဲ ကျတော်တို့တွေ PPP ကို သုံးရခြင်း အကြောင်းတွေ အများကြီးထဲက တခုပဲ ဖြစ်ပါတယ်။

Data Compression အကြောင်းကို သေချာ သိချင်ရင်တော့ Cisco က ရှင်းပြထားတဲ့ အောက်က လင့်တွေမှာ ဖတ်ကြည့်နိုင်ပါတယ်။

http://www.cisco.com/c/en/us/support/docs/wan/data-compression/14156-compress-overview.html

http://www.cisco.com/c/en/us/support/docs/wan/data-compression/9289-wan-compression-faq.html

ကျေးဇူးတင်ပါတယ်။
(Be knowledgeable, pass it on then)

No comments :

Post a Comment