Internet Protocol Security (IPSec) - 1

Routed Protocol တခုဖြစ်တဲ့ IP မှာ Traffic ကို ကာကွယ်ဖို့ Security Feature မပါလာပါဘူး။

အဲဒီအတွက် ကျတော်တို့တွေ ရဲ့ Data တွေကို လုံခြုံစေဖို့ Internet Protocol Security (IPSec) ဆိုတာ ကို သုံးရပါတယ်။

IPSec က Traffic ကို ကာကွယ်ဖို့အတွက် CIA သို့မဟုတ် CIAA ဆိုတဲ့ Feature တွေကို အသုံးပြုပါတယ်။

ဒီ CIA/CIAA စကားလုံး နှစ်လုံးကို Security နဲ့ ပတ်သတ်တဲ့ ပွဲတွေ သွားတာပဲ ဖြစ်ဖြစ် စာအုပ်တွေ ဖတ်တာပဲ ဖြစ်ဖြစ် မြင်တွေ့ရမှာပါ။ သူတို့တွေကတော့ …

Confidentiality : ပို့တဲ့သူနဲ့ လက်ခံတဲ့သူက လွဲပြီး ကြားကဘယ်သူမှ မသိအောင် Data ကို Encrypt လုပ်ခြင်း

Integrity : ပို့လိုက်တဲ့ Data ကို ကြားထဲက တယောက်ယောက်က ဝင်ပြီး ပြင်ထားတာမျိုး ရှိမရှိ သိရအောင် Data ကို Hash တန်ဖိုး တခုရအောင် တွက်ထုတ်ထားပြီး အဲ့ဒီတွက်ထုတ်ထားတဲ့ Hash တန်ဖိုးကို ပို့သူ လက်ခံသူပဲ သိစေခြင်း။

Authentication : ပို့တဲ့သူက လက်ခံသူက မိမိ Data တကယ်ရစေချင်သူလား။ လက်ခံသူက ရတဲ့ Data က မိမိ ပို့စေချင်တဲ့သူဆီက လာတဲ့ Data လား သေချာစေခြင်း။

Anti-Replay : Data Packet ကို Encrypt , Authenticate လုပ်ထားပေမယ့်လဲ ကြားကနေ ဖောက်Data ကို ပြန်ပြင် ပြီး ပြန်ပို့တာမျိုး ကြုံနိုင်ပါသေးတယ်။ ဒီအတွက် Data Packet တွေကို Sequence Number လေးတွေတပ်ပြီး ၂ ခါ ထပ်မပို့အောင် လုပ်ထားခြင်း

တို့ပဲ ဖြစ်ပါတယ်။

အပေါ်မှာ ပြောခဲ့တဲ့ CIA/CIAA Feature တွေကို တည်ဆောက်ဖို့အတွက် IPSec မှာ

1 ) IPSec Protocol

  • ESP (Encapsulating Security Payload)
  • AH (Authentication Header)
  • ESP + AH

2) Encryption

  • DES (Data Encryption Standard)
  • 3DES (Triple DES)
  • AES (Advanced Encryption Standard)

3) Authentication

  • MD5 (Message Digest)
  • SHA (Secure Hash Algorithms)

4) DH (Diffie-Hellman)

  • DH1 (Diffie-Hellman Group 1)
  • DH2 (Diffie-Hellman Group 2)
  • DH5 Diffie-Hellman Group 5)

စတဲ့ များစွားသော Protocol တွေ ပါဝင်ပါတယ်။

IPSec ကို Firewall, Router, Host Computer , Server စတဲ့ မျိုးစုံသော Device တွေမှာ ပုံစံမျိုးစုံနဲ့ အသုံးပြုနိုင်ပါတယ်။

ဥပမာ Router နှစ်လုံး သုံးပြီး HQ Site နဲ့ Branch Site ကို Site-to-Site VPN ချိတ်တာမျိုးတို့ ၊ Firewall မှာ Host Computer အတွက် Remote Access VPN လုပ်တာတို့။ Terminal Server ၂ ခုကြားက Traffic ကို Protect လုပ်တာမျိုးတို့ပေါ့။

IPSec ဟာ ရှုပ်ထွေးပြီး နားလည်ရခက်သလို မိမိလိုအပ်ချက်ပေါ်မူတည်ပြီး ပုံစံမျိုးစုံနဲ့ Setup လုပ်နိုင်ပါသေးတယ်။

IPSec သုံးဖို့ Setup လုပ်မယ့် Device အနည်းဆုံး ၂ ခုလိုပြီး အဲဒီ Device တွေကို ဘိုလို ကျတော်တို့က Peer လို့ခေါ်ပါတယ်။

ဒီတော့ IPSec သုံးဖို့ ကျတော်တို့က ပထမဆုံး အနေနဲ့ Peer ၂ ခု ကို လုံလုံခြုံခြုံဆက်သွယ်ပေးမယ့် Secure Tunnel (သို့မဟုတ်) IPSec Tunnel ဆောက်ပေးဖို့လိုပါတယ်။

အဲလိုဆောက်ဖို့ အတွက် ကျတော်တို့ IKE 1 , IKE2 ဆိုပြီး Phase ၂ ခုရှိတဲ့ Internet Key Exchange ဆိုတာ ကို ထပ်လိုပါတယ်။

IKE1 က Peer ၂ခုကြားက Tunnel ကို လုံခြုံအောင်လုပ်ဖို့ ဖြစ်ပြီး

IKE2 က တော့ Peer ၂ ခုကြားက နေ ဖြတ်သွားမယ့် Data Traffic ကို လုံခြုံအောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။

ဒီတော့ IKE1 နဲ့ IKE2 တွေ အလုပ်လုပ်ပုံနဲ့ အလုပ်လုပ်ဖို့ ဘာတွေလုပ်ရမလဲ ဆိုတာကို နောက်မှာ ထပ်ရေးပါမယ်။

ခုတော့ မောလို့ နားပြီဗျာ။


ကျေးဇူးတင်ပါတယ်။

(Be knowledgeable, pass it on then)

 

1 comment :