ဒါလေးတွေကိုသိထားရင်ကောင်းတာပေါ့

သူငယ်ချင်းတစ်ယောက်ကပြောလာပါတယ်.....သူ့ Gmail နဲ့ Gtalk ကို
တခြားတစ်ယောက်ကသူမသိအောင်သုံးနေတယ်တဲ့....
ဟုတ်ပါတယ်....လုပ်လို့ရပါတယ်...
အဲဒီလိုခိုးသုံးလို့ရပါတယ်....ပြောရရင် password အခိုးခံရတာပါ...
ဒီလိုမျိုးဘာကြောင့်ဖြစ်ရတာလဲဆိုရင်ဒါတွေကြောင့်ပါ....
- Gmail ရဲ့မိခင် website ကနေမဝင်ပဲ... Gmail-lite နဲ့ Bypassing service တွေကနေ
၀င်လို့ပါ..
- Gmail နဲ့ Gtalk ကိုဖွင့်ထားပြီးတနေရာရာကိုအကြာကြီးသွားနေလို့ပါ...
- နောက်တစ်ခုက .... Anti-virus & Anti-spyware program တွေကမသိတဲ့
keylogger software တစ်ခုခု Run ထားတဲ့ PC မှာသုံးမိလို့ပါ....
- ပြီးတော့...Gmail နဲ့ Gtalk က Beta Version ကနေ မကျော်သေးလို့ပါ...
ဒါတွေကို...ရှောင်တိမ်းဖို့ကတော့...
-တတ်နိုင်ရင်...secure socket layer ကိုသုံးထားတဲ့.. https://mail.google.com,https://www.gmail.com ကိုပဲ
သုံးပါ...Connection ကလဲအရမ်းနှေးနေမယ်...ကိုယ်ကလည်းမသုံးမဖြစ်လို့..Bypass တွေ
Glite တွေကိုသုံးရပြီဆိုရင်...သုံးပြီးတာနဲ့...password change ဖို့ကြိုးစားပါ...
-ကိုယ် ့PC ကနေ တခြားနေရာကို အကြာကြီးသွားရမယ်ဆိုရင်...
Gmail နဲ့ Gtalk ကို sign out လုပ်ပြီးမှသွားပါ....
sign out လုပ်တဲ့အခါမှာလည်း out သွားပြီဆိုတာနဲ့မကျေနပ်ပါနဲ့...
Username နဲ့ password နေရာမှာ...ကိုယ်ရိုက်ချင်တာကိုရိုက်လိုက်ပါ ပြီးရင်...sign in
လုပ်ပါ...Username,password မှားနေတယ်လို့ server ကပြောမှ..ကိုယ်လိုရာကိုသွားပါ။
-တချို့ company တွေက keylogger program တွေထည့်ထားတတ်ပါတယ်...၀န်ထမ်းတစ်
ယောက်ဘာတွေရိုက်သွားတယ်ဆိုတာကို မှတ်ထားဖို့ပါ...(ဥပမာ Chatting ပေါ့)

ဒါတွေကို သိအောင်လုပ်ပါ..
-Gmail နဲ့ Gtlak Beta Version ကနေ မြန်မြန်ကျော်လွန်ပါစေလို့ဆုတောင်းပေါ့ဗျာ... :D
ပြောဖို့မေ့သွားလို့...script language သုံးထားတဲ့ website တွေမှာ... form ပုံစံဖြည့်ရင်
သတိထားပါ...ဘာလို့လဲဆိုတော့... script နဲနဲပါးပါးသုံးတတ်တဲ့ သာမန် programmer လေး
တစ်ယောက်ဟာ...password ကိုလိုချင်ရင်အလွယ်လေးမို့လို့ပါ...
cookie function တစ်ခုဖန်တီးထားပြီး..ဒီနေရာမှာ type တဲ့ character မှန်သမျှကို သိမ်းထားပါ
ဆိုပြီးရေးထားလို့ရလို့ပါ...
ဒါပါပဲဗျာ....
(Gmail,Gtalk နဲ့ပတ်သက်ပြီး သိချင်တာရှိသေးရင်လဲ...မေးမြန်းနိုင်ပါတယ်...ဆွေးနွေးလို့လည်း
ရပါတယ်...ကျွန်တော်က offline ဖြစ်နေတာကများတာကိုတော့ သည်းခံပေးပါခင်ဗျာ...)

1 comment :

  1. လေးမ11:16 PM

    ဟင်..ရှုပ်နေတာပဲနော်..။ဟူး..............။

    ReplyDelete