Mobile Phone Virus အကြောင်း

အခုတလောအပြင်မှာ Mobile Phone လေးတွေနဲ့ Message ပို့တာ၊လက်ခံတာ
ကိုတော်တော်လေးတွေ့ရပါတယ်။ကျွန်တော်ပဲခုမှသတိထားမိတာလား
တော့မသိပါဘူးဗျာ။
အဲဒီ့ထဲမှာကျွန်တော့်သူငယ်ချင်းတချို့လဲပါပါတယ်။
Message ပို့တဲ့အခါမှာလည်းတကယ်အရေးကြီးလို့ပို့တာကနည်းပါတယ်။
အများအားဖြင့်တော့အပျော်သဘောလုပ်နေကြတာများပါတယ်။
ဒါတွေကိုတွေ့ရတဲ့ကျွန်တော်ကတော့မနေနိုင်မထိုင်နိုင်စိုးရိမ်မိလာပါတယ်။
ဘာကိုစိုးရိမ်တာလဲဆိုတော့ တခြားတော့မဟုတ်ပါဘူး။
Mobile Phone Virus ပါ....
တလောက Virus တစ်မျိုးအကြောင်းကို အင်တာနက်မှာရှာရင်းနဲ့
အမှတ်မထင် Mobile Phone Virus အကြောင်းကိုတွေ့လိုက်လို့ပါ။
ဒါနဲ့ပဲ ဒီ Virus ကုူးစက်ပုံကိုနဲနဲဖောက်သည်ချလိုက်ပါတယ်...
Mobile Phone Virus ကူးစက်ပုံကဒီလိုဗျ..
ဖုန်းတစ်ခုကနေ နောက်တစ်ခုကို ကူးစက်ဖို့အတွက် ဖုန်းမှာ short range radio
communication technology ပါရှိဖို့လိုပါတယ်။အဲဒီနည်းပညာကို bluetooth လို့ခေါ်ပါတယ်။
ဥပမာအားဖြင့် ငါးကိုက်၊ဆယ်ကိုက် စတဲ့ ပမာဏအတွင်းမှာရှိတဲ့ radion frequency
သုံးတဲ့ device အချင်းချင်းလက်ခံတုန့်ပြန်မှုတွေကိုဆောင်ရွက်တာပဲဖြစ်ပါတယ်။
ဒါကြောင့် Virus ရှိထားတဲ့ ဖုန်းဟာ အနီးအနားက ကိုယ့်လိုပဲ bluetooth system
သုံးတဲ့ program ရှိမရှိ ကို အချက်ပြထောက်လှမ်းနေတတ်တယ်။တကယ်လို့များ
အနားက ဖုန်းတစ်လုံးမှာလည်း bluetooth system သုံးထားတာရှိပြီဆိုရင် အဲဒီ့
virus program တွေက လေထဲကနေပျံနှံ့ထွက်ခွာလာပါပြီ။
အဲဒီအချိန်မှာသုံးစွဲသူရဲ့ဖုန်းကနေ ဘယ်သူ့ဆီကနေ Message ၀င်နေပါပြီ
ဆိုတာမျိုးအချက်ပြလာပါပြီ။
အဲဒီ Message ကို ဖွင့်မလား...ဖတ်မလား...ခွင့်ပြုမလားစတဲ့မေးခွန်းတွေမေးပါလိမ့်မယ်။
User က သိချင်စိတ်နဲ့မစူးစမ်းပဲ confirm လုပ်လိုက်လို့ကတော့ ဗေဒင်သွားမမေးပါနဲ့တော့
Virus ၀င်သွားပါပြီ။
အဲ...၀င်သွားတဲ့ ကိုယ်တောချောက ဒီအတိုင်းမနေပြန်ပါဘူး....
နောက်ထပ် သားကောင်ကို သူ့ ထုံးစံအတိုင်း ရှာပြန်ပါတယ်။
ဒီလိုနည်းနဲ့ပဲ... Mobile Phone Virus တွေပျံ့နံှ့ကူးစက်ပါသတဲ့ဗျာ...
ကဲသူငယ်ချင်းတို့ရေ...ဆင်ခြင်နော်...
သိ်ပ်တော့လဲမစိုးရိမ်ပါနဲ့အုံး... တို့နိုင်ငံမှာ ဒါမျိုးဖြစ်ဖို့ လိုပါသေးတယ်။
ကြားမိတာတော့ တတိယ ISP ဆိုတာလုပ်တော့မယ်ဆိုပဲ...သူနဲ့အတူ Mobile Phone
နဲ့ အင်တာနက်ကို ခံစားလို့ရတဲ့ service ပါ ပါလာမယ်လို့တော့ ဂျာနယ်တစ်စောင်မှာ
တွေ့လို်က်မိသလားလို့။ဘယ်တော့လဲတော့မသိပါဘူး။စောင့်ကြတာပေါ့။

1 comment :

  1. တော်ပါသေးရဲ့...message ပို့တဲ့သူမရိှလို့...။

    ReplyDelete