လက်ထက်လက်စွပ်ကိုဘာလို့လက်သူကြွယ်မှာဝတ်ရတာလဲ

ကယ်…အားလုံး… လက်နှစ်ဖက်ကို ဘုရားရှိခိုးတဲ့ပုံစံကိုပြုလုပ်လိုက်ပါ။ လက်ခလယ်ကိုခေါက်လိုက်ပြီး လက်ခလည်ရဲ့ကြောချင်းကြောထိအောင် ခေါက်ကွေးထားဖို့လိုမယ်နော်။ ကျန်တဲ့လက်ချောင်းများက ထိပ်ချင်းထိပ်ထိနေပါစေ။

ဒီကစားနည်းကို မကစားခင်မှာ လက်ငါးချောင်းက ဘာကိုရည်ညွှန်းတယ်ဆိုတာကို ပြောပြပါမယ်။

လက်မထိပ်ကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ။ လက်မဆိုတာ မိဘကိုဆိုလိုတာပါ။ လက်မကိုခွါလို့ ရပါတယ်။ လူတိုင်းမှာ အိုနာသေရမယ်ဆိုတာရှိတယ် ဒါကြောင့် ခွါလို့ရတာပါ။

နောက်လက်မကိုပြန်ထိလိုက်ပြီး လက်ညိှုးကို ခွါကြည့်ပါ။ လက်ညှိုးကတော့ ညီအကိုမောင်နှမပါ။ သူတို့တွေလည်းကိုယ့်အိမ်ထောင်နဲ့ သူဖြစ်သွားရင် သင့်ကို ခွဲသွားမှာပဲ။

နောက်လက်ညှိုးကိုထိပ်တြွေပန်ထိထားပြီး လက်သန်းလေးကို ထပ်ခွါကြည့်ပါ။ ဒါကတော့ သားသမီးတွေပါ။ သူတို့လည်း ခွဲခွါကြမှာပါ။

ဒါဖြင့် နောက်ဆုံးလက်သူကြွယ်ကို ခွါကြည့်ပါ။ ခွါလို့မရပါဘူး။ ဒါဟာ တစ်သက်တာထာဝရလက်တွဲဖော်ပါ။ ဆေးပညာအရ အကြောတွေကအရမ်းကပ်နေလို့ ဆိုပြီး သူငယ်ချင်းတွေ ပြောကြတယ်။ ဒါပေမဲ့ ဒီလို လက်ထက်လက်စွပ်ကို လက်သူကြွယ်မှာ စွပ်ရတယ်ဆိုတာကကော ဆေးပညာကသတ်မှတ်ထားတာလား။ တိုက်ဆိုင်လို့များလား။ ဘာပဲဖြစ်ဖြစ်ပါ….. အချစ်စစ်ဆိုတာ ခွဲလို့မရပါဘူး။

ရေးသားသူ--novemberpearl

cheras

No comments :

Post a Comment