How to configure mailbox forwarding in Exchange Server 2007?


Company တခုမှာ ဝန်ထမ်းတယောက်ထွက်သွားပြီး အဲဒီဝန်ထမ်းနေရာမှာ တခြားဝန်ထမ်းတယောက်ကို ခန့်ထားလိုက်ပြီဆိုပါစို့။

ထွက်သွားတဲ့ ဝန်ထမ်းရဲ့ လုပ်ငန်းတွေကို နောက်ဝင်လာတဲ့ ဝန်ထမ်းအနေနဲ့ ဆက်လက်ဆောင်ရွက်နိုင်ဖို့ သိရမယ့် အပိုင်းတွေထဲမှာ

email ဟာလဲ အရေးပါတဲ့ အစိတ်အပိုင်းတခုပါ။

Administrator တွေဟာ ဒီလိုအပ်ချက်ကို အမြဲတစေ ဖြည့်စည်းပေးနေရပါတယ်။

အခု လုပ်ပေးရမှာက ဒီလိုဆိုပါစို့....ထွက်သွားတဲ့ ဝန်ထမ်းရဲ့ useracount ကို disable လုပ်ထားမယ်။

ဒါပေမယ့် သူ့ mailbox ထဲ ဝင်လာတဲ့ email တွေကို အသစ်ခန့်ထားတဲ့ ဝန်ထမ်းရဲ့ mailbox ထဲကို forward လုပ်မယ်။

Email Server က Exchange Server 2007 ကို သုံးထားပါတယ်။

အောက်က အတိုင်းလေးဆက်လုပ်လိုက်ကြတာပေါ့။

Disable လုပ်ထားတဲ့ user account ရဲ့ properties ကို သွားပါ။
Mail Flow Settings ဆိုတဲ့ Tab ကို နှိပ်ပါ။
Delivery Options ရဲ့ အောက်မှာ Forwarding address ဆိုတာတွေ့ပါမယ်။
Forward to: ဆိုတဲ့ Check Box လေးကို on ပြီး အသစ်ခန့်ထားတဲ့ ဝန်ထမ်းရဲ့ account ရှိတဲ့ဆီ ကို Browse လုပ်ပေးလိုက်ရုံပါပဲ။




တကယ်လို့ သင်က Command တွေသုံးရတာ နှစ်သက်တယ်ဆိုရင် Exchange Management Shell ကို ဖွင့်ပြီး အောက်က အတိုင်းလေး လုပ်လိုက်ရုံပေါ့။

[PS] C:\>set-mailbox Account that you disabled -ForwardingAddress Account that you wanna mailbox forward

[PS] C:\>get-mailbox Disable Mailbox Account Address | fl name,*forward*

Name                       : Disabled Account Name
DeliverToMailboxAndForward : False
ForwardingAddress          : YourDomain/....../Users/Account Name that you wanna mailbox forward

အနီရောင် နဲ့ ရေးထားတဲ့ နေရာလေးတွေမှာတော့ သင့် ထည့်သွင်းပေးရမယ့် အချက်အလက်တွေ အစားထိုးထည့်ပါ။

ဒါဆိုရင် Disable လုပ်ထားတဲ့ email account ဆီကို email အသစ်ဝင်လာတိုင်း ဝန်ထမ်းအသစ်ရဲ့ email Mailbox ထဲကို Forward လုပ်ပေးပါပြီ။

ဝန်ထမ်းအသစ်အနေနဲ့လဲ ဒီဝင်လာတဲ့ email ဟာ Disable လုပ်ထားတဲ့ email account ဆီက ဆိုတာအလွယ်တကူ သိနိုင်ပါတယ်။


သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာတခုအတွင်း Mailbox forward လုပ်ခြင်းကို ရပ်လို့ ရပြီး ရပ်ပါလို့ တောင်းဆိုလာပြီဆိုရင် ပုံမှာ ပြထားသလို Forward to: ဆိုတဲ့ Check box လေးကို uncheck လုပ်လိုက်ရင် ရပါပြီ။


Command line ကနေ ဆိုရင်တော့ [PS] C:\>set-mailbox Account that you disabled -ForwardingAddress $null ပေါ့။

ဒါဆို သင့်အနေနဲ့ မေးခွန်းမေးလာစရာရှိပါတယ်။

Disable လုပ်ထားတဲ့ account ကို Mailbox Forwarding လုပ်လို့ရလားပေါ့။

ဒါဆို ဖြေရပါလိမ့်မယ် ရပါတယ်လို့။


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment