How to run Windows on a MacBook?

မနေ့က Customer Site တခုမှာ Customer က Request လုပ်လာပါတယ်။ သူ့ MacBook မှာ Windows သုံးချင်လို့ရလားလို့မေးလာပါတယ်။
ထုံးစံ အတိုင်း ရတယ်ဆိုပြီး လုပ်ပေးတာပေါ့။

လိုတာကတော့ Boot Camp ဆိုတဲ့ Application ပါ။ OS X နဲ့ အတူတူ ပါလာပါတယ်။
ဒီတော့ Mac ပေါ်မှာ Windows ကို Boot Camp သုံးပြီး တင်မယ်ဆိုရင် အောက်က အဆင့်လေးတွေအတိုင်း လိုက်သာလုပ်ပါ။

(၁) OS X ကို Updates အရင်လုပ်ပါ။

- Mac မှာ Administrator အနေနဲ့ Log in ဝင်ပါ။ Run နေတဲ့ Application တွေ အားလုံးကို ပိတ်လိုက်ပါ။ တခြား user တွေ log in ဝင်ထားရင် log out လုပ်ပါ။
- Apple Menu ကနေ Software Update ကို ရွေးပါ။
- Update လုပ်ရင်း Restart လုပ်ရရင် log in ပြန်ဝင်ပြီး Software Update ထပ်လုပ်ပါ။ အားလုံး update ဖြစ်တဲ့ အထိ လုပ်ပါ။
- www.apple.com/support/bootcamp ကို သွားပြီး Boot Camp ရဲ့ update ကို စစ်ပါ။ လိုအပ်ရင် Download လုပ်ပါ။
(၂) Prepare your Mac for Windows

Boot Camp Assistant က Windows ကို သင့် Mac ပေါ်မှာ Partition အသစ်နဲ့ တင်ဖို့ ကူညီပါလိမ့်မယ်။
Boot Camp Assistant ကို Start မလုပ်ခင်မှာ သင့်မှာ CD/DVD အလွတ်...သို့မဟုတ် FAT format နဲ့ Format လုပ်ထားတဲ့ External Drive တခုခုရှိထားဖို့လိုပါတယ်။
 Windows က Support လုပ်တဲ့ Software တွေကို Boot Camp Assistant က Download လုပ်ပြီး Save လုပ်ထားဖို့ပါ။

(၃) Windows Install လုပ်ပါပြီ

အားလုံးပြီးပြီဆိုရင်
- Apple Menu>Applications>Utilities ကိုသွားပြီး Boot Camp Assistant ကို Run ပါ။

- Download the Windows support software for this Mac ကိုရွေးပြီး Continue လုပ်ပါ။

- သင့်မှာ အဆင်သင့်ရှိတဲ့ Storage ကို ရွေးပေးပြီး Continue လုပ်ပါ။


- Partition ကို သင့်စိတ်ကြိုက် Size ခွဲပေးပြီး Partition လုပ်ပါ။


- ပြီးပြီဆိုရင် Windows CD/DVD ထည့်ပါ။ Start Installation လုပ်ပါ။


- Windows ကို ဘယ်မှာ install လုပ်မှာလဲ လို့မေးတဲ့အထိ Screen မှာ ပေါ်လာတဲ့ အတိုင်းသာ Follow လုပ်သွားပါ။
- Windows ကို install လုပ်မယ့်နေရာကို မေးလာတဲ့ အဆင့်ရောက်ပြီဆိုရင် "Disk 0 Partition 3 BOOTCAMP" ဆိုတာကို Select လုပ်ပေးပါ။
- "Drive options (advanced)" ကို Click လုပ်ပါ။
- Format ကို Click ပြီး OK လုပ်ပါ။
- Windows ရှိမယ့် Partition ကို NTFS File System ရရန် Format လုပ်ဖို့ Next ကို Click လုပ်ပါ။
- Screen မှာ ပေါ်လာတဲ့ အတိုင်းပဲ ပြီးတဲ့အထိ Follow လုပ်သွားပါ။

(၄) Windows Support Software များ install လုပ်ပါမယ်။
Windows install လုပ်တာ ပြီးပြီဆိုရင် Mac မှာ သုံးထားတဲ့ Hardware တွေဖြစ်တဲ့ AirPort, Built-in Camera, Apple Remote, Trackpad, Function Keys of Apple Keyboard စတာမျိုးတွေနဲ့ Boot Camp Drivers တွေ ကို windows support software က install လုပ်ဖို့ လိုပါတယ်။
နောက်ပြီး Windows အတွက် Boot Camp control panel ကိုလည်း install လုပ်ဖို့လိုပါသေးတယ်။
ဒီ support software တွေကို အဆင့် (၂) မှာ တုန်းက download လုပ်ထားတဲ့ CD/DVD or External Drive ထဲကနေ install လုပ်ပါမယ်။
တကယ်လို့ သင့်အနေနဲ့ download လုပ်မထားခဲ့တာပဲ ဖြစ်ဖြစ်၊ တခြားအကြောင်းကြောင့် download လုပ်ထားတာ မရှိတော့ရင်ပဲ ဖြစ်ဖြစ်။ Boot Camp Assistant ကို ပြန်ဖွင့်ပြီး Download ပြန်လုပ်ဖို့လိုပါမယ်။

ပြီးရင်တော့ CD/DVD or External Drive ကို MacBook မှာ connect လုပ်ပေါ့။ Installer က AutoRun မလာရင် Windows Explorer သုံးပြီး Boot Camp Directory ထဲက setup.exe တွေကို လိုက်တာ Run ပေတော့ဗျာ။
Installer တွေကို Run တာကတော့ Onscreen instruction တွေကို Follow လုပ်သွားပေါ့။ တခုသတိထားရမှာကတော့ installer dialogs တွေ ပေါ်လာတိုင်းမှာ Cancel မလုပ်ဖို့ပါပဲ။
Restart လုပ်ဖို့ လိုတဲ့ installer တွေကို restart လုပ်ပေးပါ။ ပြီးရင် နောက်ထပ် installer တွေကိုလဲ အထက်ပါအတိုင်း install လုပ်ပေးပါ။

အားလုံး Install လုပ်ပြီးပြီဆိုရင်တော့ ထုံးစံအတိုင်း www.apple.com/support/bootcamp ကိုသွားပြီး update လေးတွေရှိမရှိကြည့်ပါ။ ရှိရင် update လုပ်ပေါ့ဗျာ။

ကဲ... Windows installation အောင်မြင်စွာ ပြီးဆုံးပါပြီ။

MacBook များနဲ့ မရင်းနှီးသော သူငယ်ချင်းများ အားလုံး ပျော်ရွှင်ကြပါစေ။

ပျော်ရွှင်ပါစေဗျာ။
(Be Knowledgeable, pass it on then)



No comments :

Post a Comment