Email control by google apps unable to send out in Outlook 2010

ဒီနေ့ ကြုံရတဲ့ အတွေ့အကြံုလေး ဝေမျှချင်ပါတယ်။
Customer တယောက်ရဲ့ email က receive ရတယ် send မရဘူးဖြစ်နေတာပါ။

Company Domain ကို SingTel ရဲ့ Onenote Office Service ယူပြီး သုံးတာပါ။
Google apps ကို သုံးတယ်ပေါ့ဗျာ။

ဒါနဲ့ Outlook ကို ဖွင့်စစ်တယ်ပေါ့... Gmail က Provide လုပ်ထားတဲ့ incoming/outgoing server and port တွေ အကုန်မှန်ပါတယ်။
ဒါပေမယ့် email မထွက်ဘူး...

ဘာကြောင့်လဲပေါ့... error message ကို စစ်တော့ Network Security Device က Block ထားတာ ဒါမှမဟုတ် ISP က Block ထားတာတဲ့။

ဒါနဲ့ ပထမဆုံး သေချာအောင် Web Mail ရမရ စစ်တယ်။ ရတယ်။
POP or IMAP setting တွေကို Gmail ဖက်မှာ Enable လုပ်ထားလား စစ်တယ်။ လုပ်ထားတယ်။

SMTP connection မှာ SSL ကို enable လုပ်ထားလား စစ်တယ်။ လုပ်ထားတယ်။

Username , password မှန်လားစစ်တယ်။ မှန်တယ်။

ရှိသမျှ Configuration , setting တွေ မှန်မမှန်စစ်ပါတယ်။ အားလုံး ကွက်တိ မှန်တယ်။ ဒါပေမယ့် email send မရသေးပါဘူး။

Firewall ကို စစ်ပါတယ်။ SMTP Port တွေကို Block လုပ်မထားပါဘူး။

ဒါနဲ့ Telnet ကိုဖွင့် ပြီး smtp.gmail.com 587 ရိုက်ပြီး Enter ခေါက်ကြည့်ပါတယ်။

"220 mx.google.com ESMTP q3sm12794179oef.0" ဆိုတာလေး ပေါ်လာပါတယ်။ သေချာပြီ SMTP port 587 နဲ့ အလုပ်မလုပ်ပါဘူး။

တကယ်က အလုပ်လုပ်တယ်ဆိုရင် ဘာစာသားမှ ပေါ်မလာပဲ နေရမှာပါ။

ဒါနဲ့ ISP ကို ဖုန်းဆက်တော့မှပဲ... SMTP ကို 465 ပေးခိုင်းပါတယ်။

587 ကနေ 465 ကို ပြောင်းပြီး send လုပ်ကြည့်ပါတယ်။ မရသေးပါဘူး။

နောက်ဆုံး နည်းလမ်းကို သုံးရတော့မယ်ဆိုတာ သိလိုက်ပါပြီ။

ပြဿနာတက်နေတဲ့ Profile ကို Remove လုပ်ပြီး Profile အသစ်ဆောက်ပေးလိုက်တော့မှ အားလုံး အဆင်ပြေသွားပါတယ်။

တကယ်က Profile ကြောင်သွားတာပါ။ Port 465 / 587 တွေကြောင့် မဟုတ်ပါဘူး။ 465 က SSL ကိုသုံးမယ်ဆိုရင်ရွေးပေးရပြီး 587 က TLS ကို သုံးမယ်ဆိုရင် ရွေးပေးရတာပါ။

ကဲ...ကြံုလာတဲ့အခါ ဒီနည်းလေးက အသုံးတည့်မှာပါ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment