How to solve Shh/Updater-B False positives error in Sophos Endpoint Secutiry and Control?



 

အပေါ်မှာ ပြထားတဲ့ error မျိုး သင့် ရဲ့ Sophos မှာ ဖြစ်နေတယ်ဆိုရင် ဒါမှမဟုတ် သင့် Sophos Anti-Virus က Virus Detect ဆိုပြီး Shh/Updater-B ဆိုတဲ့ နာမည်နဲ့ Alert တွေတရစပ်ပြနေရင် အောက်ပါ အဆင့်များအတိုင်းဖြေရှင်းပါ။

တကယ်က Virus မဟုတ်ပါဘူး။ Sophos ရဲ့ Auto Update လုပ်တဲ့ File ကို မှားပြီး Virus အဖြစ်သတ်မှတ်တာပါ။

- Sophos Endpoint Security and Control ကို Launch လုပ်ပြီး Live Protecion ကို On ထားပါ။ ပုံမှာ ပြထားပါတယ်။



Error ဖြစ်နေတဲ့ စက်တွေရဲက အောက်ပါ Location များတွင် javab-jd.ide ဖိုင် ရှိမရှိ စစ်ပါ။ ရှိနေတယ်ဆိုရင် latest update ဖြစ်နေပါတယ်။ မရှိနေရင် update လုပ်ပါ။

32-bit: C:\Program Files\Sophos\Sophos Anti-virus\
64-bit: C:\Program Files (x86)\Sophos\Sophos Anti-virus\

- Sophos Anti-Virus Policy ရဲ့ On Access Scanning မှာ Windows Exclusions ကို အောက်ပါအတိုင်း ထည့်ပေးပါ။




C:\Documents and Settings\All Users\Application Data\Sophos\
C:\Program Files\Sophos\
C:\Program Files (x86)\Sophos\
C:\ProgramData\Sophos\
C:\Windows\temp\sophos_autoupdate1.dir\
C:\Progra~1\Sophos\
C:\Progra~2\Sophos\
C:\Docume~1\AllUse~1\Applic~1\Sophos\

"Exclude remote files" ဆိုတာလေးကို check လုပ်ပေးပါ။

ပြီးရင် Sophos Control Center or Console ကိုသွားပြီး Update Now လုပ်ပါ။

Update လုပ်လို့ Error မတက်ခဲ့ဘူးဆိုရင် သင့် Sophos ပြဿနာ ပြေလည်ပါပြီ။

မပြေလည်သေးပဲ 'Unexpected error' ဆိုပြီး error ပေါ်လာမယ်ဆိုရင် အောက်ပါ Link ကိုသွားပြီး Zip file ကို download လုပ်ပါ။

http://downloads.sophos.com/tools/SUMUpdateIDEFix.zip

ရလာတဲ့ File ကို C: အောက်မှာ unzip လုပ်ပါ။ Run As Administrator နဲ့ Run ပါ။

ပြီးလျှင် Sophos ကို Update ပြန်လုပ်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

ယခင် Anti-Virus မှ Qurantine လုပ်ထားတဲ့ Alert တွေကို ရှင်းဖို့ အောက်ပါ Link ကိုသွားပါ။

http://sophserv.sophos.com/repo_kb/118328/file/fpack.txt

Text များကို Copy လုပ်ပြီး Notepad ထဲသို့ Paste ပါ။ .bat file format ဖြင့် save လုပ်ပါ။ Run As Administrator ဖြင့် Run ပါ။

Alert များရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။

ကဲ... သင့်ရဲ့ Sophos Error အားလုံး အဆင်ပြေပါပြီ။

ဒီဖြေရှင်းနည်းက Sophos Endpoint Secutiry and Control အတွက်ပါ။

တခြား Sophos Products တွေ နဲ့ ဒီနည်းကိုပဲ အသေးစိတ်သိချင်ရင် အောက်ပါ လင့်များမှာသွားဖတ်နိုင်ပါတယ်။


http://www.sophos.com/en-us/support/knowledgebase/118311.aspx
http://www.sophos.com/en-us/support/knowledgebase/118327.aspx
http://www.sophos.com/en-us/support/knowledgebase/118328.aspx
http://www.sophos.com/en-us/support/knowledgebase/118329.aspx
http://www.sophos.com/en-us/support/knowledgebase/118332.aspx


ပျော်ရွှင်ပါစေဗျာ။
(Be knowlegeable, pass it on then)

No comments :

Post a Comment