Resolving vCenter unable to synchronize with hosts and all VMs become orphaned error

မနေ့က ကျတော့် vCenter မှာ အောက်က ပြထားတဲ့ ပုံထဲကလို error ပေါ်လာပါတယ်။
VM တွေအားလုံးကတော့ အလုပ်ပုံမှန်လုပ်နေပါတယ်။ Host တခုချင်းစီ ဝင်ကြည့်ရင်လဲ အားလုံး ပုံမှန်ပါပဲ။



vCenter ကနေ ဝင်ကြည့်ရင်သာ အခုလို မျိုး error တက်နေတာပါ။
vSphere Client , Browser ၂ မျိုးလုံးမှာ အပေါ်က error တက်နေတာပါ။

vCenter Server ကနေ host တခုချင်းစီကို PING ကြည့်ပါတယ်။
IP နဲ့ ဆိုရင် Reply ရပြီး Name နဲ့ဆိုရင် Reply မရပါဘူး။

သေချာပါပြီ vCenter က host name ကို resolve မလုပ်နိုင်တာပါ။

vCenter ရဲ့ DNS Cache ကို flush လုပ်ပြီး Restart ချလိုက်ပါတယ်။

ပြန်ဝင်ကြည့်တဲ့အခါ ပုံမှန်အတိုင်း host အားလုံးကို synchronize လုပ်လို့ရသွားပြီး VM တွေလဲ ပုံမှန်အခြေအနေ ပြန်ဖြစ်သွားတာကို တွေ့ရပါတယ်။

အခုလို error မျိုးဖြစ်ဖို့ ဖြစ်နိုင်ချေ အများကြီး ရှိပါတယ်။ အဲဒီထဲက ကျတော့်လို အခြေအနေ ကြုံရင် ချက်ချင်းရှင်းနိုင်ဖို့ ဝေမျှပေးလိုက်တာပါ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment