Fixing IP address already assigned to another adapter error in VMware

VM virtual network adapter ကို upgrade လုပ်လိုက်လို့ဖြစ်စေ သို့မဟုတ် VM migrate လုပ်တဲ့အခါ Version အဟောင်းကနေ အသစ်ကို ပြောင်းတဲ့အချိန်ဖြစ်စေ
Network adapter တွေကို ကြိမ်ဖန်များစွာ Add, Remove လုပ်လို့ဖြစ်စေ
Phisical Machine ကနေ Virutal Machine ကို ပြောင်းတဲ့အခါဖြစ်စေ

အောက်က Error မျိုး ကြုံတွေ့ရနိုင် ကြံုတွေ့ရတတ်ပါတယ်။



တကယ်တော့ ဒီ Error မျိုးက ghosted network adapter လို့ခေါ်တဲ့ device manager မှာ hidden ဖြစ်နေတဲ့ network adapter ကြောင့်ဖြစ်နေတာပါ။

Device Manager ကနေ Show hidden device လုပ်ရုံနဲ့ ပြဿနာ ပြေလည်လေ့မရှိတတ်ပါဘူး။

ဒီတော့ ဒီပြဿနာ ကို ဖြေရှင်းနည်းလေး ဝေမျှလိုက်ပါတယ်။

Command Prompt ကနေ ပြီး အောက်က command ရိုက်ထည့်ပါ။

set devmgr_show_nonpresent_devices=1



တကယ်လို့ သင့် Server က Windows 2000 / 2003 ဆိုရင်တော့ Environment Variables ကို ပြင်ပေးမှ ghosted network adapter ကို device manager မှာ မြင်ရမှာပါ။

လုပ်နည်းကတော့တော့...

My computer> Properties>Advanced Tab>Environment Variables>System variables>New ကနေပြီး

set devmgr_show_nonpresent_devices ကို Variable name ထားပြီး Value နေရာမှာ 1 ထားပါ။ ပြီးရင် OK ပေါ့။



ဒီအဆင့်ပြီးရင်တော့ Device Manager ဖွင့်ပြီး View>Show Hidden Devices ကို နှိပ်လိုက်ပါ။

Network Adapters Tree မှာ Ghosted Network Adapter ပေါ်လာတာတွေ့ပါလိမ့်မယ်။ Uninstall လုပ်ပေးလိုက်ပါ။

ပြီးရင်တော့ ကိုယ်ပြင်ချင်တာလေးတွေကို ကိုယ့် VM ရဲ့ Network Adapter မှာ Error ကင်းကင်းနဲ့ ပြင်လို့ရပြီပေါ့ဗျာ။




ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment