Resolving Cisco VPN Client 412 Error

တခါတလေ အောက်ကလို Error မျိုး သင့် VPN User တွေဖက်မှာ ဖြစ်တတ်ပါတယ်။

Reason 412:The remote peer is no longer responding.



အင်တာနက် ပေါ်မှာ အဖြေလိုက်ရှာရင် ဖြေရှင်းပုံ နည်းအမျိုးမျိုး တွေ့နိုင်ပါတယ်။

အပေါ်က Error မျိုးဟာ Client ဖက်က ဖြစ်တဲ့ Error မဟုတ်ပါဘူး။ တကယ်က သင့် Network (Firewall , IPS, Server) က ဖြစ်နေတာပါ။

Client က DHCP, Default Gateway, DNS စတဲ့ Setting တွေမရလို့ပါ။

ကျတော့် Network မှာတော့ IPS ရှိတဲ့အတွက် DHCP နဲ့ ပတ်သက်တဲ့ Filter ကို စစ်ကြည့်တဲ့အခါ DHCP Configuration ဆိုတဲ့ Filter က Remote Request တွေအားလုံးကို Block လုပ်ထားတာကို တွေ့ရပါတယ်။

Permit လုပ်ပေးလိုက်တော့မှပဲ VPN Client တွေ Connect လုပ်လို့ရသွားတာကို တွေ့ရပါတယ်။

သင့် Network မှာလဲ အလားတူ Filter တွေများရှိခဲ့လို့ အပေါ်က Error မျိုးကြုံပြီဆိုရင် အဲဒီ Filter တွေကို သာ အရင်ကြည့်ဖို့ တိုက်တွန်းပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment