Resolving Synology NAS unable to display Child Domain issue

Synology NAS တွေသုံးတဲ့ Admin တွေ အနေနဲ့ Firmware update လုပ်ပြီးတဲ့အခါ ဖြစ်လေ့ရှိတတ်တဲ့ ပြဿနာက Join ထားတဲ့ Domain ပျောက်သွားတတ်တာပါ။

ကျတော့် Synology တွေကတော့ Child Domain တွေ ပျောက်ပျောက်သွားတာပါ။

ကြုံနေတဲ့သူတွေအတွက် အချိန်တိုတိုနဲ့ ဖြေရှင်းနည်းလေး ဝေမျှချင်ပါတယ်။

GUI Control Panel>Directory Services ကနေ Parent or Child Domain ကို မမြင်ရတော့ဘူးဆိုရင်...

Terminal ကနေ root account နဲ့ ဝင်ပြီး "net ads info -S " Command  ရိုက်ပြီး Enter နှိပ်ပါ။

Failed to get server's current time! ဆိုပြီး အောက်ပါ ပုံထဲကလို ပေါ်လာမယ်ဆိုရင် "synowin -updateDomain" ဆိုတဲ့ command ကို ရိုက်ပြီး Enter နှိပ်ပါ။




ပြီးရင် domain ပြန် join ပါ။

Domain ပြန် မ join ချင်သေးပဲ စမ်းချင်ရင် "net ads auth -P -S " command ရိုက်ပြီး Enter နှိပ်ပါ။
Logon Server error မတက်ဘူးဆိုရင် အောက်ပါ Command များဆက်ရိုက်ပါ။ တကြောင်းပြီးတိုင်း Enter နှိပ်ပါ။

Domain ပြန် Join ပြီးမှ စမ်းမယ်ဆိုလဲ  "net ads auth -P -S " command ကိုပဲ ရိုက်ပြီး Enter နှိပ်ပါ။



"net lookup dc " DC ရဲ့ DNS အလုပ်ကောင်းကောင်းလုပ်မလုပ် စစ်တာပါ။
"net ads info -S " Time Sync အလုပ်ကောင်းကောင်းလုပ်မလုပ် စစ်တာပါ။




စစ်ဆေးမှုတွေမှာ ဘာ Error မှ မတွေ့တော့ဘူးဆိုရင် GUI Control Panel ကနေ Directory Services ကိုဖွင့်ပြီး Domain ကို စစ်ကြည့်ပါ။ ပျောက်နေတဲ့ Domain တွေ ပြန်ပေါ်လာတာကို တွေ့ရပါမယ်။

နေရာမှာ ကိုယ်ရှာချင်တဲ့၊ ပျောက်နေတဲ့ Domain Name ကိုထည့်ပေါ့ဗျာ။

Command တွေအားလုံး Case Sensitive ဖြစ်တယ်ဆိုတာလေး သတိထားပါ။

ကျတော် စမ်းထားတဲ့ Synology NAS Model ကတော့ RS2212RP+ ဖြစ်ပြီး Firmware Version ကတော့ DSM 5.1-5022 Update 2 ဖြစ်ပါတယ်ဗျာ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment