Why do we need network virtualization?

Network Virtualization လို့ပြောလိုက်တာနဲ့ Server Virtualization ကို အရင်ပြေးမြင်ဖို့လိုပါတယ်။

Cloud Computing ခေတ်မှာ Server တွေကို Virtualize လုပ်ပြီး အသုံးပြုလာကြပါပြီ။

Server Virtualization လုပ်ပြီဆိုတာနဲ့ အောက်က ပြဿနာလေးတွေ ကြုံရပါပြီ။

၁) Routing and Switching Problem

Virtual Switch တခုဖန်တီးပြီး VLAN တွေ ထပ်တိုးဖို့လိုလာပြီဆိုတာနဲ့ ပြေးမြင်ရမှာက Routing ပိုင်းပါ။
အချိန်နဲ့ တပြေးညီ Routing ကို update လုပ်ဖို့ဆိုတာ သိပ်လွယ်လှတဲ့အလုပ်မဟုတ်ပါဘူး။



၂) Firewall Services

လုပ်ငန်း လိုအပ်ချက်အရ Application အသစ်တွေ၊ Project အသစ်တွေ၊ Network အသစ်တွေထပ်တိုးဖို့လိုအပ်လာလို့ ထပ်တိုးပြီဆိုပါစို့။
၄င်းအသစ်အသစ်တွေအတွက် Security ပိုင်းလိုအပ်ချက်တွေ ပေါ်လာတတ်မြဲပါ။ ဒီအတွက် Firewall ရဲ့ Rule တွေကို အချိန်နဲ့ တပြေးညီ အသစ်တိုင်းအတွက် update လုပ်ဖို့ဆိုတာလဲ ခက်ခဲတဲ့ ကိစ္စတခုပါပဲ။



၃) Load Balancing

Server အသစ်တွေ Service အသစ်တွေအတွက် လိုအပ်တဲ့ Load Balancing ဆိုတာကလဲ Physical Load Balancer တွေအတွက် ခေါင်းခဲစေတဲ့ ကိစ္စပါပဲ။

၄) VPN Services

Physical VPN hardware service ကို သုံးထားတဲ့ Company အတွက် အသစ်အသစ်တွေအတွက် scale လုပ်ဖို့ ခက်ခဲစေပါတယ်။



Server Virtualize မပါတဲ့ Physical Network အတွက် ပေါ်က အချက်တွေ က ခေါင်းသိပ်မကိုက်စေပါဘူး။
ဒါပေမယ့် Server Virtualization သုံးလာပြီဆိုရင်တော့ Virtualization Team က ပြောင်းလဲမှုတခုလုပ်လိုက်တိုင်းမှာ Network Team က အချိန်နဲ့ တပြေးညီ update လုပ်ဖို့ မလွယ်ကူပါဘူး။
Data Center လို Network အတွက် ပိုလို့တောင်ခက်ခဲစေပါတယ်။

ဒီအတွက်ပဲ Network Virtualization ဆိုတဲ့ Solution ကို လိုအပ်လာတာပဲ ဖြစ်ပါတယ်။
ကဲ ဒီလောက်ဆိုရင် Routing and Switching, Firewall, Load Balancer နဲ့ VPN Services တွေကို အချိန်တိုအတွင်းနဲ့ Centralized Manage လုပ်နိုင်ဖို့ဆိုတာ Network Virtualization မှပဲ ဖြစ်နိုင်တော့တယ်ဆိုတာကို နားလည်လောက်ပြီထင်ပါတယ်။

တကယ်တော့ ဒီအကြောင်းကို ပြောမယ်ဆိုရင် ဒီထက်မက အသေးစိတ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ပြောဖို့လိုပါတယ်။
ကျတော်ကတော့ Overview လေးပဲ ပြောတာပါ။

လိုအပ်တာများရှိခဲ့ရင် သည်းခံပါလို့ ပြောချင်ပါတယ်။

Reference: VMware Network Virtualization Fundamentals.

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment