SonicWall Firewall ကိုသုံးထားတဲ့ network မှာ Video Telepresence သုံးထားတဲ့အခါ ၁၅ မိနစ်တိုင်း Connection Drop ဖြစ်ဖြစ်သွားတာကို ကြုံဖူးကြမယ်ထင်ပါတယ်။
Topology ကိုတော့ ပုံမှာပြထားပါတယ်။
ဒီပြဿနာမျိုးကြံုပြီဆိုရင် WAN ကနေ Telepresence Device ကို ဝင်တဲ့ Access Rule ကိုစစ်ပါ။
Rule ကို Configure/Edit လုပ်မယ်ရွေးပြီး Advanced Tab ကို သွားပါ။
TCP Connection Inactivity Timeout (minutes): ရဲ့ ဘေးမှာ 15 ဆိုတာကို မိမိ အဆင်ပြေမည့် အချိန် ပြောင်းထည့်ပါ။
OK နှိပ်ပါ။
နှစ်ဖက်စလုံးမှာ ရှိတဲ့ Firewall Access Rule တွေရဲ့ TCP Connection Inactivity Timeout setting ကို ပြောင်းပေးရမှာဖြစ်ပါတယ်။
ဒါဆိုရင် မိမိ ပြင်လိုက်တဲ့ အချိန်ရောက်မှသာ Connection drop မှာဖြစ်ပါတယ်။
ပျော်ရွှင်ပါစေဗျာ။
(Be knoweledgeable, pass it on then)
Subscribe to:
Post Comments
(
Atom
)
Exchange 2010 Installation Guide နဲ့ Administration Guide Line လေးကို အကို အချိန်ရရင် မြန်မာလို ရှင်းပြပေးတာလေး တင်ပေးပါခင်ဗျာ။ လေ့လာသင်ယူလိုစိတ်များစွာဖြင့် ...
ReplyDeleteBro THIHA, You can read it at http://www.ictformyanmar.com/2012/10/exchange-server-2010-for-newbies-1.html
ReplyDelete