Steps to configure Site to Site VPN between SonicWalls


SonicWall Firewall ၂ ခု ကို IKEv2 Mode သုံးပြီး Site to Site IPSec VPN Tunnel ဆောက်ပုံလေး ဝေမျှချင်ပါတယ်။

Local Firewall နဲ့ Remote Firewall မှာ အောက်က အဆင့်တွေကို လုပ်ပါ။

- သက်ဆိုင်ရာ Zone အလိုက် Firewall Address Object တွေကို Create လုပ်ပြီး Assign လုပ်ပါ။
- VPN Setting ကို Enable လုပ်ပါ။ Default က Disable ဖြစ်နေပါတယ်။
- VPN Policy ကို Add ပါ။
( ဒီအချက် လေးတွေကို မှန်အောင် လုပ်ပါ။
၁။ Policy Type က Site to Site
၂။ Authentication Method က IKE using Preshared Secret
၃။ Name ကိုတော့ မိမိ အဆင်ပြေသလိုပေးနိုင်ပါတယ်။
၄။ IPSec Primary Gateway Name or Address နေရာမှာ Remote Firewall ရဲ့ WAN IP ထည့်ပါ။
၅။ Shared Secret ကို ထည့်ပါ။
၆။ IKEv2 Mode သုံးမယ်ဆိုရင် IKE ID နေရာတွေမှာ Firewall တွေရဲ့ WAN IP တွေထည့်ပါ။ Local နဲ့ Peer (Remote) IKE ID များမှန်ပါစေ။
၇။ Network Section မှာ Local နဲ့ Destination (Remote) Network Subnet များမှန်ပါစေ။
၈။ Phase 1 , Phase 2 Proposal များ Firewall ၂ ခုလုံးမှာ မှန်ပါစေ။
၉။ Keep Alive ကို Enable လုပ်ဖို့မမေ့ပါနဲ့။
၁၀။ VPN အတွက် Access Rule ရှိနေပါစေ။ Default အနေနဲ့ Auto Added ပါ။ မရှိခဲ့ရင် Manual Add ပါ။)

အပေါ်က အချက်တွေ အားလုံး Local and Remote Firewall တွေမှာ ပြည့်စုံမှန်ကန်ပြီဆိုရင် IPSec Site to Site VPN Tunnel Up and Running ဖြစ်နေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

နမူနာအနေနဲ့ Local Site Firewall ရဲ့ Configuration တွေကို ပြပေးထားပါတယ်။

အခုမှ SonicWall ကို စထိတွေ့ရမယ့်သူများအနေနဲ့ အသုံးဝင်မယ်လို့ ယုံကြည့်ပါတယ်။











ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment